အလုပ်အရမ်းများတဲ့လူတွေ၊ အလုပ်ထဲမှာပဲအချိန်အများစုကုန်ဆုံးနေတဲ့လူတွေဟာ လှုမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး စသည်တို့တို ထိခိုက်လာရတာတွေဖြစ်လာတတ်ပါတယ်။ အလုပ်ကြောင့် မိမိချစ်သူအတွက်အချိန်မပေးနိုင်တဲ့အခါမှာ ပြသာနာတွေတက်ပြီး နောက်ဆုံးပြတ်စဲတဲ့အထိရောက်သွားနိုင်ပါတယ်။ အဲ့အတွက် အချိန်ရှားပါးတဲ့လူတွေအနေနဲ့ မိမိတို့ရဲ့ Relationship ကိုနေ့စဉ်အသစ်အသစ်တွေဖြစ်နေပြီး စချစ်၊စတွေ့ခဲ့ကြတဲ့အချိန်တုန်းကလို အမြဲဖြစ်နေအောင် လုပ်ပေးဖို့လိုအပ်ပါတယ်။ . ♥Romantic ဆန်တဲ့အပျက်လေးတွေ၊ ဂရုစိုက်ကြင်နာကြောင်းပြသတဲ့အပြုအမူလေးတွေ မကြာခဏဖန်တီးပါ။ ------------------------------------------------------- ဥပမာ - မထင်မှတ်ပဲ ညစာစားပွဲတစ်ခုဖန်တီးတာမျိုး၊ ရုံးကနေဖုန်းဆက်ပြီးသတိရကြောင်းပြောတာမျိုး၊ Message လေးပို့တာမျိုး စသည့်ဖြင့်။ ဒီလိုအလွယ်တကူလုပ်နိုင်တဲ့ကိစ္စလေးတွေဟာ အကျိုးသက်ရောက်မှုကတော့ကြီးမားပါတယ်။ မိမိချစ်သူရဲ့စိတ်ထဲမှာ အတိုင်းအတာတစ်ခုထိကျေနပ်သွားစေမှာဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတစ်ခုတည်းချည်းလုပ်နေလို့တော့မဖြစ်ပါဘူး။ Random ဖြစ်နေရပါမယ်။ . ♥Good Listener တစ်ယောက်ဖြစ်ပါစေ ------------------------------------------- တစ်ချို့လူတွေရှိပါတယ်၊ ကိုယ်ကပဲပြောချင်တာတွေပြောပြီး တခြားသူရဲ့ခံစားချက်၊ ပြောပြချက်တွေကို ဂရုတစိုက်နားမထောင်တာမျိုးတွေ။ ထို့အကျင့်ဟာ အချစ်ရေးမှာသာမက လူမှုရေးကိုပါထိခိုက်စေနိုင်တဲ့အကျင့်ဖြစ်လို့ ရှောင်ရှားသင့်ပါတယ်။ အလုပ်များတဲ့လူတွေအနေနဲ့ တွေ့ခွင့်ရတဲ့အချိန်တိုလေးအတွင်းမှာ မိမိချစ်သူရဲ့ပြောသမျှကို ဂရုတစိုက်အလေးထားနားထောင်ပေးပါ။ အလုပ်ကိစ္စတွေ၊ ဖုန်းတွေကိုလည်း ဝေးဝေးမှာ ထားလိုက်ပါ။ . ♥တွေ့ရတဲ့အချိန်လေးအတွင်းမှာ ဝေဖန်အပြစ်တင်တွေမလုပ်ပါနဲ့ -------------------------------------------------------------------- ပြသာနာကြီးကြီးမားမားတွေမဟုတ်ရင် တွေ့ရတဲ့နည်းပါးလှတဲ့အချိန်လေးကို ပြစ်တင်မှုတွေ၊ ကတောက်ကဆဖြစ်တာတွေနဲ့ မကုန်ဆုံးလိုက်လိုက်ပါနဲ့။ တစ်ယောက်က တစ်ယောက်ရဲ့ အစိတ်အပိုင်းအဖြစ် ဘ၀ချင်းတောင်ပေါင်းစပ်ဖို့အထိတောင်ဆုံးဖြတ်ထားပြီးမှ အရေးမကြီးတဲ့ကိစ္စတွေအတွက် ပြသာနာအဖြစ်မခံပါစေနဲ့။ အချိန်တွေရှိလို့ ရန်ဖြစ်တမ်းကစားကြတယ်ဆိုရင်တော့ တစ်မျိုးပေါ့ ဘယ်အရာကအရေးကြီးဆုံးလည်း အမြဲအမှတ်ရနေရပါတယ်။ . ♥မိမိချစ်သူကို သူသာလျှင် အရေးကြီးဆုံးဖြစ်ကြောင်း၊ ဦးစားပေးဖြစ်ကြောင်း နားလည်အောင်ပြောပြထားပါ -------------------------------------------------------------- မည်သူမဆို ဦးစားပေခံရလျှင်ကြိုက်နှစ်သက်ကြတာချည်းပါပဲ။ ထို့ကြောင်း အလုပ်တွေဘယ်လောက်ရှုပ်နေပါစေ၊ ဘ၀အတွက်လုပ်ကိုင်နေရတာဖြစ်ပြီးအရေးကြီးဆုံးက မိမိချစ်သူပင်ဖြစ်အောင် နားလည်အောင်ရှင်းပြထားပါ။ မကြာခဏလည်းပြောပြပေးပါ။ . ♥သင့်အလုပ်ခွင်ကလူတွေနဲ့ ကင်းရှင်းအောင်နေပါ။ မိမိချစ်သူအပေါ်သစ္စာစောင့်သိပါ။ --------------------------------------------------------- ဒါကတော့အရေးကြီးဆုံးအချက်ဖြစ်မယ်ထင်ပါတယ်။ မိမိအလုပ်ခွင်ကလူတွေ(ဆန့်ကျင်ဘက်လိင်)နဲ့ ရိုးသားစွာကင်းကင်းရှင်းရှင်းနေပါ။ မိမိကရိုးသားပါသော်လည်း မိမိချစ်သူကအထင်အမြင်လွဲနေလျှင် ချက်ချင်းရှင်းပြပြီး ဖြေရှင်းပါ။ သံသယဆိုတာ မွေးမြူထားလို့မကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဗုံးတစ်လုံလိုပဲ သင်အချိန်မှီရှင်းမထားနိုင်လျှင် တစ်ချိန်မှာပေါက်ကွဲသွားနိုင်ပါတယ်။ _____________ လင်းထက်မော် (Focus Youth E-magazine) Ref : LH ORG
ကောင်လေးအများစု လက်တွဲချင်သော မိန်းကလေးပုံ
၁.အရပ်ပုပုခန္ဓာကိုယ်ခပ်သွယ်သွယ်နဲ့..ချစ်ဖို့ကောင်းသူ ၂.အဝတ်အစားကို.sexyအကျကြီးမဟုတ်ဘဲ.ခေတ်မီစွာဝတ်စားတတ်သူ ၃.ရုပ်မချောရင်တောင်..ကလေးတျောက်လို.အပြစ်ကင်းသူ ၄.poppin မဟုတ်ပဲ.အမှန်တကယ်..စိတ်ထားကောင်းမွန်သူ ၅.ရိုးသားအေးဆေးသူ ၆.မိဘအုပ်ထိန်းမှုအောက်မှာရှိသူ ၇.ရစ်တတ်တဲ့သူ... ၈.စိတ်ကောက်တတ်ပြီး..ပြန်ချော့ရလွယ်သူ ၉.စိတ်ထားနူးညံသူ ၁၀.သစ္စာရှိသူ... Credit – You and Me
