SIM Card တွေမှာ....
PIN lock နဲ့ PUK lock ဆိုပြီး Sim lockစနစ် နှစ်မျိုး ရှိပါတယ်...
ကျွန်တော်တို့ နိုင်ငံမှာ ၁၅သိန်းတန်။ ၅သိန်းတန် ။ ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ.... PIN lock - 12345 လို့သာမှတ်ထားလိုက်ပါ...
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို Cardချိုးပြီးတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card ချိုးထားပြီးတဲ့ Card အခွံဟာသိမ်းထားရပါမယ်..ဒါဟာတကယ်ကို အရေးကြီး ပါတယ်....ဒီCard အခွံမှာ PUK Code တွေကို ရေးပေး ထားပါတယ် ...
Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....
SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...ကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....မတိုက်တွန်းပါ....အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကသိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးတဲ့ကဒ်ထဲမှာ ပါပြီးသားပါ...
- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code (၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ....
- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ..လုပ်ဖို့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...
ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာကSIM Lock ပြောင်းခြင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...
Credit: လင်းဝင်း(နည်းပညာ)
SIM Card ရဲ့PIN / PUK Lock အကြောင်းနဲ့ Lock ကျရင် ဖြေရှင်းနည်း
သင့်ဖုန်းအခိုးခံရပါက ပြန်ရနိုင်မည့်နည်းလမ်း
သင့်ဖုန်းအခိုးခံရပါက
ပြန်ရနိုင်မည့်နည်းလမ်း
လူကြီးမင်းတို့၏ ဖုန်း ပျောက်ဆုံးခဲ့လျှင် ပြန်ရဖို့ ခက်ခဲ မှာပါ ကောက်ရသူကလဲ ဆင်းကဒ် က အသုံးမဝင်ပေမဲ့ တန်ဘိုးရှိ ဟန်းဆက်ကို တော့ ပြန်မပေး ပဲ ဆင်းကဒ် လဲပြီး အသုံးပြု တတ် ပါတယ် အဲဒီလို အသုံးပြု ခဲ့လျှင် မိတ်ဆွေ၏ ဖုန်း ဘယ်နေရာရှိနေလဲ ဆိုတာသိအောင် ဖုန်းမပျောက်ဆုံးမီ အောက်ပါအစီအစဉ်အတိုင်း ကြိုတင် ဆောင်ရွက်ထားပါ။
( ၁) *#06# ကိုဖုန်းမှာနှိပ်ပါ
(၂) နှိပ်ပြီးတဲ့အခါ IMEI Number လို့ခေါ်တဲ့ ကိန်းဂဏန်း ၁၅ လုံးပေါ်လာပါလိမ့်မယ်
(၃) အဲ့ဒီဂဏန်း ၁၅ လုံးကို သင် ဖုန်းထဲမှာမဟုတ်ပဲ အခြားတေနရာ မှာ ရေးမှတ်ထားပါ
(၄) အကယ်၍ သင့်ဖုန်းပျောက်ဆုံးတာနဲ့ ရေးမှတ်ထားတဲ့ IMEI Number ၁၅ လုံး ကို ရေးပြီး cop@ vsnl.net လိပ်စာအတိုင်း E Mail ပို့လိုက်ပါ
(၅) ကိုင်ဆောင်ထားသူက သင့်ရဲဖုန်းနံပါတ် ကိုလဲလိုက်ပါစေ သင့်ရဲ့ hand set ဘယ်နေရာမှာ ရှိနေလဲဆိုတာ သင်သိအောင်ကြာင်းကြားစာပေးပို့ ပါတယ်
ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်.။
Gmail ကို လစဉ်သုံးစွဲသူ ၁ ဘီလီယံရှိံ
Google ၏ ကာလကြာရှည်ရပ်တည်နေသော အီးမေးလ်ဝန်ဆောင်မှုဖြစ်သည့် Gmail ကို လစဉ်သုံးစွဲသူဦးရေ ၁ ဘီလီယံရှိကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဆွန်ဒါပီချိုင်းက ကြေညာခဲ့သည်။
၎င်းသည် Search, Chrome, Android, Google Pay, Maps နှင့် YouTube တို့၏နောက် Google အတွက် သုံးစွဲသူ တစ်ဘီလီယံရှိလာသော သတ္တမမြောက် ဝန်ဆောင်မှု ဖြစ်လာခဲ့သည်။
ယခုရက်သတ္တပတ်တွင် Google အပြင် Facebook ကလည်း သုံးစွဲသူအရေအတွက် အများအပြားရရှိခဲ့သည်။ Facebook ၏ ဝန်ဆောင်မှုကို မိုဘိုင်း ထုတ်ကုန်များမှ နေ့စဉ်သုံးစွဲသူဦးရေသည် ၈၉၄ သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းရှိကြောင်း မကြာသေးမီက ကုမ္ပဏီမှ ကြေညာခဲ့သည်။
