ရန်ကုန်၊ဖေဖော်ဝါရီ ၆ မိသားစုလိုက် အပန်းဖြေအနားယူရန် တရုတ်နှစ်သစ်ကူးရက်ဖြစ်သော ဖေဖော် ဝါရီလ၈ ရက်မှစ၍တရုတ်နိုင်ငံသား ၄ဝဝကျော် မြန်မာနိုင်ငံသို့ ပထမဆုံး အ ကြိမ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး ညွှန်ကြားမှု ဦးစီးဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာန ညွန်ကြားမှူး ဦးမြင့်ထွေးက ပြောကြား သည်။ မော်တော်ယာဉ်အစီးရေ ၁၃ဝဖြင့် တရုတ်ခရီးသွား ၄၄၁ဦးသည် မြန်မာ-တရုတ်နယ်စပ်ဖြစ်သော မူဆယ်မြို့မှ စတင်ဝင်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ခရီးစဉ် ၁၅ခုကိုဖေဖော်ဝါရီလ ၈ရက်မှ ၁၈ရက်ထိ သွားရောက်မည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ “အရင်နှစ်တွေထဲက လာချင်နေကြတာပါ။ တခြားရက်တွေမှာ တရုတ် ခရီးသွားဧည့်သည်တွေလာခဲ့တာတွေရှိခဲ့တော့ မြန်မာနိုင် ငံရဲ့ အလှအပကို ပိုသိလာ တယ်။အခုနိုင်ငံရေးအခြေအနေက ကောင်းလာပြီဆိုတော့ ပိုလာချင် တာပါ”ဟု ၄င်းကဆိုသည်။ ခုနစ်ရက်ကြာ လာရောက်လည်ပတ်မည့် တရုတ်ခရီးသွားများသည် ပြင်ဦးလွင်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ရန်ကုန်၊ ငွေဆောင်နှင့် မူဆယ်မြို့များသို့ သွားရောက် မည်ဖြစ်သည်။ခရီးသွားလုပ်ငန်း အမျိုးအစားများတွင် တစ်ခုပါဝင်သည့် အပန်းဖြေခရီးသွားအဖြစ်မြန်မာနိုင်ငံအတွင်း သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ အတာသင်္ကြန်ပွဲတော်ရက်ရှည်အားလပ်ရက်များ၌ ကမ္ဘာလှည့် ခရီးသွားဧည့် သည်များ လာရောက်ကြပြီး နိုင်ငံတကာတွင်လည်း မိသားစုအားလပ်ရက် အပန်းဖြေခရီးသွားလာခြင်း၊ခရစ်စမတ်နှစ်သစ်ကူးရက်ရှည်ခရီးသွား လာခြင်း၊ တရုတ်နှစ်သစ်ကူး ခရီးသွားလာခြင်းများဖြင့် အပန်းဖြေခရီးသွားလာ လျက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှသိရ သည်။ “ကမ္ဘာလှည့်ခရီးသွားဧည့်သည်က ဒီနှစ်ဒီဇင်ဘာမှ တိုးလာတာပါ။အရေ အတွက်အတိအကျကိုတော့ စာရင်း မချုပ်ရသေးတဲ့အတွက် ရာခိုင်နှုန်း နဲ့ပဲ ဖော်ပြပေး လိုက် တာပါ” ဟိုတယ်နှင့်ခရီးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။ နယ်စပ်ဝင်ပေါက်များမှ ကမ္ဘာလှည့် ခရီးသွားဧည့်သည် လာရောက်မှု သည် နှစ်စဉ်၂ဝရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း၊ မြန် မာနိုင်ငံ သို့ နယ်စပ်ဝင်ပေါက်များမှကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုသည် ၂ဝ၁၅ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ၁၁၄ ကြိမ်ရှိပြီး ခရီးသွားဧည့် သည် ၈ဝရာ ခိုင်နှုန်း တိုးလာခဲ့ကြောင်း၊၂ဝ၁၄ ခုနှစ်တွင်အကြိမ် ၈ဝ ရှိ ကာ ခရီးသွား ဧည့်သည် ၁၆၉၂ဦးရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ် ငန်းဝန်ကြီး ဌာနထံမှသိရသည်။ Credit>>>The Voice Weekly