သင့်လက်တွဲဖော်ကို မမေးသင့်သောမေးခွန်းများ
မင်းဘာတွေဖြစ်နေတာလဲ မင်းဘာလို့ဒီလိုခဏခဏဖြစ်နေတာလဲ? ------------------------------------------------------------------------ ပြသာနာဖြစ်တဲ့အခါတိုင်း Negative ဆန်တဲ့စကားလုံးတွေနဲ့ ညှိနှိုင်းတာဟာ ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ သင်မကြိုက်တဲ့အရာတွေအတွက် အပြစ်တင်နေမယ့်အစား သင်ဘယ်လိုအရာတွေကြိုက်နှစ်သက်လဲ ဘယ်လိုခံစားနေရလဲ ဆိုတာတွေကို သေချာနားဝင်အောင်ပြောပြသင့်ပါတယ်။ . ဘာကြောင့် ဒီလောက်တစ်ကိုယ်ကောင်းဆန်ရတာလဲ? ----------------------------------------------------------- ရန်ဖြစ်တဲ့အခါတိုင်း စကာလုံးတွေနဲ့ မတိုက်ခိုက်ပါနဲ့။ ဒါဟာ သင်တို့ရဲ့ Relationship ကို ဘာမှအထောက်အကူပြုနိုင်မှာမဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ပြေပြေလည်လည်ဖြစ်စေမယ့် အကောင်းဆုံးဆက်သွယ်မှုကတော့ ရိုးသားခြင်းနဲ့ မျှဝေခံစားခြင်းပဲဖြစ်ပါတယ်။ သင်ဟာ ဘာတွေကြိုက်တတ်လဲ၊ ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုအရာတွေကို စွဲလန်းလဲ၊ ဘယ်လိုအရာတွေကို မုန်းလဲ ပွင့်ပွင့်လင်းလင်းပြောပြထားသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သူ့ခံစားချက်တွေကိုပြောပြပြီး နားထောင်တဲ့အခါမှာလည်း အလေးအနက်နားထောင်ပေးပါ။ မျှဝေခံစားပေးပါ။ . ငါနဲ့ပြတ်ချင်နေတာလား ? ---------------------------- ဒီမေးခွန်းဟာ မမေးသင့်ဆုံးမေးခွန်းဖြစ်သလို၊ မလိုအပ်တဲ့မေးခွန်းပဲဖြစ်ပါတယ်။ သင်ဟာတကယ်ပြတ်စဲချင်နေတယ်ဆိုရင်တော့ ပြသာနာမရှိပါဘူး။ မဟုတ်ရင်တော့ ညင်သာတဲ့မေးခွန်းမျိုး၊ ရှင်းပြတာမျိုးပဲလုပ်သင့်ပါတယ်။ သင်ဟာ သင့်ချစ်သူနဲ့ပြတ်စဲရမှာကြောက်နေတယ်ဆိုရင် ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပဲ စိတ်အေးအေးထားပြီးစဉ်းစားရအောင်၊ လုံးဝမခွဲနိုင်ကြောင်း လုံးဝမပြတ်စဲနိုင်ကြောင်း ပြောဆိုညှိနှိုင်းရမှာဖြစ်ပါတယ်။ . ငါယုံပေးရမှာလား? --------------------- ကိစ္စတစ်စုံတစ်ရာအတွက် သင့်လက်တွဲဖော်ကိုသင်မယုံမကြည်ဖြစ်နေပြီး စကားလုံးတွေနဲ့ထိုးနှက်ပြီးရန်ဖြစ်နေမယ်ဆိုရင် နောက်တစ်ကြိမ်သင့်အလှည့်ရောက်လျှင်လည်း ယုံကြည်မှုရရှိတော့မှာမဟုတ်ပဲ ယုံကြည်မှုတွေပျောက်ဆုံးသွားပါလိမ့်မယ်။ ကွာခြင်းပြတ်စဲခြင်းတွေရဲ့ လမ်းစလည်းဖြစ်ပါတယ်။ ယုံကြည်မှုရရှိဖို့ ယုံကြည်မှုအရင်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ရင် ဒီလိုမေးခွန်းမျိုးမေးပြီး ထိုးနှက်တာမျိုးမလုပ်သင့်ပါဘူး။ ______________ လင်းထက်မော် (Focus Youth E-magazine)
ရှင်သန်စရာ ဘဝတစ်ခုပဲ ရှိလို့ပါ။
သင်ဟာ အပျို/လူပျို ဆိုရင် ရည်းစားရှိလားလို့ သူတို့ မေးလိမ့်မယ်။
သင်မှာ ရည်းစား ရှိလာတဲ့အခါမှာတော့ ဘယ်တော့လက်ထပ်မလဲလို့ သူတို့ မေးလိမ့်မယ်။
သင်လဲ လက်ထပ်ပြီးပါရော ကလေးဘယ်တော့ယူမလဲလို့ သူတို့ မေးလိမ့်မယ်။
ကလေးတစ်ယောက်ရပြီဆိုရင် ကလေးလေးအတွက် ညီလေး၊ ညီမလေး ဘယ်တော့ယူဦးမလဲလို့ သူတို့ မေးလိမ့်မယ်။
သင် အကြောင်းကြောင့် အိမ်ထောင်ကွဲခဲ့ရင် ဘာလို့လဲဟင်လို့ သူတို့ မေးလိမ့်မယ်။
သင်ဘာပဲ လုပ်နေနေ သူတို့ ဘယ်တော့မှ အမေးရပ်လိမ့်မှာ မဟုတ်ဘူး။
ဒီတော့ သင်လုပ်သင့်တာပဲ ဆက်လုပ်ပါ။
သူတို့အမေးတွေကို သိပ်ဂရုမစိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ သင်မှာ ရှင်သန်စရာ ဘဝတစ်ခုပဲ ရှိလို့ပါ။ လူတွေရဲ့  အမေးကို ဖြေရှင်းရင်း သင့်အချိန်တွေ ကုန်မသွားပါစေနဲ့။
အသည်းကွဲနေတဲ့ မိန်းကလေးတွေ လုပ်တတ်တဲ့ လုပ်ရပ် (၁၁) ခု
အရက်မူးပြီး ရည်းစားဟောင်းစီ စာပို့တတ်ကြတာလည်း တစ်ခုအပါအဝင်ပါပဲ။
ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ကွဲကွာပြီးတဲ့နောက် ခံစားရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုဟာ ဘာနဲ့မှ မနှိုင်းသာအောင်ပါပဲ။ အဲဒါကြောင့် စိတ်သက်သာရာရဖို့ တစ်ခုခုကို လုပ်တတ်ကြတယ်။
အောက်ပါအချက်တွေကတော့ အသည်းကွဲနေတဲ့ မိန်းကလေးတွေ လုပ်လေ့လုပ်ထရှိတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