Ref: TheVerge
credit internetjournal
လွယ်ကူရိုးရှင်းစွား Gmail accountဖွင့်နည်း
လွယ်ကူရိုးရှင်းစွာ Gmail account ဖွင့်နည်း
ယနေ့ခေတ်မှာလူတိုင်း Gmail account တစ်ခုလောက်ရှိသင့်ပါတယ်။
Lineပရိသတ်ကြီးအတွက် လွယ်ကူရိုးရှင်းစွာ Gmail account ဖွင့်နည်းကိုအဆင့်လိုက်တင်ပြလိုက်ပါတယ်။
၁ > Gmail account လို့ Google မှာရိုက်သွင်းပါ၊
၂ > ပေါ်လာမဲ့ စာရွက်မှာ Sign Up ကိုရှာပါ ပြီးရင်၊
၃ > Sign Up ကိုကလစ်နှိတ်ပြီးဝင်ပါ၊ နောက်ပေါ်လာမဲ့စာ ရွက်မှာ ဖေါင်ဖြည့်ရပါမယ်
၎ > Name ရဲ့အောက်မှာ First နဲ့ Last ကို သင့်သလို့ဖြည့်ပေးပါ၊ ဖြည့်ပြီးတာနဲ့ အောက်မှာ
မိမိ သုံးလိုတဲ့ အီးမေး နာမယ်ဖြည့်ရမယ်၊
၅ > Choose Your Username မှာ သင်ကြိုက်ရာ နာမယ်လှလှ လေး တွေရွေးပေါ့
ဥပမာ sintana လို့ရွေးရင် sintana@gmail.com လို့ ထွက်လာမှာ ဖြစ်ပါတယ်၊ သတိထားရမှာ
ကတော့ ကိုရွေးလိုက်တာ နာမည်တူရှိမရှိ ကိုစစ်ပါ ရှိနေရင် လိုသလို ပြုပြင်ပေါ့၊
၆ > Create a password မှာ မိမိနှစ်သက်ရာ Password ကိုရွးပါ၊
၇ > Confirm your password မှာ မိမိ ရဲ့ Password ကို ပြန်ဖြည့်ရပါမယ်၊
ဂ > Birthday အဆင့်ကတော့ မွေးန သက္ကရဇ် ဖြည့်ပါ၊
၉ > Gender အောက်က I am စာလုံးရဲ့ ညာဘက်မှာ မျှားလေးရှိတယ် ကျား/မ ရွေးပါ၊
၁၀ > Mobile Phone မှာ ဖုန်းနံပါတ်ဖြည့်ပါ၊ (မှတ်ချက် Phone နံပါတ်ထည့်ခြင်းသည် Password ကိုလုံခြုံစေပါသည)်
၁၁ > Your current email address ကိုဖြည့်ပါ အကယ်၍ သင့်မှာ အီးမေး အကောင့်မရှိသေးရင်
သင့်ရဲ့ အနီးစပ်ဆုံး မိတ်ဆွေ ရဲ့ အီးမေး ကိုဖြည့်ပါ။
၁၂ > Prove you're bit a robot အောက်က လေးထောင့်ဘောင်မှာ ကလစ်နှိတ်ပါ အောက်မှာ
မြင်နေရ တဲ့ Type the two pieces of text ဆိုတာလေး ပြောက်သွားပါလိပ်မယ်၊
၁၃ > Location ကိုရွေးပါ လက်ရှိသင်နေတဲ့ နိုင်ငံပေါ့၊
၁၄ > I agree to the Google က ဘောင်လေးထဲမှာ ကလစ်နှိတ်ပါ
၁၅ > Next Step ကိုနှိတ်ပါ။ နောက်ထပ် Page အသစ်ကို ပြောင်းသွားပါမယ်။
၁၆ > နာက်ထပ်ပေါ်လာတဲ့စာရွက်မှာ ဖုန်းနံပါဖြည့်ပေးပါ ပြီးရင် အောက်က Continue ကို နှိတ်ပါ သင်ဖြည့်ပေးမဲ့ ဖုန်းထဲ ကို Code နံပါတ်ပို့ပေးပါ လိပ်မယ်၊
နောက်ထက် Page ကိုပြောင်းသွား ပါလိပ်မယ်၊ သင့်ဖုန်းကို လဲ Message တစ်စောင်ရောက်လာပါမယ်။
၁၇ > Enter verification code ထဲ့မှာ သင့်ဖုန်းထဲ့ကို ရောက်နေတဲ့ Message ထဲက Code နံပါတ်ကို ဖြည့်ပါ ပြီးရင် Continue ကိုနှိတ်ပါ၊ နောက်ထပ် Page အသစ်ကိုပြောင်းသွားပါမယ်အထက်မှာမြင်နေရတဲ့ပုံဘေးမှာ သင့်နာမည် ကို ဖေါ်ပြထား ပါလိပ်မယ် ပုံရဲ့အောက်မှာ၊ Add Profile Photo ကနေ သင့်ပုံကို ထဲ့လိုပါက ထဲ့နိုင်ပါတယ် အကယ်၍ သင်လက်ရှိသုံးနေဆဲ စက်မှာ
သင့်ပုံ အရန်သင့် ရှီမနေရင်တော့ သူ့ဘေးက Next Step ကိုနှိတ်ပါ၊
သင့်အနေနဲ့ သင်ပုံအဆင်သင့်ရှိလို့ ပုံကိုထဲ့မယ်ဆိုရင် Add Profile Photo ကိုနှိတ်ပါ Box တစ်ခုပေါ်လာပါ မယ်၊ အဲဒီ Box ထဲက Select a photo from your computer ကိုနှိတ် ပြီး ပုံကိုရွေးပါ သင်ပုံ ပေါ်လာရင် သင်လိုသလိုအနည်းငယ် ပြင်ပါ ပြီးရင် Set as profile photo ကိုနှိတ်ပါ။ ပြီးရင် Next Step ကိုနှိတ်ပါ၊ နောက်ထက် Page အသစ်ပြောင်းသွား ပါမယ် သင့်ရဲ့ အီးမေး အကောင့်နာမည်နဲ့ အီးမေး လိပ်စာအပြည့်အစုံ ကိုသင်မြင်ရပါမယ်၊