ပုသိမ်-ချောင်းသာလမ်းရှိကြိုးတံတားသုံးလက်မခန့်နိမ့်ဆင်း
ပုသိမ်-ချောင်းသာလမ်းရှိကြိုးတံတားသုံးလက်မခန့်နိမ့်ဆင်း၊ကုန်တင်ယာဉ် များဖြတ်သန်းခွင့်ယာယီရပ်ဆိုင်း ======================================================== ပုသိမ်- ချောင်းသာလမ်းပေါ်တွင်ရှိသော ၁၅ နှစ်ခန့်သက်တမ်းရှိ ကြိုးတံတားမှာ သုံးလက်မခန့် နိမ့်ဆင်းသွားသောကြောင့် ယနေ့(ဖေဖော်ဝါရီ ၇ ရက်) မွန်းတည့် ၁၂ နာရီမှစ၍ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းခွင့် ယာယီရပ်ဆိုင်းလိုက်ပြီး ခရီး သည် တင်ယာဉ်ကြီးများကိုလည်း ယာဉ်ချည်း သာဖြတ်သန်းစေကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ အနေဖြင့် လမ်းလျှောက် ကာဖြတ်သန်းစေကြောင်း၊ မော်တော်ဆိုင်ကယ်နှင့်အိမ်စီးကားငယ်များကို မူ ဖြတ်သန်းခွင့်ပေးထားကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။ Credit>>>The Voice Weekly
မြောက်ကိုရီးယား ဒုံးယာဉ်ပစ်လွှတ်မှု နိုင်ငံတကာ တုန့်ပြန်
မြောက်ကိုရီးယားက တာဝေးပစ်ဒုံးယာဉ် တစင်း လွှတ်တင်လိုက်တယ်ဆိုတဲ့ ကြေညာချက်ကြောင့် ကမ္ဘာတလွှား စိတ်ဆိုး ဒေါသထွက်စေပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ကြပါတယ်။ ပဲ့ထိန်းတပ် ဒုံးကျည် နည်းပညာ အသုံးပြုမှုနဲ့ ဆက်စပ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်းစီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား အစိုးရကပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry က ကြေညာချက်ထုတ် ရှုတ်ချ ပြောဆိုပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Susan Rice ကလည်း အလားတူ ရှုတ်ချ ပြောဆိုပြီး မြောက်ကိုရီးယားတို့ရဲ့ လက်နက် အစီအစဉ်တွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့အရင်းနှီးဆုံး မဟာမိတ်နိုင်ငံ တချို့ရဲ့ လုံခြုံရေးကို စိုးရိမ်စရာ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောဆိုပါတယ်။ တောင်ကိုရီးယား သမ္မတ Park Geun – hye ကတော့ ဒုံးယာဉ် ပစ်လွှတ်မှုဟာ သည်းခံနိုင်စရာ မရှိတဲ့ ရန်စမှုလို့ သုံးနှုန်း ပြောဆိုပါတယ်။ ဂျပန် ပြည်သူတွေ အပြည့်အ၀ လုံခြုံရေး နဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် အရေးယူဆောင်ရွက်မယ်လို့ ဂျပန် ၀န်ကြီးချုပ် Shinzo Abe က ကတိပြုပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးယာဉ် ပစ်လွှတ်မှုက ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာလို့ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး Philip Hammod က ပြောဆိုပါတယ်။ ပြင်သစ်နိုင်ငံကတော့ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးယာဉ် လွှတ်တင်မှုဟာ အဓိပ္ပါယ်မဲ့ ရန်စမှု ဖြစ်ပြီး ကုလ လုံခြုံရေး ကောင်စီမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တုံ့ပြန်ကြဖို့ ပြော ဆိုပါတယ်။ မြောက်ကိုရီးယား ဒုံးယာဉ် လွှတ်တင်မှုနဲ့ ပတ်သက်ပြီး အမေရိကန် ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ တောင်းဆိုမှုနဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစည်းအဝေးခေါ်ဖို့လည်း ရှိနေပါတယ်။ ကုလ အတွင်းရေးမှူးချုပ် Ban Ki – moon ကတော့ မြောက်ကိုရီးယားရဲ့ ဆောင်ရွက်ချက်က လုံးဝ မနှစ်သက်စရာ ဖြစ်ပြီး ကုလ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဌာနကလည်း မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်း အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဆန့်ကျင်တဲ့ မူဝါဒဟာ နိုင်ငံရဲ့ အကျိုးစီးပွား ဖြစ် မဖြစ် ဆိုတာကို သုံးသပ်ကြဖို့ အရေးတကြီး အကြံပြုပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ တရုတ်တို့ကတော့ မြောက်ကိုရီးယာ တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဆန့်ကျင် အလေးမထားတဲ့ အပေါ်မှာ စိတ်ပျက်ရကြောင်း ဒီကနေ့မှာဘဲ ပြောဆိုသွားပါတယ်။
ကြောက်စရာပြသာဒါး (သို့) Friday 13
Friday 13 ဟာ ဆိုရင် အနောက်နိုင်ငံတွေက
လူတွေသိပ်ကြောက်တဲ့
ရက် ဖြစ်ပါတယ်
နောက်ခံသမိုင်းတိတိပပမရှိသော်လည်း
၁၄ ရာစုက စလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ
အခုဆိုရင် အာရှမှာပါ
ပျံနှံ့စွဲမြဲလို့လာခဲ့ပါပြီ
၁၃ ဂဏန်းသီးသန့် ကြောက်ကြသူများရှိပြီး
၎င်းကို ၁၃ ကြောက်ရောဂါ
Triskaidekaphobia လို့ ခေါ်ပါတယ်
သောကြာနေ့နဲ့ပါတွဲကြောက်နေပြီ ဆိုရင်တော့
Friggatriskaidekaphobia လို့ ခေါ်ပါတယ်
ဘာလို့ကြောက်ကြသလဲ
ဘာလို့ရှောင်ကြသလဲ
?????
သမိုင်းကြောင်းတွေရှိပါတယ်
၁။ ။ခရစ်ယာန်သမိုင်းမှာ ယေရှုကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာထိုင်ပါတယ်
၁။ ။ဂရိဒဏ္ဏာရီမှာ ဇူးစ် အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သားအငယ်ဆုံး ပေါ်လာပြီး
သူ့အဖေအပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarok လို့ခေါ်တဲ့ ကပ်ဆိုးတွေကျစေပြီး သတ်ပစ်ခဲ့ပါတယ်
Gamer တွေဆိုသိမှာပါ နာမည်ကျော် God of War Game ထဲက ဇာတ်ကောင် Krato ဟာ ယင်းကို အခြေခံထားတာဖြစ်ပါတယ်
၃။ ။နောက် ခရစ်ယာန်သမိုင်းမှာပဲ ယေရှုအသတ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့နေပြန်ပါတယ်
