ဝေးရမယ်ဆိုတာကြိုသိနေမှတော့ ဘာမှလည်းတောင်းဆိုမနေလိုတော့ဘူး အချိန်တန်နှုတ်ဆက်ရတော့မှာပဲ လက်ပြလည်းလွမ်းမနေချင်တော့ဘူး အချစ်က၀မ်းနည်းစရာမကောင်းခဲ့ပေမယ့် ချစ်ခဲ့မိတာက ရင်နာဖို့တော့ကောင်းခဲ့တယ် ကမ်းလက်တစ်ဖက်တောင်မပေးချင်မှတော့ လှမ်းလာမယ့်အရေးစောင့်နေလည်းအပိုပဲ အချိန်တွေတိုက်စားခံလိုက်ရတာက ထားခဲ့ခံလိုက်ရတာထက် ပိုတယ် .....
သင့်မှာ ချစ်သူတစ်ယောက်ရှိခဲ့ရင်...
ချစ်တာလည်း ခံနိုင်ရမယ်
ရစ်တာလည်း ခံနိုင်ရမယ်
သုခနဲ့လည်းတွေ့ မယ်
ဒုက္ခနဲ့လည်း တွေ့မယ်
လေညင်းလဲလာမယ်
လေပြင်းလဲလာမယ်
ရန်ဖြစ်တာလည်းရှိတယ်
ပြန်ချစ်မှာလည်းရှိတယ်
ဒေါသလည်း ထွက်မယ်
သောကလည်း ဖြစ်မယ်
တွေးလည်း ပူရမယ်
ဆွေးလည်း ယူရမယ်
အလိုလိုက်ခြင်းတွေရှိမယ်
ငိုရှိုက်ခြင်းတွေ ရှိမယ်
တခါတရံ...မှာ
စိတ်ပူခြင်းရှိမယ်
စိတ်ညစ်ခြင်းတွေရှိမယ်
ပျော်ရွှင်ခြင်းတွေရှိမယ်
ရင်ခုန်ခြင်းတွေရှိမယ်
တခါတရံ...
အရွဲ့တိုက်မယ်...
တခါတရံ...
ဂျစ်တိုက်မယ်...
ဒါတွေအားလုံးဟာ
ချစ်လို့ ဘဲ ဖြစ်တယ်...
တခါတလေ အဆင်မပြေလို့ 
စိတ်ကောက်ကြတဲ့အခါ
တသက်မမုန်းပေမဲ့
ဆက်ထုံးဖြစ်ခဲ့ရင်တောင်
ချစ်တဲ့မျက်လုံးလေးနဲ့ဘဲ ကြည့်ပြီး
တသက်လုံးကောင်းခဲ့သမျှကို
တချက်ကလေး အမှားနဲ့တော့
လက်တွဲဖြုတ်ပစ်ဖို့ ထိ
မတွေးလိုက်ကြပါနဲ့...
***အလည်သွားဖို့အခြေမပေးတဲ့
နယ်ခြားလို့ အနေဝေးတဲ့အခါ
ချော့မော့ခြင်းဆိုတာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး...
မရေရာ ပစ်ခွာစကားတွေနဲ့
သစ္စာရှားတဲ့ လူစားလို မပြောကြဘဲ...
သူ့ အတွက် အကြိုက်ကျစေမဲ့ စကားတွေနဲ့ 
သူ့ထက်ငါ မမိုက်ကြစေဖို့ ....
ဥပက္ခာ သတိတရားလေးနဲ့
မသိချင်ယောင် ဆောင်သင့်တာဆောင်
နားလည်မှုထားသင့်ရင်ထားပြီး ဆက်ချစ်ကြပါ...
.
အမှန်တော့ ဒီဘဝမှာ ချစ်သူတော်ရတာဟာ
ရှေးရေစက်ရှိကြလို့သာ ၊ ကံကြုံ လို့ လာဆုံကြတာကို
ဘယ်အတွက်ကြောင့် မုန်းကြမှာလဲကွယ်...