၁။ အသည်းကွဲတာနဲ့ ပတ်သက်တဲ့ စာတွေ၊ ပုံတွေ ဖေ့စ်ဘွတ်ခ်မှာ တင်တယ်။
၂။ အလန်းစား ဆယ်လ်ဖီပုံတွေတင်တယ်။
၃။ ရည်းစားဟောင်းနဲ့ ပုံတွေကို အကုန်ဖျက်တယ်။
၎။ ဆံပင်ညှပ်တယ်။
၅။ သူငယ်ချင်းတွေကို ခေါ်တယ်။ ဝိုင်သောက်ပြီး ငိုတယ်။
၆။ သူငယ်ချင်းတွေခေါ်၊ မှောက်တဲ့အထိ သောက်တယ်။
၇။ မူးလာတော့ ရည်းစားဟောင်းစီ စာပို့တယ်။
၈။ မူးမူးနဲ့ အခု ပြတ်သွားတဲ့ ရည်းစားမတိုင်မီက ရည်းစားဆီ စာပို့တယ်။
၉။ လေ့ကျင့်ခန်းလုပ်ဖို့ စာရင်းသွားပေးတယ်။
၁၀။ တွေးတွေးပြီး ဝမ်းနည်းပြန်တယ်။
၁၁။ နောက်ဆုံးမှာတော့ ဘဝကို ရှေ့ဆက်ရမယ်လို့ သဘောပေါက်သွားတယ်။
Credit - Duwun
ဆွဲဆောင်မှုကောင်းသူနဲ့ ချောတဲ့သူမှာ ဘယ်သူ့ကို ပိုကြိုက်သလဲ
မိန်းကလေးတွေဟာ ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်သူတွေထက်
စိတ်ပိုင်းဆိုင်ရာ လှပဖို့ကသာလျှင် အရေးကြီးတယ်လို့ ထင်ပါတယ်။
ဒါပင်မဲ့ လောကကြီးမှာက ယောင်္ကျားတွေရဲ့ အမြင်ကတော့ ပြော
စရာတောင် လိုတော့မယ်လို့ မထင်ပါ။ကဲ ဘယ်သူ့ကို ပိုပြီး
ကြိုက်သလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
၀၁. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကိုတော့ အဝေးကပဲ
ကြည့်ချင်နေပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကိုတော့
အနားမှာနေစေချင်ပါတယ်။
၀၂. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အားကျစရာ
ကောင်းပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကိုတော့ ကျေးဇူးတင်ပါတယ်။
၀၃. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အလှပြင်ဖို့ရန်
အရေးကြီးပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကတော့ ရိုးရိုးလေးနဲ့
ကြည့်လို့ကောင်းပါတယ်။
၀၄. ဆွဲဆောင်မှုကောင်းတာက မျက်မြင်ကြည့်ပြီး ဆုံးဖြတ်ပင်မဲ့
တကယ်လှတယ်ဆိုတာ အတွင်းစိတ်နဲ့ ဆိုင်ပါတယ်။
၀၅. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ညှိ့အားကောင်းတဲ့
စကားလေးတွေက အရေးကြီးပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့
ချစ်စရာကောင်းတဲ့ စကားပြောပုံက အရေးကြီးပါတယ်။
၀၆. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ခန္ဓာကိုယ်ကို အလေးထား
ပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ သန့်ရှင်းစင်ကြယ်သော
စိတ်ဓာတ်ကို တန်ဖိုးထားသူပါ။
၀၇. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အသက်က အရေးကြီး
ပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ အသက်အရွယ်က သူနဲ့
မဆိုင်ပါ။
၀၈. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ယောင်္ကျားလေးတွေ
အလိုကျ နေထိုင်တတ်ပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့
ကိုယ့်အသွင်နဲ့သာ နေတတ်သူပါ။
၀၉. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ တစ်ညတာ အချစ်ကို
လက်ခံကောင်းလက်ခံနိုင်ပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးဆိုတာ
ထာဝရ လက်တွဲဖို့ကိုသာ စဉ်းစားနေသူပါ။
၁၀. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးဆိုတာ ခေတ်အလျောက်တူညီ
ချက်တွေရှိနေပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးဆိုတာ ကြည့်သူအပေါ်
မူတည်ပြီး သူ့ရဲ့အလှတရားက ပြောင်းလဲနေမှာပါ။
၁၁. ဆွဲဆောင်မှုဆိုတာဟာ လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်သက်ရောက်မှု
ရှိပင်မဲ့ ချောမောလှပတယ်ဆိုတာက ရိုးသားတဲ့ သဘောသဘာဝ ရှိ
နေမှာပါ။
၁၂. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကိုတော့ ခဏတာ ပျော်ပါးမှု
အတွက်သာလက်ခံပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကိုတော့
တသက်တာ တန်ဖိုးထားချင်ကြတာပါ။
၁၃. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ Msg နဲ့ပဲပြီး
သွားနိုင်ပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကိုတော့ သူအတွက်
စာရေးပြီး ပို့ချင်တာပါ။
အဝေးရောက်ချစ်သူတွေ Valentine Day ဘယ်လိုလုပ်မလဲ...။