၎။ ။ရိုးရာအရသတ်မှတ်ထားတာ တစ်ခုက သေဒဏ်ပေးတဲ့ ကြိုးစင်တွေမှာ လှေကားထစ် ၁၃ ထစ် ထားရပါတယ်
၅။ ။ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာ ရဲ့ အပိုလို ၁၃ လွန်းပျံယာဉ်ဟာလဲ အောက်ဆီဂျင်ကန်ပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်
၆။ ။၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့ တပ်ဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်
ရည်ရွယ်ချက်ကောင်းပေမယ့် အင်အားကြီးလာတာကြောင့်
ပြင်သစ်ဘုရင် Philip IV ဟာ
၁၃၀၇ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ
အဲ့သည့်တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်
၇။ ။လူနာမည်က အင်္ဂလိပ်အက္ခရာ ၁၃ လုံးရှိရင် အဲ့သည့်လူဟာ မကောင်းမှုမှာ မွေ့လျော်ပြီး မကောင်းမှုနဲ့ပဲ အကျိုးပေးပါသတဲ့
ဥပမာတွေကတော့
Charles Manson
Jack the Ripper
Jeffrey Dahmer
Theodore Bandy
Albert De Salvo စတဲ့ ဥရောပက ရာဇဝင်လူဆိုးဓါးမြတွေဖြစ်ပြီး
နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့
Osmar Binladin ပါ
၈။ ။၁၈၀၀ ခုနှစ်လွန်တွေမှာ
အမေရိကန်ပြည်ထောင်စုမှာ Thirteen Club ဆိုတဲ့ အဖွဲ့ရှိပါတယ်
၁၃ အစွဲကို မယုံတဲ့သူတွေပေါ့
သူတို့က ၁၃ ရက်နေ့တွေမှာတွေ့တယ်
၁၃ ယောက်အတူ dinner စားတယ်
စသဖြင့် စသဖြင့်ပေါ့လေ လုပ်ကြတာပေါ့
အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ ငါးယောက်တောင် ပါဖူးပါတယ်
Benjamin Harrison
Grover Cleveland
William Mckinley
Theodore Roosevelt
Chester A. Arthur တို့ပါ
သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး
ဒီအထဲက
သမ္မတနှစ်ယောက် လုပ်ကြံခံရပါတယ်
၉။ ။နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြည့်စုံတဲ့ ဂဏန်းလို့ သတ်မှတ်ကြပါတယ်
နာရီမှာဆို ၁၂ နာရီ
လမှာဆို ၁၂ လ
ဂရိနတ် ၁၂ ပါး
ယေရှူတပည့် ၁၂ ယောက်
မိုဟာမက် Imams ၁၂ ယောက်
ရာသီခွင် ၁၂ ခု
စသဖြင့်ပေါ့လေ
အဲ့လို ပြည့်စုံနေရာက တစ်ခုတိုးပြီး
၁၃ ဖြစ်သွားတာနဲ့ အားလုံးအောက်ဆုံးကို ထိုးကျသွားတာ
တွေ့ရမှာဖြစ်ပါတယ်
၁၀။ ။လေကြောင်းသမိုင်းမှာလဲ
၁၉၇၂ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ
Uruguayan Flight571 ပျက်ကျပြီး
၂၉ ယောက် သေဆုံးပါတယ်
တရက်တည်းမှာပဲ Soviet Aeroflot ပျက်ကျပြီး လူပေါင်း ၁၇၄ ယောက် သေဆုံးခဲ့ပါတယ်
၁၁။ ။စပိန်တွေကတော့ ၁၃ နဲ့တွဲတဲ့ အဂါ င်္နေ့ကို ပိုကြောက်ပါတယ်
ဘာလို့လဲဆိုတော့ စတုတ္ထခရူးဆိတ် စစ်ပွဲကြီးဟာ
၁၂၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီး
