မယ်စကြ၀ဠာ မြန်မာ ၂၀၁၆ အဖြစ် ရွေးချယ်ထားသော ထက်ထက်ထွန်းကို ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် သတင်းများနှင့်ပတ်သက်၍ နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးသွားမည်ဖြစ်ကြောင်း မယ်စကြ၀ဠာ မြန်မာ၏ National Director ဒေါ်စိုးယုဝေက ပြောသည်။

‘‘အစ်မတို့ကတော သူတို့အ ကုန်လုံးကို သေချာသွန်သင်ဆုံးမ ထားတယ်။ မိုးစက်တို့၊မေဘရဏီတို့နေတာ ထိုင်တာကို အတုယူဖို့ ပြောထားပြီးသား။ အနုပညာအ သိုင်းအ၀ိုင်းက လူငယ်တွေကြား ထဲမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေကြတာ ပဲ။ ဒါပေမဲ့  ကိုယ်က  Miss Universe Myanmar ဖြစ်တဲ့အ တွက်    ပိုပြီးထင်ရှားတာပေါ့။ အစ်မကအကြောင်း အရာအသေးစိတ်ကို လူကြီးတစ်ယောက်အနေနဲ့ သူနဲ့မဆွေးနွေးချင်ဘူး။ သူ့ကိုတော့ တော်တော်စိတ်ဆိုးတယ်။အဲဒီအတွက် နောက်ဆုံးအနေနဲ့ ပြင်းပြင်းထန်ထန်တော့ သတိပေးရမှာပေါ့’’ဟု ဒေါ်စိုးယုဝေက ပြောသည်။
လရိပ်ပြာ အမည်ဖြင့် ဖေ့စ် ဘွတ်ခ်ပိုင်ရှင်က ထက်ထက်ထွန်း နှင့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံ ကိုတင်၍ ထက်ထက်ထွန်းကို ၎င်း ၏ရည်းစားနှင့်တွဲနေသည်ဆိုကာ ရေးသားခဲ့သည်။

‘‘အမ်မရည်းစားကို ညီမ လေးဆီလှူလိုက်ပြီ။ အကြိမ် ပေါင်းများစွာလည်း မိပြီးပြီ။ ဒီ တစ်ကြိမ် ဟိုတယ်မှာမိတာတော့ အရမ်းလွန်သွားပြီ  အမုန်းလည်း မပွားချင်တော့ပါဘူး။ ညီမလေး သွားပြိုင်မယ့် ၂၀၁၆ ပြိုင်ပွဲအ တွက် ကံကောင်းပါစေလို့ပဲ ဆု တောင်းပေးပါမယ်’’ဟု ရေးသား ထားသည်။ ယင်းကိစ္စကိုဖေ့စ် ဘွတ်ခ် အသုံးပြုသူများက ပြန် လည်မျှဝေခဲ့ကြကာ ၂၀၁၆ မယ် စကြ၀ဠာပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အလှမယ်တစ်ဦး အနေဖြင့် မဖြစ်သင့်ကြောင်း ဝေ ဖန်ခဲ့ကြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ထက်ထက်ထွန်းက ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ၎င်း ၏ လူမှုရေးကိစ္စများကို မိဘဆရာ သဖွယ်    ပါဝင်ဖြေရှင်းပေးသည့် မယ်စကြ၀ဠာမြန်မာ   အဖွဲ့အ စည်းကို ကျေးဇူးတင်ပြီး ၎င်းအနေဖြင့် မယ်စကြ၀ဠာ ၂၀၁၆ ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများပြုလုပ်နေ သည်ဟု ဖေဖော်ဝါရီ ၄ ရက်တွင် ရေးသားထားသည်။

 ‘‘ဒီပြဿနာက အခုမှဖြစ် တယ်ဆိုပေမယ့် ပြီးသွားတာက ကြာပါပြီ။ ဒီပြဿနာဖြစ်မလာခင် ကတည်းက အဲဒီကြားမှာ ထက် ကလေးဆန်မှုတွေ၊ မရင့်ကျက်မှု၊ အရွဲ့တိုက်မှုတွေ   ရှိလာတာက ထက်အမှားပါ။    အဲဒီအတွက် Organization ကိုသာမက ထက်ရဲ့Image တစ်ခုလုံးကို ထိခိုက်သွားတယ်ဆိုတာ အစောကတည်းက သိပါတယ်။ အဲဒီကတည်းက ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး အ ကောင်းဆုံးနေထိုင်နေပါတယ်’’ ဟု မယ်စကြ၀ဠာမြန်မာ ၂၀၁၆ အလှမယ်ထက်ထက်ထွန်းက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ Miss Universe Myanmar အပြောင်းအလဲနှင့် မစိုးယုဝေက ယခုကဲ့သို့ ပြောသည်။ ‘‘အခုသူ့ကို ကြိုရွေးထားတယ်ဆိုပေမယ့် ဒီနှစ်ရွေးမယ့် Result လည်း ရှိတာဆိုတော့ ဒီနှစ်လူကို လွှတ်တာမျိုးလည်းဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ သူက လွှတ်လို့မရတော့တဲ့ အခြေအနေ မျိုးအထိ ဆိုးရွားတယ်ဆိုရင်တော့ လုံးဝမလွှတ်တော့ဘူး။ ဒါပေမဲ့ ရှေ့နှစ်က Runner Up တွေ လွှတ်ဖို့ကတော့ လုံးဝအစီအစဉ် မရှိပါဘူး’’ဟု ၎င်းက ပြောသည်။
 
Credit – 7 days