ကမ္ဘာကြီးကို ရွာတစ်ရွာအဖြစ် ပြောင်းလဲဖို့အတွက် ဆက်သွယ်ရေးက ထိပ်ဆုံးက အရေးကြီးပါတယ်။ လူတိုင်းရဲ့ လက်ထဲမှာ စမတ်ဖုန်းကိုယ်စီနဲ့ လန်းနေကြပါပြီ။ တကယ်လို့များ ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုအပ်ပါတယ်။
၁။ ဈေးနှုန်း
ဈေးသက်သာတယ်ဆိုရင်တော့ အရည်အသွေး နိမ့်ကျမှာ သေချာပါတယ်။ တကယ်လို့ ဖုန်းတစ်လုံးဟာ သတ်မှတ်ဈေးထက် အများကြီး နိမ့်ကျနေရင်တော့ ချွတ်ယွင်းချက် တစ်ခုခုရှိလို့ နေပါလိမ့်မယ်။ ဈေးပေါတာဝယ်ပြီး ခနလေးနဲ့ ပျက်သွားတာမျိုးက ထပ်ဝယ်ရပြီး ငွေထပ်ကုန်ပါလိမ့်မယ်။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကောင်းတဲ့ ဖုန်းတွေကို အရစ်ကျနဲ့ ဝယ်တာမျိုးက ပိုသင့်ကောင်းပါတယ်။
၂။ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ
ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက်တွေ တိတိကျကျ သိအောင် အရင်လုပ်ပါ။ ဘယ်လို လုပ်ဆောင်ချက်ကို အဓိက လိုချင်တာလဲ ဆိုတဲ့အပေါ် အခြေခံပြီး ဝယ်နိုင်ပါတယ်။ အချို့ဖုန်းတွေက ဒီဇိုင်းကောင်းသလို အချို့ကတော့ ကင်မရာကောင်းပါတယ်။ ပြီးတော့ ဂိမ်းဆော့မယ်ဆိုရင်လည်း ဂိမ်းဆော့လို့ကောင်းတဲ့ မျက်နှာပြင်နဲ့ ဖုန်းတွေအများကြီး ရှိပါတယ်။
၃။ ဒီဇိုင်း
ဖုန်းဟာ ဖက်ရှင်တစ်ခုလည်း ဖြစ်ပါလာပြီ။ ဒါကြောင့် ဖုန်းရဲ့ ဒီဇိုင်းအသွင်အပြင်ကိုလည်း ဂရုပြုပြီး ဝယ်ဖို့ လိုပါတယ်။ မဝယ်ခင်မှာ ဖုန်းကို လက်နဲ့ ကိုယ်တွယ်ပြီး ချိန်ဆကြည့်ပါ။ ကိုယ့်လက်ထဲမှာ အံဝင်ဂွင်ကျနဲ့ လှလှပပရှိနေပြီဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါပ။ဲ
Illustrator CC 2020 MasterClass သင်ခန်းစာများ
-
Illustrator ကို အဆင့်မြင့်မြင့်တတ်မြောက်ကျွမ်းကျင်လိုသူတွေအတွက် Illustrator
သင်ခန်းစာတွေကို တင်ပေးလိုက်ပါတယ်..
သင်ခန်းစာထဲက ဘာတွေကို လေ့လာနိုင်မလဲ..
Log...
6 years ago


0 Comments Received
Leave A Reply