Credit - Nannan Oo
လက်တွေ့ဘဝ
တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရ ဆိုတာတွေက အပေါ်ယံအတွေးတွေနဲ့ ခဏတာအပြောတွေသာ ကျွန်မကတော့ အရမ်းကိုချစ်တယ်ဆိုပေမယ့် တူနှစ်ကိုယ်နေရရုံနဲ့ပဲ ထမင်းရည်သောက်ပြီး တဲအိုပျက်ထဲမှာတော့ မနေနိုင်ဘူးချစ်သူ ကျွန်မတစ်ဘ၀လုံးအတွက်ရည်ရွယ်ထားသူမို့ သေသည့်တိုင်အောင်လက်တွဲသွားချင်လို့ တော်သင့်ရုံဘ၀မျိုးတော့ရချင်ပါတယ် ဘာမှမရှိတဲ့ဘ၀မှာ အချစ်ဆိုတာတွေလည်း ရေရှည်ခံမှာမဟုတ်တာကို ကြိုသိနေလို့ ဘယ်လောက်ချစ်ပါတယ်ပြောပြော သာမန်ဘ၀အခြေအနေကိုတော့ မျှော်လင့်မိတယ် အဲ့ဒီအတွက် ရည်ရွယ်ရာတွေမရောက်သရွေ့ ကိုယ်နဲ့မင်း ဝေးနေကြဦးမှာပဲလေ ...
အချစ်နဲ့သစ္စာ
အချစ် နဲ့ သစ္စာ
ရေမြေတွေခြားပြီးဝေးကွာနေလဲ
စိတ်ချင်းနှလုံးသားချင်းနီးနေတော့
တို့နှစ်ယောက်ရဲ့အချစ်တွေကို
မပျက်စီးစေပဲဆက်ချစ်ရအောင်
ချစ်သူရေ
ရှေ့ ဆက်ရမယ်အနာဂတ်ကလမ်းကြမ်း
ခရောင်းလမ်းကိုလျောက်တဲ့ လမ်းမှာ
အေးအတူပူအမျှ မျှဝေပေးမဲ့ ချစ်ကို
ကို................
သိပ်ချစ်ပါတယ်.....။
အမြန်ဆုံးနီးစပ်နိုင်ဖို့ ဘယ်လိုအခက်အခဲရှိရှိ
မောင့်အနားချစ်ရှိရင်အရာရာကိုရင်ဆိုင်ရဲပါတယ်
အိမ်ရေးပျက်တွေညတွေမှာ
ကြယ်လေးတွေကိုကြည့်ပြီး
ကိုချစ်တဲ့ ချော ကိုယ့်ကိုလွမ်းနေပါစေလို့
ရင်ထဲမှာနေတိုင်းဆုတောင်း
တိတ်တခိုးလေးနဲ့ ပါပဲ ချစ်သူ.....။
လွမ်းပါတယ်
လွမ်းတာကို လွမ်းတယ်လို့ ပြောရင်ရိုးလို့ 
တမ်းတမိတယ်လို့ ပြောရင် ချစ်"ရယ်"မှာ
ရယ်ချင်ရယ် ပြုံးချင်ပြုံး ကိုယ် မမုန်းဘူး
အချစ်တတ်ဆုံးလူသားတစ်ဦးဆိုတာသိရင်ကျေနပ်ပါပြီ..
တို့နှစ်ယောက်ရင်ထဲအချစ်နဲ့သစ္စာတရား
တည်ရှိနေသေးသရွေ့ တော့ 
ဘယ်သူဖျက်ဖျက်မပြတ်ဘူးဆိုတာ
ကိုယ် ယုံကြည်ဆဲပါ ချစ်သူ ...
ပြတ်မဲ့ ကြိုး ယဲ့ ယဲ့ လေးကျန်ခဲ့ တောင်
မရမကဆက်မဲ့ သူပါ ချစ်သူ....
မျှော်လင့်ချက်တွေအရည်ပျော်စေမဲ့ 
စကားလုံးကြမ်းကြမ်းကိုမကြားရဲခဲ့ သူမို့ 
ရင်ထဲကမပါပဲ စကားတစ်ခွန်းမဖွင့် ချလိုက်ပါနဲ့ .....
တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေပေမယ့်
တို့အချစ်တွေကနီးနီးလေးဆိုတာ
မောင်ဘက်ကယုံကြည့်သလို
ဖြိုးဘက်ကလဲယုံကြည်ပေးပါ...
