KitKat ကိုသာ ရရှိသေးတဲ့ Android Phones နဲ့ Tablets များစွာ ရှိနေပါသေးတယ်။ သင်လည်း KitKat ကို အသုံးပြုနေရသေးတဲ့ လူတစ်ယောက်ဆိုရင်တော့ Android KitKat ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို မျှဝေလိုက်ပါတယ်။
၁။ သင့်ရဲ့ မျက်နှာနဲ့ ဖုန်းကို Unlock လုပ်ပါ။
သင့်ရဲ့ မျက်နှာကို အသုံးပြုပြီး ဖုန်းကို Unlock လုပ်နိုင်ရင် Passcode , PIN တွေ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Settings>Security> Screen Lock ထဲသွားပြီး Face Unlock ကို Enable လုပ်ပါ။ ပြီးရင် ဖုန်းက သင့်မျက်နှာကို အရှေ့ဘက် ကင်မရာကနေ Scan ပြုလုပ်မှာ ဖြစ်ပြီး သင့်မျက်နှာကို မှတ်သား ထားမှာ ဖြစ်ပါတယ်။
Scan ပြုလုပ်ရာမှာ မတူညီတဲ့ အလင်းရောင် အခြေ အနေများဖြင့် သင့်မျက်နှာကို ခွဲခြား မှတ်သား ထားမှာပါ။ အဲဒီ အတွက် နေ့ဘက်တွင် ဖြစ်စေ၊ ညဘက်တွင် ဖြစ်စေ ဖုန်းက သင့်မျက်နှာကို ကောင်းစွာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်က တစ်စုံ တစ်ယောက်က သင့်ရဲ့ ဓါတ်ပုံ တစ်ခုကို အသုံးပြုပြီး ဖုန်းကို Unlock လုပ်နိုင်တာကို သတိပြုပါ။
၂။ ART ကို အသုံးပြုပါ။
App Runtime ဟာ သင့်ရဲ့ Apps များကို မောင်းနှင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ Lollipop မှာ Google က ယခင်အသုံးပြုခဲ့တဲ့ Dalvik Runtime ကို ဖယ်ရှားထားပြီး ပိုမို စွမ်းရည် ပြည့်ပြီး ချောမွတ်တဲ့ ART Runtime ကို အသုံးပြု ထားပါတယ်။ ART ကို KitKat မှာ အသုံးပြုနိုင် ပေမယ့် Default အားဖြင့် Enable လုပ်ထားတာ မဟုတ်ပါဘူး။ ဒါကိုပြောင်းဖို့ အတွက် Settings> Developer Options ထဲသွားပြီး Select Runtime မှာ ART ကို ရွေးချယ် ပေးပါ။ Reboot ပြုလုပ်ပြီးရင် သင့်ရဲ့ Apps များဟာ ပိုမိုကောင်းမွန်စွာ အလုပ် လုပ်ပေးမှာ ဖြစ်ပါတယ်။
၃။ Lock Screen Widgets များကို အသုံးပြုပါ။
KitKat ရဲ့ Lock Screen မှာ Widgets များကို အသုံးပြုနိုင်ပါတယ်။ Settings> Security> Enable Widgets မှာ ဖွင့်ပေးပါ။ ပြီးရင်တော့ Lock Screen မှာ ဘယ်ကနေ ညာဘက်သို့ ပွတ်ဆွဲပြီး + အိုင်ကွန်ကို နှိပ်ပါ။ အဲဒီမှာ သင်နှစ်သက်ရာ Widgets များကို ထည့်သွင်းနိုင်ပါတယ်။
၎။ SMS App ကို ရွေးချယ်ပါ။
Google က SMS App အတွက် သူ့ရဲ့ Hangouts App ကို အသုံးပြုစေချင်တဲ့ ပုံပေါ်ပါတယ်။ ဒါပေမယ့် Stock Messaging App ကို Default အနေနဲ့ အသုံးပြုချင်ရင် ပြောင်းလဲနိုင်ပါတယ်။ Settings> Wireless and Networks ထဲသွားပြီး Default SMS App ကို သတ်မှတ်နိုင်ပါတယ်။
၅။ Google Now ကိုယ်ရေးလက်ထောက်ကို နေရာတိုင်းမှာ ခိုင်းစေပါ။
Google က Android Device တွေမှာ Google Now ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းပေးထားပါတယ်။ Ok Google လို့ အသံနဲ့ ရွတ်ဆိုလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်ကို ခိုင်းစေနိုင်ပါပြီ။ အဲဒီစွမ်းဆောင်ချက်ကိုလည်း KitKat မှာ Default အားဖြင့် Disable လုပ်ထားပါတယ်။ Google Settings> Search & Now > Voice ထဲသွားပြီး OK Google Detection ကို ရွေးပေးပါ။ ဘယ် App ကို အသုံးပြုနေသည်ဖြစ်စေ Ok Google လို့ ပြောလိုက်တာနဲ့ Google Now ကို ဖွင့်ပေးစေချင်ရင် From Any Screen Setting ကိုလည်း Enable လုပ်ပေးရမှာပါ။
၆။ ပျောက်ဆုံးသွားတဲ့ ဖုန်းမှ ဒေတာများကို ဖျက်ပါ။
ဖုန်းအခိုးခံရလို့ပဲ ဖြစ်ဖြစ်၊ ပျောက်ဆုံးသွားလို့ပဲဖြစ်ဖြစ် သင့်ဖုန်းမှ အရေးကြီးဖိုင်များကို အဝေးကနေ ဖျက်ဆီးနိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ ဖုန်း မပျောက်ခင်မှာ စွမ်းဆောင်ချက်ကို ဖွင့်ထားဖို့ လိုပါတယ်။ Google Settings> Android Device Manager ထဲသွားပြီး “ Remotely Locate This Device “ နဲ့“ Allow Remote Lock and Factory Reset “ ကို Enable လုပ်ပေးပါ။ ဖုန်းပျောက်သွားရင် Android Device Manger ၀က်ဆိုက် ဒါမှမဟုတ် အခြားဖုန်းတစ်လုံးကနေ ပျောက်သွားတဲ့ဖုန်းကို မြေပုံမှာ ခြေရာခံနိုင်တာ၊ Lock ပြုလုပ်တာ၊ ဒေတာများကို ဖျက်ဆီးတာတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Credit - Myanmar digital life