ဒီ Page အသစ်မှာ Continue to Gmail ကလစ်ဆက်နှိတ်ပါ၊ ဒါဆိုရင် သင် အီးမေး အသစ်ဖန်တည်းတာ ပြိး သွားပါပြိ ဗဟုသုတ အနေနဲ့ ပေါ့ ခုသင်အသုံးပြုတော့မဲ့ အီးမေးဟာ 5GB အထိပေးထားပါတယ်၊ ခုသင်ဖန်တည်းခဲ့တဲ့ အဆင့်အရ ရောက်နေတဲ့ Page မှာ သင့်အကောင့်ကို သင်လိုသလို ပြောင်းလည်း လို့ရ ပါသေး တယ်၊ Gamil ထဲ ဝင်ကြည့်ချင်တာ ဆိုရင်တော့ အပေါ်က အနက်ရောင် ဘား တန်းမှာ Gmail ကိုကလစ်နှိတ်ပါ၊ တစ်ခုသတိထားရမှာက သင်က သင့်ရဲ့အီးမေး အဟောင်းကြီး ပြန်ပေါ်နေတယ် ဆိုရင်တော့ Sign Out လုပ်ပြိးမှ အသစ်ကို ပြန်ဝင်ပါ။
နောက်တစ်ဆင့်ပေါ့ Password ပြောင်းကြရအောင်
မိမိအီးမေးကို သူငယ်ချင်း ကသော်၎င်း ဘယ်သူကဘဲဖြစ်စေ ဖန်တည်းပေးထားလို့ ဒါမှမဟုတ်အကြောင်း အမျိုးမျိုး ကြောင့် Password ပြောင်းမယ်ဆိုရင် သင့်ရဲ့အီးမေးထဲကိုဝင်ပါ၊ အီးမေးထဲ ဝင်ပြီးရင်ညာဘက်
အပေါ်ထောင့်ကို ကြည့်ပါ ပင်နယံပုံလေး အထက်နေားမှာ + Share ဘေးမှာ သင်ပုံကိုသော်၎င်း
အကယ်၍ သင့်ပုံမထဲ့ထားပါ က အောက်ပါကဲ့သို့သော ပုံကို၎င်း တွေရပါမယ် အဲဒိပုံဘေးမှာ Drop Down Arrow အသေးလေး ကို နှိတ်ပါ Pop Up Box လေးကျလာပါမယ်၊
အဲ့ထဲမှာ Account, Privacy နဲ့ View Profile တို့ကိုတွေရ ပါမယ် Account ကို ကလစ်နှိတ်ပါ၊
Page အသစ်ပေါ်လာပါမယ် ဒီ Page အစ်ရဲ့ ဘယ်ဘက် အထက်မှာ Account ကိုအနီရောင်နဲ့ရေးထား
ပါတယ် သူ့အောက်မှာမှ Security ကိုရှာပြီး ကလစ်နှိတ်ပါ Page အသစ်ကိုပြောင်းသွား ပါလိပ်မယ်
Page အသစ်မှာ Change password ကိုရှာပြီး နှိတ်ပါ Page အသစ် ပြောင်းသွားပါမယ်၊
၁ > Page အသစ်က Current password မှာ လက်ရှိသုံးနေတဲ့ Password ကိုဖြည့်ပါ၊
၂ > New password မှာသင်ပြောင်းလိုတဲ့ Password အသစ်ကိုဖြည့်ပါ၊
၃ > Confirm new password သင်အသစ်ပြောင်းထားတဲ့ Password ကိုအတည်ပြုပြီး ထပ်မန်ရိုက်ပါ၊
၎ > Change password ကို နှိတ်လိုက်ပါ သင် Password ပြောင့်ပြီးသွား ပါပြိ၊
အထူးသတိပြုရန်
သင် Password ကို မဖြည့်ခင် သင်ရိုက်သွင်းမည့် Fount သည် မြန်မာလား အင်္ဂလိပ်လား ဆိုတာကိုအထူးဂရုပြုပါ၊ သင်က အင်္ဂလိပ်စာ ထင်၍ရိုက်နေသော Password သည် မြန်မာစာ
ဖြစ်နေပါက သင်ရွာလည်ပြီသာ မှတ်ပေတော့။ ဆက်လက်ဖေါ်ပြပေးနိုင်အောင်
ကြိုးစား ပါမည်။ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ကျမ်းမာချမ်းသာကြပါစေ။
Samsung Galaxy J7
Samsung Galaxy J7
အားသာချက်
ဈေးနှုန်းအလည် အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ပါဝင် ဖွဲ့စည်းပေးထားသော မှတ်ဉာဏ်၊ ကင်မရာ၊ Screen အစရှိသော စနစ်ပိုင်းများတွင် ကောင်းမွန်သည်။ ရှေ့ကင်မရာတွင် Flash မီးစနစ် ပါဝင်သောကြောင့် Selfie သမားများအတွက် အကြိုက်တွေ့စေမည့် ဖုန်းအမျိုးအစား ဖြစ်သည်။ ဖုန်းတွင်ပါဝင်သော ဘက်ထရီမှာလည်း သိုလှောင်နိုင်မှု ပမာဏ မြင့်မားသောကြောင့် ပါဝါအသုံးပြု ရာတွင်လည်း အချိန်ကြာကြာ အသုံးပြုနိုင်မည် ဖြစ်သည်။
အားနည်းချက်
မြန်မာစာတစ်ပါတည်း ပါဝင်သော်လည်း ဖုန်းတွင်ပါဝင်သော ဇော်ဂျီမြန်မာစာနှင့် ယူနီကုတ် မြန်မာစာတို့ကို အသုံးပြုပါက ဖုန်းစနစ်တစ်ခုလုံး မြန်မာစာဖြင့် ပြောင်းလဲသွားမည်ဖြစ်ပြီး Setting များအား အင်္ဂလိပ်စာဖြင့် အသုံးပြုပါက Facebook နှင့် ဖုန်း Message တို့ရှိ မြန်မာစာများအား မြင်ရမည် မဟုတ်သောကြောင့် အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးလုံး တစ်ပြိုင်တည်း အသုံးပြုနိုင်မည် မဟုတ်ပါ။
ဒီဇီုင်း