သူတို့တွေရှုံးနိမ့်ခဲ့ကာ
တူရကီတွေရဲ့ အော်တိုမန်အင်ပါယာအောက် ကျသွားရပါတယ်
မြန်မာတွေမှာလည်း ၁၃ ဂဏန်းကို မကောင်းတဲ့နိမိတ်အဖြစ် မှတ်ယူပါတယ်
ရက်နဲ့နေ့ပေါင်းလို့ ၁၃ ရနေရင် ယင်းရက်ကို ပြသာဒါးနေ့(ဝါရမိတ္တူ)အဖြစ် သတ်မှတ်ပါတယ်
ဥပမာ- တင်္နလာနေ့ ၁၁ ရက်နေ့ဆိုပါစို့
တင်္နလာဟာ ၂ ဂဏန်းမို့ ၂ + ၁၁ = ၁၃ မို့ ထိုရက်ဟာဝါရမိတ္တူပါ
အလောင်းမင်းတရားနတ်ရွာစံခါနီးအခါက နေပြည်တော်ကို မိုးကြိုး ၁၃ ချက်ပစ်ပါတယ်။
အယူတော်မင်္ဂလာဆရာများက မကောင်းတဲ့နိမိတ်လို့ယူဆပြီး ယိုးဒယားကို စစ်မချီဖို့ တားမြစ်ခဲ့ပေမယ့် ဗေဒင်မယုံတဲ့ အလောင်းမင်းတရားဟာ စစ်ကိုသာချီခဲ့ပါတယ်။
ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလည်း
ပုဂံမင်းတစ်ပါးဖြစ်တဲ့
ကျစွာမင်းဟာ အယူသည်းမှုတွေ ဆန့်ကျင်တဲ့သူပါ
၅၉၆ ကနေ ၆၁၂ ထိ မင်းပြုခဲ့ပါတယ်
ပိဋိကတ်သုံးပုံကို ကိုးခေါက်ပြန်ထားတဲ့ ပညာတတ်ပီပီ
အယူသည်းတာတွေကို မယုံတဲ့အနေနဲ့
သူတတည်တဲ့ဘုရားကို
ပြသာဒါးနေ့မှာ အုတ် စလုပ်
ပြသာဒါးနေ့မှာပဲ ပန္နက်ချ
ပြသာဒါးနေ့မှာပဲ အုတ်မြစ်ချ စသဖြင့်
တခုခုလုပ်တိုင်း ပြသာဒါးနေ့တွေမှာပဲ လုပ်ပါတယ်
ဒါ့ကြောင့် ပြသာဒါးဘုရား လို့တွင်ပါတယ်
တိုက်ဆိုင်တာလားတော့
မသိပါဘူး
ဘုရားမပြီးခင်မှာပဲ မင်းကြီး နတ်ရွာစံသွားရပါတယ်
ဒါတွေကတော့ ကျွန်တော်ဖတ်မိတာတွေကို ပြန်လည်တင်ဆက်လိုက်တာပါ
အပေါ်ကရေးထားတဲ့ အချက်တွေက ကောက်သင်းကောက်ဖေါ်ပြရတဲ့အတွက်
အစီအစဉ်မကျရင် ခွင့်လွှတ်ပါခင်ဗျာ
သကြီးရိုက်မရသဖြင့် ပြသာဒါး ဟုသာ သုံးထားပါသည်
credit : ကိုဆေး
ထက်ထက်ထွန်းအား လူမှုရေးကိစ္စ ပြင်းထန်စွာ သတိပေးမည်ဟု
မယ်စကြ၀ဠာ မြန်မာ ၂၀၁၆ အဖြစ် ရွေးချယ်ထားသော ထက်ထက်ထွန်းကို ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် သတင်းများနှင့်ပတ်သက်၍ နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးသွားမည်ဖြစ်ကြောင်း မယ်စကြ၀ဠာ မြန်မာ၏ National Director ဒေါ်စိုးယုဝေက ပြောသည်။
‘‘အစ်မတို့ကတော သူတို့အ ကုန်လုံးကို သေချာသွန်သင်ဆုံးမ ထားတယ်။ မိုးစက်တို့၊မေဘရဏီတို့နေတာ ထိုင်တာကို အတုယူဖို့ ပြောထားပြီးသား။ အနုပညာအ သိုင်းအ၀ိုင်းက လူငယ်တွေကြား ထဲမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေကြတာ ပဲ။ ဒါပေမဲ့ ကိုယ်က Miss Universe Myanmar ဖြစ်တဲ့အ တွက် ပိုပြီးထင်ရှားတာပေါ့။ အစ်မကအကြောင်း အရာအသေးစိတ်ကို လူကြီးတစ်ယောက်အနေနဲ့ သူနဲ့မဆွေးနွေးချင်ဘူး။ သူ့ကိုတော့ တော်တော်စိတ်ဆိုးတယ်။အဲဒီအတွက် နောက်ဆုံးအနေနဲ့ ပြင်းပြင်းထန်ထန်တော့ သတိပေးရမှာပေါ့’’ဟု ဒေါ်စိုးယုဝေက ပြောသည်။
