တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရ ဆိုတာတွေက အပေါ်ယံအတွေးတွေနဲ့ ခဏတာအပြောတွေသာ ကျွန်မကတော့ အရမ်းကိုချစ်တယ်ဆိုပေမယ့် တူနှစ်ကိုယ်နေရရုံနဲ့ပဲ ထမင်းရည်သောက်ပြီး တဲအိုပျက်ထဲမှာတော့ မနေနိုင်ဘူးချစ်သူ ကျွန်မတစ်ဘ၀လုံးအတွက်ရည်ရွယ်ထားသူမို့ သေသည့်တိုင်အောင်လက်တွဲသွားချင်လို့ တော်သင့်ရုံဘ၀မျိုးတော့ရချင်ပါတယ် ဘာမှမရှိတဲ့ဘ၀မှာ အချစ်ဆိုတာတွေလည်း ရေရှည်ခံမှာမဟုတ်တာကို ကြိုသိနေလို့ ဘယ်လောက်ချစ်ပါတယ်ပြောပြော သာမန်ဘ၀အခြေအနေကိုတော့ မျှော်လင့်မိတယ် အဲ့ဒီအတွက် ရည်ရွယ်ရာတွေမရောက်သရွေ့ ကိုယ်နဲ့မင်း ဝေးနေကြဦးမှာပဲလေ ...