ပုံစံဒီဇိုင်းမှာ ထောင့်အနားလေးဖက် အဝိုက်ပုံစံမျိုး ပြုလုပ်ထားခြင်းဖြစ်ပြီး အရွယ်အစားမှာလည်း အနည်းငယ် ကြီးမားသည်ဟု ထင်ရသော်လည်း ကိုင်တွယ်အသုံးပြုချိန်တွင် လက်ထဲ၌ ကိုင်တွယ်ရန် အဆင်ပြေသည်ဟု ဆိုနိုင်သော ပုံစံအရွယ်အစားမျိုး ဖြစ်သည်။ ဖုန်းကိုယ်ထည်၏ ဘေးဘောင်များကို သတ္တုကိုယ်ထည် ပုံစံမျိုးဖွဲ့စည်း တည်ဆောက်ပေးထားခြင်းဖြစ်ပြီး နောက်ဘက်ကာဗာမှာ ပလတ်စတစ် ကာဗာဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၂၂ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်မှာ ၇.၈၇ စင်တီမီတာ ဖြစ်သည်။ ထုထည်မှာ ၀.၇၅ စင်တီမီတာ ဖြစ်သောကြောင့် ပါးသည်ဟုဆိုနိုင်သော အရွယ်အစားမျိုးဖြစ်ပြီး အလေးချိန်မှာ ၁၇၁ ဂရမ် ရှိမည်ဖြစ်သည်။
မြင်ကွင်း
ဖုန်း၏ Screen မျက်နှာပြင်မှာ ၅.၅ လက်မရှိသော Super AMOLED Screen အမျိုးအစားဖြစ်ပြီး 720 x 1280 Pixels (~267 ppi pixel density) သော Screen ဖြစ်သည်။
နည်းပညာ
ကင်မရာပိုင်းတွင် ကောင်းမွန်သော နည်းပညာများကို ထည့်သွင်းပေးထားသည်။ ရှေ့ကင်မရာတွင် Flash မီးပါဝင်သောကြောင့် အလင်းအားနည်းသော နေရာများတွင်လည်း Selfie ကောင်းကောင်းရိုက်နိုင် မည်ဖြစ်သည်။ ဓာတ်ပုံပိုင်းတွင် အသံများကိုပါ ထည့်သွင်းရိုက်ကူးနိုင်သော Sound & Shot စနစ်၊ ပုံမှန် Auto စနစ်အပြင် အလင်းအမှောင်များ ISO, White Balance အစရှိသည်တို့ကို ကိုယ့်စိတ်ကြိုက် ချိန်ညှိရိုက်ကူးနိုင်သော Pro စနစ်၊ လှုပ်ရှားမှုများ အားကစား ပြုလုပ်ခြင်းများကို ရိုက်ကူးနိုင်သော Sports အစရှိသော စနစ်များ ပါဝင်မည် ဖြစ်သည်။ ဖုန်း၏ Setting ပိုင်းတွင်လည်း မိမိအသုံးများသော စနစ်များအား ရွေးချယ်ကာ သီးသန့်အနေဖြင့် အလျင်အမြန် အသုံးပြုနိုင် စေရန်အတွက် ပြုလုပ်ထားနိုင်သော ပုံစံမျိုးပြုလုပ် ပေးထားသည်။ အသံပိုင်းအတွက်လည်း Sound Effect များပါဝင်မည်ဖြစ်ပြီး နားကြပ်တပ်ဆင် အသုံးပြုချိန်တွင် အဆိုပါ အသံစနစ်များကို စိတ်ကြိုက်အသုံးပြု နိုင်မည်ဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
ဖုန်းလုပ်ဆောင်ချက် များအတွက် Octa-core 1.5 GHz CPU ပါဝင်မည်ဖြစ်ပြီး ဂရပ်ဖစ် အသုံးပြုခြင်းအတွက် Mali-T720MP2 GPU ပါဝင်သည်။ မှတ်ဉာဏ်မှာ 16GB နှင့် RAM 1.5GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 128GB ထိ ထပ်တိုးနိုင်မည် ဖြစ်သည်။ 13Mega Pixel နောက်ဘက်ကင်မရာ၊ 5 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး ရှေ့ကင်မရာနှင့် နောက်ကင်မရာ နှစ်နေရာလုံးအတွက် LED Flash ပါဝင်မည်ဖြစ်သည်။ Bluetooth v4.1, A2DP နှင့် ပါဝါသိုလှောင်မှုအတွက် Li-Ion 3000 mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။ GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Micro Sim နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက J7 သည် တန်ဖိုး အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းတွင်ပါဝင် ဖွဲ့စည်းထားသော CPU, GPU, Memory အစရှိသော စနစ်ပိုင်းများတွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ ကင်မရာ နည်းပညာပိုင်းတွင် အဆင်ပြေပြေ အသုံးပြုနိုင်သည့်အပြင် ရှေ့ကင်မရာတွင် LED Flash ပါဝင်သောကြောင့် Selfie ရိုက်သူများ အဆင်ပြေနိုင်သည့်အပြင် ဖုန်း၏ Setting ပိုင်းတွင်လည်း ရှင်းလင်းသော မြင်ကွင်းမျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
နှေးကွေးလေးလံနေတဲ့ သင့် Android ဖုန်းကို ပြန်မြန်လာအောင် ဘယ်လိုလုပ်မလဲ
သင့် Android ဖုန်းအဟောင်းလေးဟာ အရင်လို မြန်ဆန်ပေါ့ပါးမှုမရှိတော့လို့ စိတ်ညစ်နေပါသလား။ ဒါဟာ ကွန်ပြူတာတိုင်း၊ ဖုန်းတိုင်းမှာ ကြုံတွေ့ရလေ့ ရှိတဲ့ပြဿနာတစ်ခုဖြစ်လို့ အရမ်းစိတ်မညစ်ပါနဲ့။