ချစ်ရသူတွေအတွက် နေ့ထူးလေးတစ်ရက်ဖြစ်တဲ့ ဗယ်လင်တိုင်းနေ့မှာ ဆင်တူအကျီလေးတွေ ၀တ်ပြီး လျှောက်လည်နေကြတဲ့ စုံတွဲတွေ၊ ကိုယ့်ချစ်သူကို လက်ဆောင်တွေ ပေးရင် ကြည်နူးနေကြတဲ့ စုံတွဲတွေကြား သင်ကတော့ သင့်ချစ်သူရဲ့ အဝေးတစ်နေရာမှာ ရောက်ရှိနေတာမို့ အဲ့ဒီနေ့လေးကို နှစ်ဦးစလုံးအတွက် ထူးခြားတဲ့နေ့လေးဖန်တီးဖို့ ဘယ်လိုလုပ်ဆောင်ရမှန်း မသိဖြစ်နေတယ်ဆိုရင် နည်းလမ်းလေးတွေ ပေးချင်ပါတယ်။
၁။Skype ဒင်နာဒိတ်လေး စီစဉ်လိုက်ပါ။
နှစ်ဦးသား ညတိုင်း Skype ပြောဖြစ်ကြတယ်ဆိုရင် ခုလည်း ကိုယ်အကြိုက်ဆုံး အစားအစာ၊ သူအကြိုက်ဆုံးအစားအစာတွေ စီစဉ်ပြီး Skype ဖွင့်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စားဖို့အတွက် ဒင်နာဒိတ်လေး စီစဉ်လို့ ရတာပဲလေ။ ဒါလည်း ကြည်နူးစရာပေါ့။
၂။ဗယ်လင်တိုင်းနေ့လေးမှာ ကိုယ့်ချစ်သူဆီ စာပို့ပါ။
သင်တို့နှစ်ဦးကြားမှာ ဖုန်းတွေ၊ ကွန်ပျူတာတွေကသာ အရေးပါနေတယ်ဆိုရင် ဗယ်လင်တိုင်းနေ့လေးမှာ သင့်ချစ်သူ ပျော်ရွှင်သွားအောင် ထူးထူးခြားခြား လုပ်ဆောင်နိုင်တာကတော့ ချစ်သူဆီကို ပို့စကတ်၊ စာ၊ ဒါမှမဟုတ် သင့်ချစ်သူ ကြိုက်နှစ်သက်မယ့် လက်ဆောင် တစ်ခုခုကိ စာတိုက်ကနေ ပို့လို့ရတယ်ဆိုတာပါပဲ။ အဲ့ဒီနေ့မှာ အတိအကျ ကိုယ့်ချစ်သူဆီ ရောက်ဖို့တော့ လိုတာပေါ့နော်။
၃။မတူညီတဲ့အချိန်တွေမှာ ဖွင့်ဖတ်နိုင်မယ့် စာတွေအများကြီး ရေးပို့နိုင်ပါသေးတယ်။
ဗယ်လင်တိုင်းနေ့မှာ သင်ဟာ သင့်ချစ်သူကို စာပို့တယ်ဆိုတာ ရိုးပေမယ့် ထိရောက်ပါတယ်။ ပိုပြီး ထိရောက်ချင်တယ်ဆိုရင် စာအိတ်အကြီးတစ်ခုထဲမှာ စာအိတ်အသေးလေးတွေအများကြီးနဲ့ စာလေးတွေ ထည့်ပို့လိုက်ပါ။ တစ်စောင်ချင်းစီမှာ ၀မ်းနည်းတဲ့အခါ ဖတ်ဖို့ ၊ အထီးကျန်နေတဲ့အချိန် ဖတ်ဖို့၊ စိတ်အလိုမကျ ဖြစ်နေတဲ့အခါ ဖတ်ဖို့ စတဲ့ ခေါင်းစဉ်ကွဲလေးတွေနဲ့ စာတစ်စောင်စီရေးပြီး သူ့ကို လက်ဆောင်အသေးလေးတွေနဲ့ ရောပို့နိုင်ပါတယ်နော်။
၎။တွေ့ရမယ့်ရက်တွေအထိ ရေတွက်ပြီး စာတိုလေးတွေ ဖတ်လို့ရအောင်လုပ်ပါ။
ဒါကလည်း ရိုမန်တစ်ဆန်တဲ့ နည်းလေးပါပဲ။ သင်တို့နှစ်ဦးပြန်ဆုံမယ့် နေ့ကို တွက်ချက်ပြီး အဲ့ဒီရက်တွေအထိ သင့်ချစ်သူ စိတ်အားမငယ်စေဖို့ ဖန်ပုလင်းလှလှလေးထဲမှာ သင့်ချစ်သူအကြောင်း၊ သင်သူ့ကို ဘယ်လောက်ချစ်ကြောင်း ရေးထားတဲ့ စာတိုလေးတွေ အတိအကျ ထည့်ပြီး ပို့လိုက်ပါ။ သူ့ကိုတစ်ရက်ချင်းစီ တစ်ခုချင်းစီ ဖွင့်ဖတ်ဖို့ ပြောပါ။ ဒါဆို သူလည်း အထီးကျန်တာမျိုး နည်းသွားမှာပါ။
၅။သူမနိုးနိုးချင်း ဗယ်လယ်တိုင်းဆုမွန်ကောင်း ခြွေပေးသူ၊ အိပ်ခါနီး ဆုမွန်ကောင်းခြွေပေးသူဟာ သင်ဖြစ်ပါစေ။
ဗယ်လင်တိုင်းနေ့မှာ သင့်ချစ်သူ မနိုးခင်အချိန် သင်နိုးနေတာ ကောင်းပါတယ်။ သူမကို ဖုန်းခေါ်နေကျအချိန်ထက် နည်းနည်းစောပြီး သူမကို ဖုန်းခေါ်ကာ ဆုမွန်ကောင်းခြွေပေးလိုက်ပါ။ ညဘက် သူမ မအိပ်ခင်အချိန်မှာလည်း ထပ်ပြီး သူမကို ဘယ်လောက်ချစ်ကြောင်း ဒီနေ့အတွက် ထူးထူးခြားခြားလေး ပြောလိုက်ပါဦး။
၆။တွေ့တဲ့အချိန်မှာ ဗယ်လင်တိုင်းနေ့ကို ကျင်းပလည်း နောက်မကျပါဘူး။
သင်တို့နှစ်ဦး ပြန်ဆုံရမယ့်အချိန်က မတ်လမှလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဧပြီမှလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါဆိုရင် ပြန်ဆုံချိန်ကျမှ နှစ်ဦးသား ဗယ်လင်တိုင်းနေ့လေးကို ကျင်းပလို့ရပါသေးတယ်။ အတိုးချပြီးတော့ပေါ့။
၇။တခြားလူတစ်ဦးကို အကူအညီတောင်းပြီး အဲ့ဒီနေ့လေး လှအောင် ကူညီခိုင်းပါ။
သင့်ချစ်သူနဲ့အတူနေတဲ့ သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးကို သင့်ချစ်သူကို ပေးချင်တဲ့ လက်ဆောင်တွေ စုပြီး ပို့လိုက်ပါ။ အဲ့ဒီနေ့လေးမှာ သူ့ကို ဘယ်လိုလေး ပြင်ဆင်ပေးပါလို့ အကူအညီတောင်းကြည့်ပါ။ သူကသာ ကူညီတယ်ဆို သင့်ချစ်သူလည်း တကယ်ကို ၀မ်းသာပြီး suprise ဖြစ်သွားမှာပေါ့။
၈။သူမ မသိအောင် သူမဆီပြန်လာပြီး တွေ့ဆုံလိုက်ပါ။
ဒီအစီအစဉ်ကတော့ suprise ဖြစ်လွန်းပါလိမ့်မယ်။ အကုန်အကျလည်း များနိုင်ပါတယ်။ သင့်မှ အလုပ်ကနေ ခွင့်ယူလို့မရ၊ပျက်ကွက်လို့ မရဘူးဆိုရင်တော့ ဒီမျိုးစီစဉ်ဖို့ ခက်ခဲပါလိမ့်မယ်။ တကယ်လို့ စီစဉ်နိုင်တယ်ဆိုရင်တော့ သင့်ချစ်သူ တကယ်ကို ပျော်ရွှင်သွားမယ့် အစီအစဉ်လေးပါ။ သူမ မသိအောင် ခရီးစဉ်ဆွဲပြီး သူမကို ဗယ်လင်တိုင်းနေ့မှာ လာတွေ့လိုက်ပါ။ သေချာတာကတော့ သူမတစ်သက် အဲ့ဒီနေ့လေးကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