လရိပ်ပြာ အမည်ဖြင့် ဖေ့စ် ဘွတ်ခ်ပိုင်ရှင်က ထက်ထက်ထွန်း နှင့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံ ကိုတင်၍ ထက်ထက်ထွန်းကို ၎င်း ၏ရည်းစားနှင့်တွဲနေသည်ဆိုကာ ရေးသားခဲ့သည်။
‘‘အမ်မရည်းစားကို ညီမ လေးဆီလှူလိုက်ပြီ။ အကြိမ် ပေါင်းများစွာလည်း မိပြီးပြီ။ ဒီ တစ်ကြိမ် ဟိုတယ်မှာမိတာတော့ အရမ်းလွန်သွားပြီ အမုန်းလည်း မပွားချင်တော့ပါဘူး။ ညီမလေး သွားပြိုင်မယ့် ၂၀၁၆ ပြိုင်ပွဲအ တွက် ကံကောင်းပါစေလို့ပဲ ဆု တောင်းပေးပါမယ်’’ဟု ရေးသား ထားသည်။ ယင်းကိစ္စကိုဖေ့စ် ဘွတ်ခ် အသုံးပြုသူများက ပြန် လည်မျှဝေခဲ့ကြကာ ၂၀၁၆ မယ် စကြ၀ဠာပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အလှမယ်တစ်ဦး အနေဖြင့် မဖြစ်သင့်ကြောင်း ဝေ ဖန်ခဲ့ကြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ထက်ထက်ထွန်းက ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ၎င်း ၏ လူမှုရေးကိစ္စများကို မိဘဆရာ သဖွယ် ပါဝင်ဖြေရှင်းပေးသည့် မယ်စကြ၀ဠာမြန်မာ အဖွဲ့အ စည်းကို ကျေးဇူးတင်ပြီး ၎င်းအနေဖြင့် မယ်စကြ၀ဠာ ၂၀၁၆ ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများပြုလုပ်နေ သည်ဟု ဖေဖော်ဝါရီ ၄ ရက်တွင် ရေးသားထားသည်။
‘‘ဒီပြဿနာက အခုမှဖြစ် တယ်ဆိုပေမယ့် ပြီးသွားတာက ကြာပါပြီ။ ဒီပြဿနာဖြစ်မလာခင် ကတည်းက အဲဒီကြားမှာ ထက် ကလေးဆန်မှုတွေ၊ မရင့်ကျက်မှု၊ အရွဲ့တိုက်မှုတွေ ရှိလာတာက ထက်အမှားပါ။ အဲဒီအတွက် Organization ကိုသာမက ထက်ရဲ့Image တစ်ခုလုံးကို ထိခိုက်သွားတယ်ဆိုတာ အစောကတည်းက သိပါတယ်။ အဲဒီကတည်းက ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး အ ကောင်းဆုံးနေထိုင်နေပါတယ်’’ ဟု မယ်စကြ၀ဠာမြန်မာ ၂၀၁၆ အလှမယ်ထက်ထက်ထွန်းက ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ Miss Universe Myanmar အပြောင်းအလဲနှင့် မစိုးယုဝေက ယခုကဲ့သို့ ပြောသည်။ ‘‘အခုသူ့ကို ကြိုရွေးထားတယ်ဆိုပေမယ့် ဒီနှစ်ရွေးမယ့် Result လည်း ရှိတာဆိုတော့ ဒီနှစ်လူကို လွှတ်တာမျိုးလည်းဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ သူက လွှတ်လို့မရတော့တဲ့ အခြေအနေ မျိုးအထိ ဆိုးရွားတယ်ဆိုရင်တော့ လုံးဝမလွှတ်တော့ဘူး။ ဒါပေမဲ့ ရှေ့နှစ်က Runner Up တွေ လွှတ်ဖို့ကတော့ လုံးဝအစီအစဉ် မရှိပါဘူး’’ဟု ၎င်းက ပြောသည်။
Credit – 7 days
ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာ အနားတွင်နေထိုင်သည့် မိသားစုဝင်များကို ရဲခေါ်စစ်
ပုသိမ်၊ဖေဖော်ဝါရီ ၆ ။ ။ ငပုတောမြို့၊ ကမ်းနီး-ကွင်းချောင်း ကျေးရွာလမ်းပေါ်တွင်ဖြစ်ပွား၊ ဇန်နဝါရီ ၂၅ရက်နေ့က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအတွက် ဖေဖော်ဝါရီ ၄ရက်နေ့တွင် ရဲစခန်းမှခေါ်စစ်ရာတွင် ရိုက်နှိပ်စစ်ဆေးခံခဲ့ရကြောင်း ကာယကံရှင်မိသားစုများက ပုသိမ်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