သင့်ရဲ့ဖုန်းအဟောင်းလေးကို မြန်ဆန်ပေါ့ပါးလာအောင် လွယ်လွယ်ကူကူပြန်လုပ်လို့ရတဲ့နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီထဲကမှ နှေးကွေးနေတဲ့ Android ဖုန်းစွမ်းဆောင်ရည်ကို လွယ်လွယ်ကူကူပြန်မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း (၅) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မသုံးဖြစ်တဲ့ Apps တွေအကုန် uninstall လုပ်၊ဖျက်ပစ်ပါ
ကျွန်တော်တို့ဟာ စိတ်ဝင်စားစရာ app လေးတစ်ခုတွေ့ရင် ဒေါင်းလုဒ်ဆွဲ၊ တစ်ခါနှစ်ခါစမ်းသုံးကြည့်တတ်ကြပြီး၊ သဘောမတွေ့တဲ့အခါ ဆက်မသုံးတတ်ကြပါဘူး။ ဒါပေမယ့် သင်မသုံးဖြစ်တော့တဲ့ app တွေဟာ သင့်ရဲ့ CPU ကို နှေးကွေးစေပြီး၊ ဖုန်းစစ်စတမ်ရဲ့ memory မှာလည်း နေရာယူထားတာကြောင့်၊ ဖုန်းကိုလေးကွေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီ Apps တွေကို ဖျက်ဖို့အတွက် ဖုန်း ‘settings’ ထဲကနေ ‘App Manager’ ဆီ သွားပါ။ သင်မသုံးဖြစ်တော့တဲ့ App တွေကိုရှာပြီး Uninstall လုပ်ပေးပါ။
၂။ ဖုန်းကို Update လုပ်ကြည့်ပါ
ဖုန်းထဲက app တစ်ခုဟာ အရမ်းဗားရှင်းဟောင်းနေတာကြောင့်လည်း ဖုန်းလေးနေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် Play Store ကနေ တဆင့် ဟောင်းနေတဲ့ app တွေကို update လုပ်ပေးပါ။
ဖုန်းစနစ်အတွက် update ကိုတော့ ဖုန်း ‘Settings’ ထဲက၊ About Phone နေရာမှာ update ရှိလားသွားကြည့်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းအတွက် update ရှိတယ်ဆိုရင်၊ install လုပ်လိုက်ပါ။ ဖုန်း OS ကို update လုပ်လိုက်တာကနေ အလွဲလွဲအချော်ချော်ဖြစ်သွားရတဲ့အကြောင်းတွေကြားပြီး သိပ်လန့်မနေပါနဲ့။ များသောအားဖြင့် OS update တွေဟာ ဖုန်းအတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ လုံခြုံရေးဆိုင်ရာဖြည့်စွက်မှုတွေ အပြင် စွမ်းဆောင်ရည်ပိုင်းမြှင့်တင်ပေးမှုတွေ ပါလေ့ရှိပါတယ်။
၃။ ဖုန်း Home Screen က မလိုတာတွေကိုဖြုတ်ပါ
ဖုန်းအများစုမှာ သူ့ဖုန်း home screen နဲ့ သူရှိတတ်ပါတယ်။ Home Screen ဆိုတာ သင်ဖုန်းကို စဖွင့်ဖွင့်ချင်းမြင်ရတဲ့ မျက်နှာပြင်ကို ဆိုလိုတာပါ။ ဒီ Home Screen မှာ မိုးလေ၀သဆိုင်ရာအချက်အလက်ပေးတဲ့ Widgets တွေ၊ သတင်းတွေဖော်ပြတဲ့ Widgets တွေ စသဖြင့် ပါတတ်ပါတယ်။ တကယ်လို့ သင့်ဖုန်းက ဟန်းနေတယ်ဆိုရင်၊ ဒီ widget တွေကို မထားတာအကောင်းဆုံးပါပဲ။ ဒီ့အပြင် ဖုန်း နောက်ခံပုံ (wallpaper) ကို သက်ဝင်နောက်ခံပုံ (live wallpaper) တွေထားတာကလည်း ဖုန်းစွမ်းဆောင်ရည်ကိုကျဆင်းနိုင်ပါတယ်။
၎။ ဖုန်းရဲ့ စွမ်းအင်ခြွေတာမှုနည်းလမ်း (Power Saving Mode) ကို မလိုပဲမသုံးပါနဲ့။
နေ့လယ်ပဲရှိသေးတယ်၊ ဖုန်းကအားတစ်စက်မှမရှိတော့ဘူးလား။ စွမ်းအင်ခြွေတာမှုနည်းလမ်း (Power Saving Mode) ကို ပြောင်းထားမယ်ဆိုရင် ဖုန်း ဘက်ထရီသုံးစွဲမှုသက်သာပြီး၊ အချိန်ကြာကြာပိုသုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ ဖုန်းပရိုဆက်ဆာလည်ပတ်မှုကိုကျဆင်းစေတာကြောင့် ဖုန်းက အနည်းငယ်လေးနေတယ်လို့ ထင်နေရတတ်ပါတယ်။ ဒါကြောင့် ဘက်ထရီတကယ်မနည်းနေပဲနဲ့၊ ဖုန်းကို Power Saving Mode မှာ မထားထားပါနဲ့။ တစ်ချို့လူတွေက ဘက်ထရီပိုကြာကြာခံရင်ပြီးရောဆိုပြီး တစ်ချိန်လုံး Power Saving Mode နဲ့ပဲ ဖုန်းသုံးတတ်ကြလို့ပါ။
၅။ Factory Reset ချကြည့်ပါ။