Ref:cosmopolitan

သင့်ဖူးစာဖက်ကိုရှာဖွေတွေ့ရှိပြီဆိုတာ သိစေနိုင်တဲ့အချက်(၈)ချက်
“စကားပုံတစ်ခုက ဆိုထားပါတယ်။ သင် မမွေးဖွားရသေးဘူးဆိုရင်တောင် သင့်အိမ်ထောင်ဘက်ရဲ့အမည်နာမ ကို ဘုရားသခင်က သတ်မှတ်ပြီးသား” ပါတဲ့။ ဒါကို မှန်ခြင်းမှားခြင်း ကျွန်တော် အငြင်းအခုန် မပြုလိုပါဘူး။ ဒါပေမယ့် လူတိုင်း ကိုယ့်အိမ်ထောင်ဘက် ဘယ်သူလဲဆိုတာ သိချင်ကြပါတယ်။ ကျွန်တော် အခုပြောပြသွား မှာက သင့်အိမ်ထောင်ဘက်အမည် အလိုလျှောက်ပေါ်လာစေတဲ့ Software တွေ App တွေကို မိတ်ဆက်ပေး သွားမှာ မဟုတ်ပါဘူး။ သင်လူတစ်ယောက်အပေါ်မှာ အောက်ပါဖော်ခြချက်လေးတွေနဲ့ ကိုက်ညီတယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို သင် တွေ့ပြီလို့ ဆိုလို့ရပါတယ်။ 1. ကိုယ့်ဘာသာ စိတ်ထဲက အလိုလိုသိနေတယ်။ တစ်ခါတရံ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးကလာတဲ့ “အဲဒီတစ်ယောက်ဟာ မင်းနဲ့အသင့်တော်ဆုံးပဲ ” ဆိုတဲ့ တိုက်တွန်းမှုကို သင် လက်ခံရရှိနိုင်ပါတယ်။ ဒါကို ကိုယ့်ဘာသာပဲ သိပါတယ်။ 2. တူညီတဲ့ခံစားချက်နဲ့တွေ့ဆုံကြတယ်။ လူ တစ်ယောက်နဲ့တစ်ယောက် ဖူးစာပါပြီဆိုတာနဲ့ သူနဲ့သင်ဟာ မိုင်သောင်းချီဝေးလည်း တစ်နေရာရာမှာ လာဆုံပါလိမ့်မယ်။ တစ်ခါတလေ သင်နဲ့ အိမ်းနီးနားချင်းလည်းဖြစ်နိုင်ပြီး သင့် စိတ်အခံက တစ်နည်းနည်းနဲ့ ဖူးစာဖက်ကို လက်ခံလာချင်တဲ့အခါမျိုးမှာ သင်ဟာ သူ့ကို ပထမဆုံး သတိထားမိတာပဲဖြစ်ဖြစ် ဆုံတွေ့တာ ပဲဖြစ်ဖြစ် တွေ့ကြုံရပါ့လိမ့်မယ်။ ထူးခြားချက်အနေနဲ့ အဲဒီအချိန်မှာ သင် ခံစားနေရတဲ့ ခံစားမှုမျိုး သူလည်း ခံစားနေရပြီဆိုတာပါဘဲ။ 3. သင်ငြိမ်းချမ်းမှုကိုခံစားရရင် သူလည်း ထပ်တူခံစားရမယ်။ ဒီလို နားလည်မှုနဲ့ ဖြစ်တည်လာတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်စိတ်ကို တစ်ယောက် ကောင်းကောင်း ခံစားတတ်ပြီး သင့် ငြိမ်းချမ်းမှုကို သူ တကူးတကယူစရာမလိုပဲ ရနေပါ့လိမ့်မယ်။ သင်တို့နှစ်ယောက်တည်း ကွက်ပြီးတော့ ငြိမ်းချမ်းနေတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။ 4. သူ့ရင်ထဲက အသံကို သင်ကြားနိုင်သလို သင့်ရင်ထဲက အသံကို သူကြားနိုင်တယ်။ သူ့နှလုံးသားက အသံမဲ့စကားတွေကိုလည်း သင် ကြားနိုင်မယ်။ ဘယ်လိုအချိန်မှာလဲ မျက်လုံးချင်းဆုံတဲ့အခါ၊ သို့တည်းမဟုတ် သူ့ အမူအယာလေးတွေကို အကတ်ခတ်ပြီး ဘာသာပြန်တဲ့အခါမျိုးမှာတောင် သင်ရဲ့ ဘာသာ ပြန်နိုင်မှုစွမ်းအားဟာ အံ့မခန်း မှန်ကန်နေလိ့မ်မယ်။ 5. တစ်ယောက်အကြောင်းကိုတစ်ယောက်သိတယ်။ တစ်ယောက်ရဲ့ အပြစ်အနာအဆာကို သိတယ်။ ဒါကို သင်ကိုယ်တိုင်က ခွင့်လွှတ်နိုင်တယ်ဆိုရင် သင့်အပြစ် အနာအဆာကို သင့်ဖူးစာဖက်က ခွင့်လွှတ်နိုင်ပါတယ်။ နောက်ပြီး အဲဒီအပြစ်အနာအဆာဆီကပဲ နှစ်ယောက် စလုံးအတွက် အကျိုးကျေးဇူးတွေ ပြန်ရအောင်ရှာပြီး အသုံးချတတ်သွားမယ်။ 6. တူညီတဲ့ မျှော်မှန်းချက်တွေရှိတယ်။ ဒါတွေကလည်း ညှိထားစရာမလိုအောင် တိုက်ဆိုင်တတ်တယ်။ ဥပမာအားဖြင့် သင်က သစ်လုံးအိမ်လေးနဲ့ အေးအေးချမ်းချမ်းနေချင်တယ်ဆိုရင် သူဟာ သင်နဲ့မပတ်သက်ခင်တုန်းက တိုက်ကြီးတာကြီးနဲ့ နေချင်သူ ဖြစ်ချင်ဖြစ်မယ် … သင်နဲ့ပတ်သက်ပြီးရင်တော့ သင့်စိတ်ကူးနဲ့ ထပ်တူထပ်မျှ ဖြစ်နေပါလိမ့်မယ်။ 7. အထီးကျန်မှုမခံစားရတော့ဘူး။ သင်ဟာ သူ့ကိုယ်တစ်ကယ်ချစ်ပြီဆိုရင် တစ်ယောက်တည်း ရှိနေချိန်မှာတောင် အထီးကျန်မှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်အနားမှာ သူရှိနေတယ်လို့ တွေးတောနေမှာမို့လို့ပါ။ အဲဒီလိုပဲ သူကလည်း ထပ်တူ တွေးတောနေမှာမို့ အတွေးလေးထဲမှာ နှစ်ယောက်သားအမြဲတမ်း တွေ့ဆုံနေမှာပါ။ 8. မနာလိုဖြစ်တာ မလုံမလဲဖြစ်တာမျိုးရှိမှာမဟုတ်။ မျက်ကွယ်မှာပဲဖြစ်ဖြစ် မျက်မှောက်မှာပဲဖြစ်ဖြစ် သင်ရဲ့ ဖူးစာဖတ်ကို သင်စိတ်ချပါတယ်။ မနာလိုစိတ်လည်း မဖြစ်ပါဘူး။ ဘာကြောင့်ဆို သူမဟာ သင်နဲ့တစ်ထပ်တည်းကျတယ်ဆိုတာကို သိနေလို့ပါဘဲ။

အွန်လိုင်းတော်ကီ
အွန်လိုင်းတော်ကီ
လက်တွေ့
............
