ရန်ကုန်၊ဖေဖော်ဝါရီ ၆ မိသားစုလိုက် အပန်းဖြေအနားယူရန် တရုတ်နှစ်သစ်ကူးရက်ဖြစ်သော ဖေဖော် ဝါရီလ၈ ရက်မှစ၍တရုတ်နိုင်ငံသား ၄ဝဝကျော် မြန်မာနိုင်ငံသို့ ပထမဆုံး အ ကြိမ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး ညွှန်ကြားမှု ဦးစီးဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာန ညွန်ကြားမှူး ဦးမြင့်ထွေးက ပြောကြား သည်။ မော်တော်ယာဉ်အစီးရေ ၁၃ဝဖြင့် တရုတ်ခရီးသွား ၄၄၁ဦးသည် မြန်မာ-တရုတ်နယ်စပ်ဖြစ်သော မူဆယ်မြို့မှ စတင်ဝင်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ခရီးစဉ် ၁၅ခုကိုဖေဖော်ဝါရီလ ၈ရက်မှ ၁၈ရက်ထိ သွားရောက်မည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ “အရင်နှစ်တွေထဲက လာချင်နေကြတာပါ။ တခြားရက်တွေမှာ တရုတ် ခရီးသွားဧည့်သည်တွေလာခဲ့တာတွေရှိခဲ့တော့ မြန်မာနိုင် ငံရဲ့ အလှအပကို ပိုသိလာ တယ်။အခုနိုင်ငံရေးအခြေအနေက ကောင်းလာပြီဆိုတော့ ပိုလာချင် တာပါ”ဟု ၄င်းကဆိုသည်။ ခုနစ်ရက်ကြာ လာရောက်လည်ပတ်မည့် တရုတ်ခရီးသွားများသည် ပြင်ဦးလွင်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ရန်ကုန်၊ ငွေဆောင်နှင့် မူဆယ်မြို့များသို့ သွားရောက် မည်ဖြစ်သည်။ခရီးသွားလုပ်ငန်း အမျိုးအစားများတွင် တစ်ခုပါဝင်သည့် အပန်းဖြေခရီးသွားအဖြစ်မြန်မာနိုင်ငံအတွင်း သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ အတာသင်္ကြန်ပွဲတော်ရက်ရှည်အားလပ်ရက်များ၌ ကမ္ဘာလှည့် ခရီးသွားဧည့် သည်များ လာရောက်ကြပြီး နိုင်ငံတကာတွင်လည်း မိသားစုအားလပ်ရက် အပန်းဖြေခရီးသွားလာခြင်း၊ခရစ်စမတ်နှစ်သစ်ကူးရက်ရှည်ခရီးသွား လာခြင်း၊ တရုတ်နှစ်သစ်ကူး ခရီးသွားလာခြင်းများဖြင့် အပန်းဖြေခရီးသွားလာ လျက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှသိရ သည်။ “ကမ္ဘာလှည့်ခရီးသွားဧည့်သည်က ဒီနှစ်ဒီဇင်ဘာမှ တိုးလာတာပါ။အရေ အတွက်အတိအကျကိုတော့ စာရင်း မချုပ်ရသေးတဲ့အတွက် ရာခိုင်နှုန်း နဲ့ပဲ ဖော်ပြပေး လိုက် တာပါ” ဟိုတယ်နှင့်ခရီးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။ နယ်စပ်ဝင်ပေါက်များမှ ကမ္ဘာလှည့် ခရီးသွားဧည့်သည် လာရောက်မှု သည် နှစ်စဉ်၂ဝရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း၊ မြန် မာနိုင်ငံ သို့ နယ်စပ်ဝင်ပေါက်များမှကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုသည် ၂ဝ၁၅ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ၁၁၄ ကြိမ်ရှိပြီး ခရီးသွားဧည့် သည် ၈ဝရာ ခိုင်နှုန်း တိုးလာခဲ့ကြောင်း၊၂ဝ၁၄ ခုနှစ်တွင်အကြိမ် ၈ဝ ရှိ ကာ ခရီးသွား ဧည့်သည် ၁၆၉၂ဦးရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ် ငန်းဝန်ကြီး ဌာနထံမှသိရသည်။ Credit>>>The Voice Weekly
Illustrator CC 2020 MasterClass သင်ခန်းစာများ
-
Illustrator ကို အဆင့်မြင့်မြင့်တတ်မြောက်ကျွမ်းကျင်လိုသူတွေအတွက် Illustrator
သင်ခန်းစာတွေကို တင်ပေးလိုက်ပါတယ်..
သင်ခန်းစာထဲက ဘာတွေကို လေ့လာနိုင်မလဲ..
Log...
6 years ago


0 Comments Received
Leave A Reply