စမတ်ဖုန်းတွေဟာ ဘယ်လောက်ပဲအဆင့်မြင့်လာလာ၊ ပြီးပြည့်စုံကောင်းမွန်တဲ့အဆင့်ကိုတော့မရောက်သေးပါဘူး။ တစ်ခါတစ်လေ ကိုယ့်ဖုန်းက ဘာအပြစ်အနာအဆာကြောင့် လေးကွေးနေလဲဆိုတာ မသိနိုင်တဲ့အခြေအနေမျိုးရှိပါတယ်။ တကယ်လို့ အပေါ်ကနည်းလမ်းတွေအားလုံး လုပ်ပြီးတာတောင် ဖုန်းကလေးနေတုန်းဆိုရင်တော့၊ ဖုန်းကို Factory Reset ချကြည့်စေချင်ပါတယ်။
Factory Reset ချတာဟာ၊ ဖုန်းထဲသွင်းထားတဲ့ app တွေကြောင့်ဖြစ်နေတဲ့ပြဿနာတွေ နဲ့ တခြားဖုန်းစနစ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက၊ ဖုန်းကို Factory Reset မချခင်၊ ဖုန်းထဲက ကိုယ့်ဓာတ်ပုံ၊သီချင်း၊ဗီဒီယိုနဲ့ အရေးကြီး ဖိုင်တွေကို SD ကတ်ထဲပြောင်းထည့်တာမျိုးလုပ်ထားပါ။
SD ကတ်မရှိရင်၊ အွန်လိုင်းဖိုင်သိမ်းဆည်းရေးဝန်ဆောင်မှုတွေဖြစ်တဲ့ Dropbox ၊ Google Drive တို့မှာ ကိုယ့်ဖိုင်တွေကို သွားသိမ်းထားနိုင်ပါတယ်။ Factory Reset ချပြီးလို့ ဖုန်းပြန်တက်လာတဲ့အခါ၊ ဖုန်းဟာ သူ့ကိုထုတ်ထားတုန်းက system အခြေအနေ အတိုင်းပြန်ရောက်သွားပြီး၊ သင်ကြုံတွေ့နေရတဲ့ပြဿနာတွေ ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Clash Of Clan မှာ အောင်မြင်တဲ့ Clan တစ်ခုကို ဘယ်လိုတည်ဆောက်မလည်း
COC ခေါ် Clash of Clans ဂိမ်းဟာ ကစားသူများဟာ ရွာလေးတစ်ရွာကို တည်ဆောင်ပြီး အခြားကစားသူတွေရဲ. ရွာတွေကို သွားရောက်တိုက်ခိုက်တဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ် ။ COC ဟာ ကမ္ဘာမှာ လူသိများတဲ့ဂိမ်းတစ်ခုဖြစ်သလို မြန်မာနိုင်ငံမှာလည်း လူဆော့အများဆုံး mobile game တွေထဲက တစ်ခုဖြစ်ပါတယ် ။ အားလုံးပဲ သိကြတဲ့အတိုင်း COC မှာ Clan ထူထောင်ပြီး လူအများနဲ့ အတူတကွ ဆော့ကစားနိုင်ပါတယ်။ COC မှာ အောင်မြင်တဲ့ Clan တစ်ခုကို ဘယ်လိုတည်ဆောက်မလည်းဆိုတာ လေ့လာကြည့်ကြရအောင်ပါ ။
Clan စတင်မတည်ထောင်ခင် အချိန်အတိုင်းအတာ တစ်ခုထိ ကစားပါ
သင်ဟာ Clan တစ်ခုကို စတင်တည်ထောင်မယ်ဆိုရင် သင့် level ဟာ အနည်းဆုံး level 60 လောက် ရှိသင့်ပါတယ် ။ သင်ဟာ Clan Leader တစ်ယောက်အနေနဲ့ သင့် Clan က member တွေ သင့်ကို အလေးထားအားကိုးနိုင်ဖို့ လိုပါတယ် ။သင်ဟာ သင့် member တွေ လိုအပ်တဲ့ Level မြင့်တဲ့ Troop တွေ လှုဒါန်းနိုင်ဖို့ ၊ Clan War တွေမှာ ဦးဆောင်နိုင်ဖို့အတွက် ကျွမ်းကျင်မှုရှိတဲ့ Leader တစ်ဦးဖြစ်ဖို့ လိုအပ်တာမို့ ဂိမ်းကို များများဆော့ကစားပေးရမှာပါ ။ သင့်ရဲ. အတွေ့အကြုံဟာ တန်ဖိုးရှိတဲ့ ရလဒ်တွေကို ဖန်တီးပေးမှာပါ။
ဒါ့အပြင် သင့် Town Hall ဟာလည်း Level 7 သို့တည်းမဟုတ် 8 လောက် အနည်းဆုံးရှိရပါမယ် ။ ဒီအဆင့်လောက်ရောက်နေမှသာ သင့်ရဲ. Defense ကို အကောင်းဆုံးပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ Barbarian King လို Hero ကောင်မျိုးကိုလည်း ရရှိထားကာမှ သင့် member တွေဟာ သင့်ကို အထင်ကြီး ကြမှာဖြစ်ပါတယ်။
ဘယ်လို အမျိုးအစား Clan မျိုးကို သင်တည်ဆောက်မှာလည်း
COC မှာ အခြေခံအားဖြင့် Clan အမျိုးအစားအားဖြင့် Hardcore, Farming နဲ့ Casual ဆိုပြီး သုံးမျိုးရှိပါတယ် ။ သင့်အနေနဲ့ ဘယ်လိုအမျိုးအစား Clan ကို ဖွဲ့စည်းမှာလည်းဆိုတာ သေချာသုံးသပ်ပြီး အဲ့အတိုင်းပဲ သွားသင့်ပါတယ် ။
Hardcore Clan, ဒီအမျိုးအစား Clan တွေဟာ ဖလား(Trophy) ကို အမြဲတမ်းစုဆောင်းနေတက်ကြပြီး ၊ စစ်ကိုလိုလားတဲ့ Clan တွေပါ ။ ဒီ Clan တွေဟာ အမြဲတမ်း War တိုက်ကြတာမို့ သင့်အနေနဲ့ COC မှာ အချိန်များများ အသုံးပြုရပါမယ် ။
Farming Clan , ဒီအမျိုးအစား Clan တွေဟာ တစ်ခါတစ်ရံမှသာ အပျော်သဘောမျိုး War တိုက်တက်ကြပြီး ၊ သူတို့ဟာ Farm လုပ်ပြီး ကိုယ့် village ကို ဖွံဖြိုးဖို့ပဲ ကြိုးစားကြမှာပါ ။ ဒီ Clan မျိုးမှာကတော့ Farm လုပ်ဖို့ High Level Troops တွေ ရနိုင်ပါတယ်။