အိမ်က ဘိုးတော်ကွာ...
ပလိန်းကြီး လာရစ်နေတာနဲ့ ပြန်ကောပေးလိုက်တယ်...
အန်းတိတ်အဘိုးကြီးတွေ ချီးတော်တော်ပေါက်တာပဲ.....။
အွန်လိုင်း
..............
အဖေ ဆိုတာ ငါတို့အိမ်ရဲ့ အမိုး.....
ငါတို့ အနာဂတ်ကို.... ပံပိုးပေးတဲ့ မဟာကျေးဇူးရှင်ကြီးပေါ့..
(Like တွေ ထောင်သောင်းချီ)
လက်တွေ့
..........
အမေရာ..ပိုက်ဆံလေး (၂)သောင်းလောက်တောင်းတာ အဖြစ်သဲနေလိုက်တာ..
မွေးတုန်းကမွေးထားပြီး.. ကိုယ့်သမီးလေး လူရာဝင်အောင်တော့ ထားရမှာပေါ့..
အမေတို့က မမိုက်ပါဘူး.... တော်ပြီ ဒီနှစ်စာမေးပွဲမကျကျအောင်ဖြေပြမယ်ကြည့်နေ့
အွန်လိုင်း
..............
မြင့်မိုရ်ထက်မြင့်သောနေရာဟာ မေမေ့ မေတ္တာပါပဲ..မေမေ
သမီးရှိခိုး ဦးခိုက်လျက်ပါ
(Like တွေ ထောင်သောင်းချီ)
လက်တွေ့
..........
ဟွန်း ကိုကိုကလည်း ပန်းခြံကြီးထဲတော့ မသွားချင်ပါဘူး... မသကာ လုံလုံခြုံခြုံရှိတဲ့ ဟိုတယ်ဆိုတော်သေး..ဟို ရေချိုးခန်း..အိမ်သာတွဲရက်နော်..သိလား
အွန်လိုင်း
..................
မိန်းမကောင်းဆိုတော ပန်းလေးတစ်ပွင့်လိုပဲ. .လိပ်ပြာတွေဘယ်လောက်ဝန်းရံရံ. ကိုယ့်အပျိုစင်ဘ၀ကို ဆူးတွေနဲ့ ကာကွယ်ထားရတဲ့ နှင်းဆီလိုပါ...ရှင်
(Like တွေ ထောင်သောင်းချီ)
လက်တွေ့
.............
ဟာကွာ..ဒီအဘွားကြီးလာတာနဲ့ ကားလမ်းတွေပိတ်ကုန်ပြီး..လခွီး..ဒီမှာ စော်နဲ့ချိန်းထားတာ..စောက်ဂွပဲ..
အွန်လိုင်း
................
ဒီနေ့ အမေ့ ဟောပြောပွဲကို သွားအားပေးခဲ့တယ်..
အို ခေါင်းဆောင်ကောင်းပီသပြီး ကျက်သရေရှိလိုက်တာ မေမေ.....။
(Like တွေ ထောင်သောင်းချီ)
လက်တွေ့
............
တောက်...ဒီတရားပွဲက လော်စပီကာ ငါ့အိမ်ဘက်ကိုမှ လှည့်ထားတယ်
နားညည်းလိုက်တာ..........ဘီယာဆိုင်ပဲလစ်တာကောင်းတယ်..။
အွန်လိုင်း
................
အမျိုး ဘာသာ သာသနာ ကို ကျုပ်တို့ အရိုးတွေ စီးရိုးထိုးပြီး ကာကွယ်ကြစို့...
ကျုပ်တို့ရဲ့ ဓားတွေကို သွေးထားကြ..... ဘာသာ သာသနာအတွက် အသက်ပေးကြ..
(Like တွေ ထောင်သောင်းချီ)
အဲ့ဒီလို..အဲဒီလို..ပါ............ညီလေးရေ..
