ဗိုလ်မင်းရောင် ရဲ့ ဘ၀နိဂုံး.....
သို့သော် ဗိုလ်မင်းရောင်က သစ္စာမခံသည့်ပြင် ပြန်လည်တုံ့ပြန် ပြောဆိုသည်။ ““ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက ခုချက်ချင်းပင် သတ်ပါ””ဟု ပြောဆိုရာ အင်္ဂလိပ်တို့က ဗိုလ်မင်းရောင်ကို ခေါင်းဖြတ် သတ်ပစ်လိုက်လေသည်။ ဗိုလ်မင်းရောင် အနိစ္စရောက်သောအချိန်မှာ မြန်မာသက္ကရာဇ် ၁၂၄၉-ခုနှစ်၊ ၀ါခေါင်လဆန်း ၂ ရက်၊ (ခရစ် ၁၈၈၇ ခု၊ ဇူလိုင်လ ၂၁ ရက်) ဗုဒ္ဓဟူးနေ့ ညနေ ၄ ချက်တီးအချိန် ဖြစ်သည်။ ဗိုလ်မင်းရောင်တွင် ဇနီး ခုနစ် ယောက်ရှိရာ ပထမဇနီး မထားမှာ ဒေါ်လေးပြောင်၏ သမီးဖြစ်၍ မောင်နှမတစ်ဝမ်းကွဲ တော်သည်။ တတိယဇနီး ဒေါ်ကုံတန်နှင့် ဖွားမြင်သောသား ဦးစံဖေမှာ ၁၉၄၅-ခု မတိုင်မီက ကွယ်လွန်သွားခဲ့သည်။ ဦးစံဖေ၏ သား ဦးသိန်းမောင်မှာလည်း မြို့လုလင်တွင် နေထိုင်ကာ ကွယ်လွန်သွားခဲ့လေသည်။
ထို့နောက် ဦးမင်းရောင်၏ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော်ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ဆွဲထားကာ လူအများအား လာရောက် ကြည့်စေသည်။ ဦးမင်းရောင် ကျဆုံးပုံကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သခင်ဋီကာ စာအုပ်၊ စာမျက်နှာ ၂၁၃ တွင် အောက်ပါအတိုင်း လေးချိုးကြီးကို ရေးဖွဲ့သီကုံးခဲ့ လေသည်။
ဦးမင်းရောင် ဘွဲ့လေးချိုးကဗျာ
“မြတ်လောကီ သဘာဝတွင်ဖြင့် ဓာတ်ကောလီခါမရတာမို့၊ မြန်မာမျာ့ ဘုန်းသမ်္ဘာ၊ အိုဩ ရှုံးမှာပေါ့ ကံတစ်မျိုး၊ မန်းပျက်မှာ၊ စန်းလဂ်မသာမယာလို့၊ ဗမာ ဗမာချင်းတောင်မှ အတင်းရန်မူလို့၊ ရန်သူ ရန်သူဟူ၍ မမှတ်တဲ့ပြင်၊ ကိုယ့်တပ်ကိုယ် ပြန်နင်းရကြတဲ့၊ ဖျင်းလှတဲ့ ကမြင်းမအကောင်၊ ဗိုလ်တချို့ရယ်က၊ ကိုယ်ဖို့ အလွတ်ရုန်းရော့မလို့၊တောင် ကုန်း သာသာယာယာ “မြင်းမဏီ” စခန်းဆီက၊ တရှောင်ရှောင်ပုန်းကာ၊ အတွင်း သိတဲ့၊ မင်းအမိဖမ်းချင်ကြတဲ့ပြင်၊ ပရမ်းပတာ၊ တော်ရာတော်ရာ ပြေးကြတော့၊ အရေးရှင် မကြံသာနှင့်၊ ကံကြမ်္မာ ရှေးဝဋ်ကြွေးပေထင့်၊ “လေးတိုင်စင်” ရွာအတွင်းတွင်ဖြင့် အင်္ဂလိပ်တွေကို အတင်းကြိတ်မဟေ့လို့ စမ်းခဲ့တဲ့ (သြော်) တဖောင်ဖောင် သတင်းတွေနဲ့၊ ပြောင် ပြောင်လင်းခဲ့တဲ့၊ တောင်တွင်းက သခင်ကို အောင်တြင်းမရခင် ဖမ်းတဲ့ပြင်၊ အကြမ်းပတမ်း မလုပ်ကောင်းသော်လဲ၊ ဥကေ်္ခာင်း ဖြတ်ကာ အသေသတ်ကြသတဲ့၊ မကျေနပ်ရှာသူ ချောင်တပဲ့ ဘုန်းတို့ရဲ့ ပြေရဌ်မှာ တဘောင်နဲ့ လွမ်းရပါတော့၊ (အမယ်မင်း) တောင်မန်းမြို့ နေလနှစ်ဆောင် အညှိုးတွင်ဖြင့်။ ပြေမြန်မာတောင် မစိုးရရှာတဲ့၊ (သြော်) အခေါင်မမြန်း၊ အမှောင်သန်းသမို့ အောင်ပန်းညှိုးခဲ့ရသတဲ့ “အောင်ဆန်း”တို့ “ရွှေလရောင်”အဖိုး။
Illustrator CC 2020 MasterClass သင်ခန်းစာများ
-
Illustrator ကို အဆင့်မြင့်မြင့်တတ်မြောက်ကျွမ်းကျင်လိုသူတွေအတွက် Illustrator
သင်ခန်းစာတွေကို တင်ပေးလိုက်ပါတယ်..
သင်ခန်းစာထဲက ဘာတွေကို လေ့လာနိုင်မလဲ..
Log...
6 years ago


0 Comments Received
Leave A Reply