Casual Clan , Hardcore နဲ့ Farming ကို နှစ်မျိုးလုံး ပြုလုပ်တဲ့ Hybrid Clan အမျိုးအစားပဲ ဖြစ်ပါတယ် ။
Clan အမည် နှင့် Description
သင့် Clan ကို သင်မသိတဲ့ လူသစ်တွေဝင်ရောက်လာဖို့ကို မျှော်လင့်တယ်ဆိုရင်တော့ သင့် Clan နာမည်ဟာ ဆွဲဆောင်မှုရှိပြီး လူစိတ်ဝင်စားမယ့် နာမည်မျိုး ပေးရပါလိမ့်မယ် ။ လူသစ်တွေ Clan ထဲဝင်ဖို့ ရှာတဲ့အခါမှာ သင့် Clan ဟာ ထိပ်ဆုံးမှာပေါ်ဖို့အတွက် သင့် Clan နာမည်ဟာ လူစိတ်ဝင်စားမှုများတဲ့ နာမည်မျိုးလည်း ဖြစ်သင့်ပါတယ် ။
သင့် Clan ဟာ ဘယ်လို Clan အမျိုးအစား ဖြစ်တယ်ဆိုတာကို Clan description မှာ ဖော်ပြပေးရပါမယ် ။ သင့် Clan ဟာ ဘယ်လိုပုံစံမျိုးကစားမယ့် Clan ဆိုတာကို ရှင်းလင်းဖော်ပြပေးထားသင့်ပါတယ် ၊ ဒါ့အပြင် သင့်Clan ရဲ. စည်းမျဉ်းစည်းကမ်းတွေကိုလည်း ဖော်ပြပေးရပါမယ် ။
လူတိုင်းကို member ဝင်ခွင့်ပေးခြင်းကနေ စတင်ပါ
သင့် Clan စတင်တည်ထောင်ကာစမှ member တွေ ရရှိဖို့ ခဲယဉ်းနိုင်တာမို့ member အဖြစ်ဝင်ရောက်မှု အရည်အချင်းကို မကန့်သတ်သေးပဲ ဝင်လိုသူမှန်သမျှကိုဝင်ခွင့်ပေးရပါမယ် ၊ သင့်အနေနဲ့ ဝင်ရောက်လာတဲ့ member တွေထဲက အရည်အချင်းရှိသူတွေကိုသာ ဆက်လက်လက်ခံထားပြီး ညံဖျင်းပြီး Clan အတွက် အသုံးမဝင်သူဟု ယူဆသူများအား စောင့်ကြည့်လေ့လာပြီး Clan မှ ထုတ်ပယ်ပစ်နိုင်ပါသည် ။ သင့် Clan level မြင့်လာတာနဲ့အမျှ စိတ်ဝင်စားပြီး ဝင်ရောက်သူတွေ ပိုများလာမှာပါ ၊ အဲ့အချိန်အခါကျမှ သင့်အနေနဲ့ Trophy Point အကန့်အသတ်တစ်ခုထားပြီး member လက်ခံတာမျိုးပြုလုပ်နိုင်ပါတယ် ။
တိကျတဲ့ စည်းမျဉ်းစည်းကမ်းများထားရှိ လိုက်နာစေပါ
သင့်အနေနဲ့ တကယ့်ကို အောင်မြင်တဲ့ Clan တစ်ခုကို တည်ထောင်နိုင်ဖို့ဆိုရင် စည်းကမ်းဟာ အလွန်ရေးကြီးပါတယ် ။ သင်ချမှတ်တဲ့ စည်းကမ်းကို မလိုက်နာပါက မလိုက်နာသူအား သတိပေးမှုပြုလုပ်ပြီး နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက Clan မှ ထုတ်ပယ်သင့်ပါတယ် ။
စည်းမျဉ်းဥပမာ (၁) member အချင်းချင်း လေးစားသမှုရှိရန်
စည်းမျဉ်းဥပမာ (၂) War Attack ကို မည်ကဲ့သို့ အသုံးပြုရမည် စသဖြင့် သင်လိုအပ်သလို စည်းမျဉ်းဥပမာများ ထုတ်နိုင်ပါသည်။
Defense ကို အခိုင်အမာတည်ဆောက်ပါ
အရည်အချင်းရှိတဲ့ Clan တစ်ခုရဲ. အဓိက အရည်အချင်းတစ်ရပ်ကတော့ ကောင်းမွန်တဲ့ Defense ကို တည်ဆောက်ထားနိုင်ဖို့ပါ ။ storage တွေကို ကောင်းကောင်းကာကွယ်နိုင်ဖို့ ခံတပ်ကိုတည်ဆောက်သင့်ပါတယ် ။ သင့် Town Hall အနီးမှာ Mortars ကိုထားရှိပြီး အပြင်ဖက်နောက်တစ်ဆင့်မှာ Cannons တွေကို ထားရှိသင့်ပါတယ် ။ သင့်အနေနဲ့ သင့် Defense ကို အကောင်းဆုံးဖြစ်နိုင်ရန် လိုအပ်သလို ပြင်ဆင်နိုင်ပါသည်။
သင့် member တွေကို မှန်ကန်စွာ ရာထူးတိုးမြှင့်ပေးပါ
သင့် Clan Member တွေဟာ Clan မှာနေတာကြာတဲ့အခါ သဘာဝအတိုင်းပဲ ငြီးငွေ့မှုကို ဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့်မို့ သင့်အနေနဲ့ သင့် Clan မှာ တစ်လလောက် ကစားနေပြီး active ဖြစ်တဲ့ member မျိုးကို elders rank ကို ပေးသင့်ပါတယ် ။ co-leader ရာထူးကိုတော့ active ဖြစ်ပြီး အမှန်တကယ် စိတ်ချရတဲ့ လူမျိုးကိုသာ ပေးသင့်ပါတယ် ။
Clan Rank တွေကို အလွယ်တကူမပေးမိပါစေနှင့် ၊ အထူးသဖြင့် co-leader သည် member များကို kick out လုပ်နိုင်သဖြင့် သင့်နှင့်အပြင်မှာပါ ရင်းနှီးသော လူမျိုးကိုသာ ပေးသင့်ပါသည်။