ယောကျာ်းတို့ဘက်မှတောင်းဆိုချတ်
၁။ ယောက်ျားတွေက စိတ်တန်ခိုးမရှိပါဘူး။ ဒါကြောင့် မိန်းမတွေရဲ့ စိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်ပါ။
၂။ အမှားလုပ်ပြီး ငိုပြခြင်းသည် ယောက်ျားများကို အနိုင်ကျင့်ခြင်းဖြစ်သည်။
၃။ ဖြစ်ချင်တာ လိုချင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ရှင်းရှင်းပြောရရင် မသိမသာပြောလို့လဲ ကျွန်တော်တို့က မသိဘူး။ အရိပ်ပြရင်လဲ ကျွန်တော်တို့က ယောင်ဝါးဝါး။ ဒီတော့ အရှင်းဆုံးက ပြောချလိုက်ပါ။
၎။ Yes ဒါမှမဟုတ် No ဆိုတာ ကျွန်တော်တို့အတွက် မေးခွန်းတိုင်းကိုဖြေဖို့ Perfect အဖြစ်ဆုံး အဖြေပဲ။
၅။ ပြဿနာတစ်ခုကို ပြောပြမယ်ဆိုရင် ကျွန်တော်တို့ကို ဖြေရှင်းစေချင်တယ်ဆိုမှ ပြောပြပါ။ မပတ်သတ်စေချင်ရင် အစထဲက ပြောကိုပြောပြမနေနဲ့။
၆။ ကျွန်တော်တို့ ပြန်ဖြေလိုက်တဲ့အဖြေက ခင်ဗျားအတွက် ခံစားချက် ၂ မျိုး ရစေတယ်။ အဲ့ဒီထဲက တစ်မျိုးက ၀မ်းနည်းပြီး ဒေါသထွက်စေတယ်ဆိုရင် ကျွန်တော်တို့ ဆိုလိုတဲ့အဖြေက အဲ့လိုမခံစားစေလိုတဲ့ နောက်တစ်ခုပဲ။
၇။ကျွန်တော်တို့ကို တစ်ခုခု လုပ်စေချင်ရင် တောင်းဆိုနိုင်တယ်။ ဒါမှမဟုတ် ကျွန်တော်တို့ဘာသာ ဘယ်လိုလုပ်လိုက်လို့လဲ ပြောနိုင်တယ်ခင်ဗျား။ တောင်းဆိုချင်သလို ပုံစံရော ကျွန်တော်တို့ ကိုယ့်ဟာကိုယ် လုပ်လိုက်မဲ့ပုံစံကော နှစ်ခုလုံးတော့မရဘူး။
၈။ ဖြစ်နိုင်ရင် TV ကြည့်နေတုန်း စကားပြောချင်တယ်ဆိုကြော်ငြာ လာနေတဲ့အချိန်မှာ ပြောပါ။
၉။ CHRISTOPHER COLUMBUS က ညွှန်ကြားချက်နဲ့ သွားတဲ့လူ မဟုတ်ဘူး။ ကျွန်တော်တို့လဲ တူတူပဲ။
၁၀။ ကျွန်တော်တို့ ယောက်ျားတွေက အရောင် ၁၆ မျိုးလောက်ပဲသိတယ်။ Window မှာဆို Default Setting လိုပေါ့။ မရမ်းဖျော့ရောင်တို့ ဖက်ဖူးစိမ်းရောင်တို့ ရှုပ်ထွေးတဲ့အရောင်တွေကို မသိလို့ စိတ်မတိုပါနဲ့။
၁၁။ ဘာဖြစ်နေလဲဟင်လို့ ကျွန်တော်တို့ မေးတဲ့အခါ ဘာမှမဖြစ်ဘူးလို့ ခင်ဗျား ပြန်ဖြေတယ်ဆိုရင် ဟုတ်ပြီ ဘာမှမဖြစ်ဘူးလို့ပဲ သတ်မှတ်လိုက်တယ်။ တစ်ကယ်တော့ ခင်ဗျား တစ်ခုခုဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ အဲ့တာကို မရမချင်းမေးဖို့ စိတ်မရှည်ဘူးဗျ။
၁၂။ ခင်ဗျားကိုယ်တိုင် မဖြေချင်တဲ့ မေးခွန်းမျိုး ကျွန်တော်တို့ကိုမေးတဲ့အခါ ကျွန်တော်တို့ ဖြေမဲ့အဖြေကလဲ ခင်ဗျားကြားချင်တဲ့ အဖြေမျိုး မဖြစ်နိုင်ဘူးဆိုတာ ကြိုသိထားပါ။
၁၃။ ခင်ဗျားမှာ အ၀တ်စားတွေအများကြီး၊ ဖိနပ်တွေအများကြီး ရှိပါတယ်။ မရှိဘူးလို့ မငြီးနဲ့ ဟုတ်တယ်မလား။
ဒီစာကို ယောက်ျားတွေဖတ်ရအောင် ဝေမျှလိုက်ပါ။ သူတို့ ရယ်ကြလိမ့်မယ်။ ဒီစာကို မိန်းမတွေဖတ်ရအောင်။ ဝေမျှလိုက်ပါ။ တချို့တွေ စိတ်ဆိုးကြလိမ့်မယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ယောက်ျားတွေထက်တောင် ပိုရယ်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ အကုန်လုံး အမှန်တွေကြီးပဲကိုးဗျ။
Credit : Jay Ki
အမှန်တွေကြီးပဲကိုးဗျာ :P
ဒီအကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် share ပေးခြင်းအားဖြင့် သင်လိုအပ်တဲ့အခါ သင့် စာမျက်နှာမှာ အလွယ်တကူပြန်ကြည့်လို့ရမှာဖြစ်ပါတယ်
အနမ်းတစ်ခုရဲ့ဒိုင်ယာရီ
(၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး
၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်ကြပါတယ်...
(၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...
(၃) သုတေသနပြုချက်များအရ လူနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအကုန်လုံးနီးပါးကို အသုံးပြုတတ်ကြပါတယ်...
(၄) သင်နဲ့ ဆံပင်အရောင်တူတဲ့ သူနဲ့ နမ်းမယ်ဆိုရင် ချစ်စိတ်တွေပိုပြီးပြင်းပြလာနိုင်ပါတယ်....
(၅) ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အနမ်းပေါင်း ၂၅၀၀၀ အထိ လက်ခံရရှိနိုင်ပါတယ်... အဲ့ဒီအနမ်းတွေထဲမှာ ပါးလေးကို ဖွဖွနမ်းလိုက်တာကနေစပြီး ခြေနှစ်ဖက်ညွှတ်ခွေသွားအောင် အားပါးတရနမ်းလိုက်တာမျိုးအထိ ပါဝင်ပါတယ်....
(၆) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အမှောင်ထဲက တခြားနှုတ်ခမ်းတစ်စုံကို အလိုလိုရှာဖွေနိုင်တဲ့ အာရုံကြောစနစ်တွေပါဝင်ပါတယ်....
(၇) အနမ်းတစ်ခုဟာ နာကျင်မှုကို သက်သာစေတဲ့နေရာမှာ မော်ဖင်းထက် ဆယ်ဆ ပိုထိရောက်ပါတယ်... ဘာကြောင့်လဲဆိုတော့ အနမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုပပျောက်စေတဲ့ ဓာတ်တွေကို နှိုးဆွပေးနိုင်လို့ပါပဲ... ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်လေးတွေ ဒဏ်ရာအနာတရဖြစ်လာရင် အနမ်းလေးနဲ့ နှစ်သိမ့်ပေးတာဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နေရခြင်း ဖြစ်ပါတယ်....
(၈) ရှေးအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို အသုံးပြုပြီးနမ်းကြပါတယ်.... နှုတ်ခမ်းနဲ့ မနမ်းကြပါဘူး....
(၉) လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းတစ်လျှောက်လုံးမှာ နမ်းဖို့အတွက် ၁၄ ရက်လောက် အချိန်တွေသုံးကြရပါတယ်...