အစစ်ခံရသည့် ကွင်းချောင်းရွာမှ အသက်၁၄နှစ်အရွယ်ရှိ စမင်းအေး(ခ)မောင်ဇော်ပိုက်ထွေးက"ကျွန်တော်ကို သိလားဆိုပြီးမေးတော့ မသိဘူးပြောတာကို ဆံပင်ဆွဲရိုက်တယ်၊လက်ကို လက်ထိပ်နောက်ပြန်ခတ်ထားပြီး ကန်တယ်၊ရိုက်တယ် ကန်လို့လဲသွားတော့ ခြေထောက်ကိုရိုက်တယ် တစ်ညခေါ်ထားတယ်၊သူတို့မေးတာမသိလိုကန်ခံရတာ"ဟု "ပြောသည်။
ငပုတောမြို့၊ကမ်းနီး-ကွင်းချောင်း ကျေးရွာလမ်းပေါ်တွင်ဖြစ်ပွား၊ဇန်နဝါရီလ ၂၅ရက်နေ့တွင် ယာဉ်တိုက်မှုကြောင့် လူနှစ်ဦးနေရာတွင် ပွဲချင်ပြီး သေဆုံးခဲ့သည်။
ဒေါ်နန်းနန်းမှ "ကျွန်မရယ်၊သားရယ် ကျွန်မ အမျိုးသားရယ်ကို ရဲတွေက ၄ရက်နေ့က လာခေါ်သွားတယ်၊၅ရက်နေ့မှာ သားနဲ့ကျွန်မ ပြန်ရတယ် အခုထိ ကျွန်မအမျိုးသား ပြန်မလွှတ်သေးဘူး ရိုက်ခံရလားဘာလာလည်းမသိဘူး ကျွန်မတို့လည်း အိမ်ပြန်မနေရဲဘူးကြောက်တယ်"ဟု ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ငပုတောမြို့မ စခန်းမှူးကို ဆက်သွယ်မေးမြန်းရာ"အမှုအမှန်ပေါ်ပေါက်ရေးအတွက်လုပ်နေတာပါ"ဟု စခန်းမှူးဒုရဲမှူးမြင့်ဝေ က မေးမြန်းမှုကို ဖြေဆိုသည်။
ရိုက်နှက်ခံရမှုများကြောင့် စမင်းအေး ခြေထောက် ၊လက်ပြင်းတို့တွင်ဖုရောင် ဒဏ်ရာများရခဲ့ကြောင်း ကာယကံရှင်ကပြောသည်။
"အခုလို ရဲ ရိုက်ပြီးလုပ်တာ ဥပဒေကို ကျော်လွန်လုပ်ဆောင်တာဖြစ်သလို၊သူတို့လုပ်ပိုင်ခွင့်လည်းမရှိဘူး၊လုပ်လိုမရဘူး ရဲလုပ်ထုံးလုပ်နည်းအတိုင်းလုပ်တာမျိုးမဟုတ်ဘူး၊ပြည်သူတွေကိုကာကွယ်ရမယ့်သူတွေက ပြည်သူကို အကြောက်တရားပေး သလိုဖြစ်နေတယ်၊သက်ဆိုင်ရာက ထိရောက်စွာအရေးယူသင့်တယ်"ဟု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်း ပုသိမ်မှ ဥပဒေတာဝန်ခံ ဦးတင်အောင်ထွဋ်က မဇ္ဈိမသို့ ရဲလုပ်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနအသီးသီးကို တိုင်ကြားသွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။
Credit-voa
Bottom Kiri
-
ပျက်စီး၊ ပျောက်ဆုံးသွားတဲ့ ဖိုင်တွေကို ပြန်ယူပေးမယ့် Stellar Data Recovery Technician 11.0.0.3 - Stellar Data Recovery ဟာ USB Drive တွေ၊ Memory Card တွေ၊ ကွန်ပျူတာ Hard Disk တွေထဲက ပျောက်ဆုံးသွားတဲ့ဖိုင်အမျိုးမျိုး၊ ဖျက်မိလိုက်တဲ့ဖိုင်အမျိုးမျို...1 year ago
လူကြိုက်များသောpostများ
-
သင် ဟာ အိပ် ရေးဝမှ ကျန်းမာမယ် ဆိုတာကို သိရက် နဲ့ ဘာလို့ ဖုန်းကိုပိတ် ပြီး သွားမအိပ် နိုင် တာလဲ?? ကျွန် တော် တို့အားလုံးဟာ ဘာလုပ် ရင် ကျန် ...