Troop Donation အစီအစဉ်ကို ပြုလုပ်ပေးပါ
သင့်အနေနဲ့ member တွေကို တစ်ပတ်လျှင် ဘယ်လောက်လှူဒါန်းဖို့ သတ်မှတ်ပေးတာမျိုး သို့တည်းမဟုတ် member တစ်ဦးအနေဖြင့် သူလက်ခံရယူသော Troop အတိုင်းအတာနှင့် လိုက်လျှော်ညီထွေစွာ ပြန်လည်လှူဒါန်းရန် စည်းကမ်းမျိုး ထားသင့်ပါသည်။
Clan Wars တွေကို နိုင်အောင် ကစားပါ
အောင်မြင်တဲ့ Clan တစ်ခုဖြစ်ဖို့ အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုကတော့ Clan Leader ဖြစ်တဲ့ သင်ဟာ Clan Wars ကို အကောင်းမွန်ဆုံး စီမံညွှန်ကြား တိုက်ဖိုက်နိုင်ဖို့ပါပဲ ။ သင့် Clan ဟာ War မှာ မကြာခဏ ရှုံးနိမ့်နေမယ်ဆိုရင်တော့ များစွာသော member တွေဟာ သင့် Clan ကနေ ထွက်ခွာပြီး အခြား Clan ကို ရောက်သွားကြမှာပါပဲ ။ သင်ဟာ Clan Member စည်းလုံးညီညွတ်စွာနဲ့ Wars တိုက်နိုင်ဖို့ ဦးဆောင်မှုပေးနိုင်ရပါမယ်။
Bottom Kiri
-
ပျက်စီး၊ ပျောက်ဆုံးသွားတဲ့ ဖိုင်တွေကို ပြန်ယူပေးမယ့် Stellar Data Recovery Technician 11.0.0.3 - Stellar Data Recovery ဟာ USB Drive တွေ၊ Memory Card တွေ၊ ကွန်ပျူတာ Hard Disk တွေထဲက ပျောက်ဆုံးသွားတဲ့ဖိုင်အမျိုးမျိုး၊ ဖျက်မိလိုက်တဲ့ဖိုင်အမျိုးမျို...1 year ago
လူကြိုက်များသောpostများ
-
သင် ဟာ အိပ် ရေးဝမှ ကျန်းမာမယ် ဆိုတာကို သိရက် နဲ့ ဘာလို့ ဖုန်းကိုပိတ် ပြီး သွားမအိပ် နိုင် တာလဲ?? ကျွန် တော် တို့အားလုံးဟာ ဘာလုပ် ရင် ကျန် ...
-
အရက်မူးပြီး ရည်းစားဟောင်းစီ စာပို့တတ်ကြတာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ကွဲကွာပြီးတဲ့နောက် ခံစားရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုဟ...
-
ဒီ Apk လေးကတော့ သရဲစာအုပ်တွေပေါင်းချုပ်ပြီး စုစည်းမှုအဖြစ်ထုတ်လုပ်ထားတာတဲ့ apkလေးပါ။ တခုတော့သတိပေးမယ်နော်-ကြောက်တတ်သူများလုံးဝမဖတ်ကြည့်ပါ...
-
Valentine ဆော့ဖ်ဝဲလေး ရေးထားပါတယ်။ MM-Valentine apk ထဲမှာ – ၁။ Valentine’s day history (ချစ်သူများနေ့သမိုင်းအကျဉ်း)။ ၂။ Myanmar Love song...
-
စမတ်ဖုန်းတွေပေါများလာတဲ့နောက်မှာ အင်တာနက်အသုံးပြုမှုဟာ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံအထိပါ အရေးပါ အရာရောက်လာခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက်ေ...
-
Action ကားထက် Biography၊ Drama ပိုဆန်တဲ့ ဇာတ်ကားလေးပါ။ Bruce Lee အစရှိသည့် ကွန်ဖူးသမားတွေရဲ့ ဆရာဖြစ်သူ Yip ရဲ့ အကြာင်းရိုက်ထားတာလေးပါ။ ...
-
၀၁မုန်းတယ်မပြောနဲ့ ၀၂ ကံဆုံခွင့် ၀၃ မနက်ဖြန်ပြောမယ် ၀၄ အချစ်များစွာယူ ၀၅ မင်းနဲ့ငါ ၀၆ မငြင်းပါနဲ့ ၀၇ နင့်အလှည့် ၀၈ ငါ့အနားပြန်ခဲ့ပါ ...
-
တိုက်ဆိုင်ကြီး နေ့ ခင်းဘက်လူနေအိမ်ခြေကျဲတဲ့ တောသာသာရွာ စွန်မှာကျုပ်တစ်ယောက်တည်းနေနေရတယ်ကျုပ်ကံ ကဆိုးတယ်အခုအသက်၇၀အဖွားကြီးပေမယ့် ဆွေ မျိုးကလည...
-
တဲ့ဖုန်းတွေ Root ဈာမ လိုပဲ font style မပါတဲ့ဖုန်းတွေ အကုန် ( ဥပမာ = sony /Lenovo / asus ) APK တစ်ခုတည်းနဲ့ ဓါတ်ပုံပေါ်မှာ ကြိုက် တဲ့မြန်မာ...
-
ဝေးရမယ်ဆိုတာကြိုသိနေမှတော့ ဘာမှလည်းတောင်းဆိုမနေလိုတော့ဘူး အချိန်တန်နှုတ်ဆက်ရတော့မှာပဲ လက်ပြလည်းလွမ်းမနေချင်တော့ဘူး အချစ်က၀မ်းနည်းစရာမကောင်းခဲ...
Search
Categories
- ကျန်းမာရေး (5)
- ချစ်ရေးချစ်ရာ (14)
- ဓမ္မပျိုးခင်း (2)
- နည်းပညာ (12)
- ပရလောက (4)
- မြန်မာစာတန်းထိုးဇာတ်ကားများ (1)
- လူမှုဘဝ (4)
- သတင်းများ (6)
- သမိုင်းမှတ်စုများ (4)
- သီချင်းများ (1)
- အချစ်ကဗျာများ (4)
- ဆော့ဝဲလ်များ (18)