(၁၀) အကြာဆုံးအနမ်းဟာ ၁၉၈၄ ခုနှစ်က ချီကာဂိုမြို့မှာဖြစ်ခဲ့ပြီး ၁၇ ရက်နဲ့ ၁၀ နာရီခွဲ ကြာခဲ့ပါတယ်... ရုပ်ရှင်ကားထဲက အကြာဆုံးအနမ်းဟာ ၁၉၄၀ ခုနှစ်က You're in the Army Now ဆိုတဲ့ ဇာတ်ကားမှာ Jane Wyman နဲ့ Reg Toomey တို့ နမ်းခဲ့ပြီး ၁၈၅ စက္ကန့်ကြာ ရင်ချင်းအပ်ပြီး နမ်းခဲ့ကြတာဖြစ်ပါတယ်...
(၁၁) အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀ ခန့်) ရဲ့ အီတလီနိုင်ငံမှာ နမ်းနေတာကို တွေ့မြင်တဲ့ စုံတွဲတွေဟာ အတင်းလက်ထပ်ပေးစားခြင်းခံခဲ့ရပါတယ်...
(၁၂) ရုပ်ရှင်ဇာတ်ကားတွေထဲက အကြော်ကြားဆုံးအနမ်းဟာ Gone With the Wind ဇာတ်ကားထဲက Clark Gable နဲ့ Vivien Leigh တို့ရဲ့ အနမ်းဖြစ်ပါတယ်... တကယ်တော့ Gable ရဲ့ သွားတုနဲ့ ဝီစကီနံ့ထွက်တဲ့လေတွေကြောင့် Leigh ကို တုန်ခါနေတဲ့အထိ မသက်မသာဖြစ်စေခဲ့ပါတယ်....
(၁၃) အနမ်းပေးခြင်းဟာ အလှအပကုထုံးတစ်ရပ်လည်းဖြစ်ပါတယ်... နမ်းခြင်းဖြင့် သင့်ရဲ့ မျက်လုံးတွေကို တောက်ပစေပြီး သင့်အရေပြားကို ဝင်းမွတ်စေပါတယ်...
(၁၄) အနမ်းခံရတာများတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ပိုပြီးကြင်နာတတ်တဲ့သူတွေဖြစ်လာကြပါတယ်...။
Bottom Kiri
-
ပျက်စီး၊ ပျောက်ဆုံးသွားတဲ့ ဖိုင်တွေကို ပြန်ယူပေးမယ့် Stellar Data Recovery Technician 11.0.0.3 - Stellar Data Recovery ဟာ USB Drive တွေ၊ Memory Card တွေ၊ ကွန်ပျူတာ Hard Disk တွေထဲက ပျောက်ဆုံးသွားတဲ့ဖိုင်အမျိုးမျိုး၊ ဖျက်မိလိုက်တဲ့ဖိုင်အမျိုးမျို...1 year ago
လူကြိုက်များသောpostများ
-
သင် ဟာ အိပ် ရေးဝမှ ကျန်းမာမယ် ဆိုတာကို သိရက် နဲ့ ဘာလို့ ဖုန်းကိုပိတ် ပြီး သွားမအိပ် နိုင် တာလဲ?? ကျွန် တော် တို့အားလုံးဟာ ဘာလုပ် ရင် ကျန် ...
-
အရက်မူးပြီး ရည်းစားဟောင်းစီ စာပို့တတ်ကြတာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ကွဲကွာပြီးတဲ့နောက် ခံစားရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုဟ...
-
ဒီ Apk လေးကတော့ သရဲစာအုပ်တွေပေါင်းချုပ်ပြီး စုစည်းမှုအဖြစ်ထုတ်လုပ်ထားတာတဲ့ apkလေးပါ။ တခုတော့သတိပေးမယ်နော်-ကြောက်တတ်သူများလုံးဝမဖတ်ကြည့်ပါ...
-
Valentine ဆော့ဖ်ဝဲလေး ရေးထားပါတယ်။ MM-Valentine apk ထဲမှာ – ၁။ Valentine’s day history (ချစ်သူများနေ့သမိုင်းအကျဉ်း)။ ၂။ Myanmar Love song...
-
စမတ်ဖုန်းတွေပေါများလာတဲ့နောက်မှာ အင်တာနက်အသုံးပြုမှုဟာ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံအထိပါ အရေးပါ အရာရောက်လာခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက်ေ...
-
Action ကားထက် Biography၊ Drama ပိုဆန်တဲ့ ဇာတ်ကားလေးပါ။ Bruce Lee အစရှိသည့် ကွန်ဖူးသမားတွေရဲ့ ဆရာဖြစ်သူ Yip ရဲ့ အကြာင်းရိုက်ထားတာလေးပါ။ ...
-
၀၁မုန်းတယ်မပြောနဲ့ ၀၂ ကံဆုံခွင့် ၀၃ မနက်ဖြန်ပြောမယ် ၀၄ အချစ်များစွာယူ ၀၅ မင်းနဲ့ငါ ၀၆ မငြင်းပါနဲ့ ၀၇ နင့်အလှည့် ၀၈ ငါ့အနားပြန်ခဲ့ပါ ...
-
တိုက်ဆိုင်ကြီး နေ့ ခင်းဘက်လူနေအိမ်ခြေကျဲတဲ့ တောသာသာရွာ စွန်မှာကျုပ်တစ်ယောက်တည်းနေနေရတယ်ကျုပ်ကံ ကဆိုးတယ်အခုအသက်၇၀အဖွားကြီးပေမယ့် ဆွေ မျိုးကလည...
-
တဲ့ဖုန်းတွေ Root ဈာမ လိုပဲ font style မပါတဲ့ဖုန်းတွေ အကုန် ( ဥပမာ = sony /Lenovo / asus ) APK တစ်ခုတည်းနဲ့ ဓါတ်ပုံပေါ်မှာ ကြိုက် တဲ့မြန်မာ...
-
ဝေးရမယ်ဆိုတာကြိုသိနေမှတော့ ဘာမှလည်းတောင်းဆိုမနေလိုတော့ဘူး အချိန်တန်နှုတ်ဆက်ရတော့မှာပဲ လက်ပြလည်းလွမ်းမနေချင်တော့ဘူး အချစ်က၀မ်းနည်းစရာမကောင်းခဲ...
Search
Categories
- ကျန်းမာရေး (5)
- ချစ်ရေးချစ်ရာ (14)
- ဓမ္မပျိုးခင်း (2)
- နည်းပညာ (12)
- ပရလောက (4)
- မြန်မာစာတန်းထိုးဇာတ်ကားများ (1)
- လူမှုဘဝ (4)
- သတင်းများ (6)
- သမိုင်းမှတ်စုများ (4)
- သီချင်းများ (1)
- အချစ်ကဗျာများ (4)
- ဆော့ဝဲလ်များ (18)