ယုံကြည်ရင်းရူးသွပ်သူမို့ ပါ
ဂေါက်တောက်တောက်ဖြစ်အောင်မလုပ်ပါနဲ့ 
လျောက်လျောက်ပြီးတွေးနေရင်
ရင်ထဲမှာအဆင်မပြေမှု့ တွေများလို့ 
သေချာတာတစ်ခုကတော့ ချောကို"ချစ်တယ်"
အင်တာနက်စာမျက်နှာမှတွေ့ရှိသောကဗျာတစ်ပုဒ်ဖြစ်ပါသည်။ရေသားသူမသိပါ။ခံစားချက်နှင့်တိုက်
ဆိုင်၍ ခံစားတင်ပြသည်...ချစ်သူသိပါစေ.....ကဗျာ ချစ်သူ
Bottom Kiri
-
ပျက်စီး၊ ပျောက်ဆုံးသွားတဲ့ ဖိုင်တွေကို ပြန်ယူပေးမယ့် Stellar Data Recovery Technician 11.0.0.3 - Stellar Data Recovery ဟာ USB Drive တွေ၊ Memory Card တွေ၊ ကွန်ပျူတာ Hard Disk တွေထဲက ပျောက်ဆုံးသွားတဲ့ဖိုင်အမျိုးမျိုး၊ ဖျက်မိလိုက်တဲ့ဖိုင်အမျိုးမျို...8 months ago
လူကြိုက်များသောpostများ
-
သင် ဟာ အိပ် ရေးဝမှ ကျန်းမာမယ် ဆိုတာကို သိရက် နဲ့ ဘာလို့ ဖုန်းကိုပိတ် ပြီး သွားမအိပ် နိုင် တာလဲ?? ကျွန် တော် တို့အားလုံးဟာ ဘာလုပ် ရင် ကျန် ...
-
အရက်မူးပြီး ရည်းစားဟောင်းစီ စာပို့တတ်ကြတာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ကွဲကွာပြီးတဲ့နောက် ခံစားရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုဟ...
-
ဒီ Apk လေးကတော့ သရဲစာအုပ်တွေပေါင်းချုပ်ပြီး စုစည်းမှုအဖြစ်ထုတ်လုပ်ထားတာတဲ့ apkလေးပါ။ တခုတော့သတိပေးမယ်နော်-ကြောက်တတ်သူများလုံးဝမဖတ်ကြည့်ပါ...
-
စမတ်ဖုန်းတွေပေါများလာတဲ့နောက်မှာ အင်တာနက်အသုံးပြုမှုဟာ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံအထိပါ အရေးပါ အရာရောက်လာခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက်ေ...
-
Valentine ဆော့ဖ်ဝဲလေး ရေးထားပါတယ်။ MM-Valentine apk ထဲမှာ – ၁။ Valentine’s day history (ချစ်သူများနေ့သမိုင်းအကျဉ်း)။ ၂။ Myanmar Love song...
-
Action ကားထက် Biography၊ Drama ပိုဆန်တဲ့ ဇာတ်ကားလေးပါ။ Bruce Lee အစရှိသည့် ကွန်ဖူးသမားတွေရဲ့ ဆရာဖြစ်သူ Yip ရဲ့ အကြာင်းရိုက်ထားတာလေးပါ။ ...
-
၀၁မုန်းတယ်မပြောနဲ့ ၀၂ ကံဆုံခွင့် ၀၃ မနက်ဖြန်ပြောမယ် ၀၄ အချစ်များစွာယူ ၀၅ မင်းနဲ့ငါ ၀၆ မငြင်းပါနဲ့ ၀၇ နင့်အလှည့် ၀၈ ငါ့အနားပြန်ခဲ့ပါ ...
-
တဲ့ဖုန်းတွေ Root ဈာမ လိုပဲ font style မပါတဲ့ဖုန်းတွေ အကုန် ( ဥပမာ = sony /Lenovo / asus ) APK တစ်ခုတည်းနဲ့ ဓါတ်ပုံပေါ်မှာ ကြိုက် တဲ့မြန်မာ...
-
တိုက်ဆိုင်ကြီး နေ့ ခင်းဘက်လူနေအိမ်ခြေကျဲတဲ့ တောသာသာရွာ စွန်မှာကျုပ်တစ်ယောက်တည်းနေနေရတယ်ကျုပ်ကံ ကဆိုးတယ်အခုအသက်၇၀အဖွားကြီးပေမယ့် ဆွေ မျိုးကလည...
-
ဝေးရမယ်ဆိုတာကြိုသိနေမှတော့ ဘာမှလည်းတောင်းဆိုမနေလိုတော့ဘူး အချိန်တန်နှုတ်ဆက်ရတော့မှာပဲ လက်ပြလည်းလွမ်းမနေချင်တော့ဘူး အချစ်က၀မ်းနည်းစရာမကောင်းခဲ...
Search
Categories
- ကျန်းမာရေး (5)
- ချစ်ရေးချစ်ရာ (14)
- ဓမ္မပျိုးခင်း (2)
- နည်းပညာ (12)
- ပရလောက (4)
- မြန်မာစာတန်းထိုးဇာတ်ကားများ (1)
- လူမှုဘဝ (4)
- သတင်းများ (6)
- သမိုင်းမှတ်စုများ (4)
- သီချင်းများ (1)
- အချစ်ကဗျာများ (4)
- ဆော့ဝဲလ်များ (18)