၂၀၁၆ ခုနှစ် မတ် ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေး ပွဲ ဖြေဆိုခွင့်တင်ထားကြသော တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအ သီးသီးတွင် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ်စဉ်ပါသောစာမေးပွဲဝင်ခွင့်ကတ်ပြားများကို
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်(တနင်္လာနေ့)မှစ၍လည်းကောင်း၊

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှကျောင်းသား ကျောင်းသူများသည် ၂၀၁၆ ခုနှစ်
ဖေဖော်ဝါရီ ၂၄ ရက် (ဗုဒ္ဓဟူးနေ့)မှစ၍လည်းကောင်းစာမေးပွဲရက်မတိုင်မီထုတ် ယူကြရန် ဖြစ်သည်။

အခြေခံပညာအထက်တန်းကျောင်း(ကျောင်းခွဲ)နှင့် တွဲဖက်အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းသားကျောင်း သူများသည် မိမိတို့၏ စာမေးပွဲဝင်ခွင့် ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီး များထံမှ လည်းကောင်း၊ ပြင်ပမှဖြေဆိုသူများသည် စာမေးပွဲဝင်ခွင့်ကတ်ပြားများ ကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူး များထံမှ လည်းကောင်းထုတ် ယူနိုင်ကြမည်ဖြစ်သည်။

ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ခွင့်ကတ်ပြားများ ထုတ်ယူရာ တွင် အခက်အခဲရှိပါက သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊မြို့ နယ် ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့သို့ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)
Credit>>>Myanmaalinn