-
အရက်မူးပြီး ရည်းစားဟောင်းစီ စာပို့တတ်ကြတာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ကွဲကွာပြီးတဲ့နောက် ခံစားရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုဟ...
-
ဒီ Apk လေးကတော့ သရဲစာအုပ်တွေပေါင်းချုပ်ပြီး စုစည်းမှုအဖြစ်ထုတ်လုပ်ထားတာတဲ့ apkလေးပါ။ တခုတော့သတိပေးမယ်နော်-ကြောက်တတ်သူများလုံးဝမဖတ်ကြည့်ပါ...
-
Valentine ဆော့ဖ်ဝဲလေး ရေးထားပါတယ်။ MM-Valentine apk ထဲမှာ – ၁။ Valentine’s day history (ချစ်သူများနေ့သမိုင်းအကျဉ်း)။ ၂။ Myanmar Love song...
-
စမတ်ဖုန်းတွေပေါများလာတဲ့နောက်မှာ အင်တာနက်အသုံးပြုမှုဟာ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံအထိပါ အရေးပါ အရာရောက်လာခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက်ေ...
-
Action ကားထက် Biography၊ Drama ပိုဆန်တဲ့ ဇာတ်ကားလေးပါ။ Bruce Lee အစရှိသည့် ကွန်ဖူးသမားတွေရဲ့ ဆရာဖြစ်သူ Yip ရဲ့ အကြာင်းရိုက်ထားတာလေးပါ။ ...
-
၀၁မုန်းတယ်မပြောနဲ့ ၀၂ ကံဆုံခွင့် ၀၃ မနက်ဖြန်ပြောမယ် ၀၄ အချစ်များစွာယူ ၀၅ မင်းနဲ့ငါ ၀၆ မငြင်းပါနဲ့ ၀၇ နင့်အလှည့် ၀၈ ငါ့အနားပြန်ခဲ့ပါ ...
-
တိုက်ဆိုင်ကြီး နေ့ ခင်းဘက်လူနေအိမ်ခြေကျဲတဲ့ တောသာသာရွာ စွန်မှာကျုပ်တစ်ယောက်တည်းနေနေရတယ်ကျုပ်ကံ ကဆိုးတယ်အခုအသက်၇၀အဖွားကြီးပေမယ့် ဆွေ မျိုးကလည...
-
တဲ့ဖုန်းတွေ Root ဈာမ လိုပဲ font style မပါတဲ့ဖုန်းတွေ အကုန် ( ဥပမာ = sony /Lenovo / asus ) APK တစ်ခုတည်းနဲ့ ဓါတ်ပုံပေါ်မှာ ကြိုက် တဲ့မြန်မာ...
-
ဝေးရမယ်ဆိုတာကြိုသိနေမှတော့ ဘာမှလည်းတောင်းဆိုမနေလိုတော့ဘူး အချိန်တန်နှုတ်ဆက်ရတော့မှာပဲ လက်ပြလည်းလွမ်းမနေချင်တော့ဘူး အချစ်က၀မ်းနည်းစရာမကောင်းခဲ...
Search
Categories
- ကျန်းမာရေး (5)
- ချစ်ရေးချစ်ရာ (14)
- ဓမ္မပျိုးခင်း (2)
- နည်းပညာ (12)
- ပရလောက (4)
- မြန်မာစာတန်းထိုးဇာတ်ကားများ (1)
- လူမှုဘဝ (4)
- သတင်းများ (6)
- သမိုင်းမှတ်စုများ (4)
- သီချင်းများ (1)
- အချစ်ကဗျာများ (4)
- ဆော့ဝဲလ်များ (18)