Action ကားထက် Biography၊ Drama ပိုဆန်တဲ့ ဇာတ်ကားလေးပါ။
 Bruce Lee အစရှိသည့် ကွန်ဖူးသမားတွေရဲ့ ဆရာဖြစ်သူ
 Yip ရဲ့ အကြာင်းရိုက်ထားတာလေးပါ။
 IP Man နာမည်နဲ့ ရိုက်ထားတဲ့ဇာတ်ကားအတော်များများရှိပေမယ့်
 ဒီဟာကတော့ သူ့ဇတ်ကြောင်းကို ရိုက်ပြထားတာပါ။
Tony Leung က Ip အဖြစ်သရုပ်ဆောင်ထားပြီး တခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့
Zhang Zi-Yi ၊ ကိုးရီးယားမင်းသမီးတစ်လက်ဖြစ်တဲ့
Song Hye Kyo ကတော့
 Ip ရဲ့ ဇနီးအဖြစ်သရုပ်ဆောင်ထားပါတယ်။
Zhang Zi Yi ဟာ ဒီဇာတ်ကားမှာ Gong Er အဖြစ်သရုပ်ဆောင်ထားပြီး သူ့
အဖေကတော့ နာမည်ကြီးသိုင်းပညာရှင်တစ်ဦးဖြစ်ပြီး
သူ့အဖေကို သတ်သွားတဲ့ သူ့အဖေရဲ့တပည့်တစ်ယောက်ဖြစ်သူ
 Ma San ကို ဂလဲ့စားချေဖို့ကြိုးစားခဲ့တဲ့သူတစ်ယောက်ပါ။
သူဟာ Ip ကို စိတ်ဝင်တစားရှိခဲ့ပေမယ့် သူ့
ခံစားချက်တွေကိုတော့ သူ့နောက်ဆုံးအချိန်တွေမှပဲ ဖွင့်ဟသွားခဲ့ပါတယ်။
Ip ဟာ တရုတ်ပြည် ဖူရှန်မြို့ကဖြစ်ပြီး ကွန်ဖူးကျွမ်းကျင်တဲ့သူတစ်ယောက်ပါ။
 နောက်ပိုင်းမှာသူဟာ ဟောင်ကောင်မှအခြေချနေထိုင်ခဲ့ပြီး
 ကွန်ဖူးပညာသင်ကြားပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။
 ထိုအတော်အတွင်းမှာ သူကြုံတွေခဲ့ရတဲ့ အခက်အခဲအဖြစ်အပျက်တွေကို မှတ်တမ်းတင်ရိုက်ကူးထားတာလေးပါ။
ရိုက်ကူးတည်းဖြတ်ပုံကောင်းမွန်လှပြီး ကြည့်လို့ကောင်းပါတယ်။
စကားအများကြီးမပြောကြပေမယ့် အကုန်လုံးကတော့
 အမူအရာတွေနဲ့ သရုပ်ဆောင်သွားကြပါတယ်။
မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကိုယ်တိုင်ကြည့်ရှု ခံစားကြည့်ပါ..
 ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
 
တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်

ချမ်းငြိမ်း-မှော်ဝန်းမှကူးယူဖော်ပြပါသည်။