ကမ္ဘာကြီးကို ရွာတစ်ရွာအဖြစ် ပြောင်းလဲဖို့အတွက် ဆက်သွယ်ရေးက ထိပ်ဆုံးက အရေးကြီးပါတယ်။ လူတိုင်းရဲ့ လက်ထဲမှာ စမတ်ဖုန်းကိုယ်စီနဲ့ လန်းနေကြပါပြီ။ တကယ်လို့များ ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုအပ်ပါတယ်။
၁။ ဈေးနှုန်း
ဈေးသက်သာတယ်ဆိုရင်တော့ အရည်အသွေး နိမ့်ကျမှာ သေချာပါတယ်။ တကယ်လို့ ဖုန်းတစ်လုံးဟာ သတ်မှတ်ဈေးထက် အများကြီး နိမ့်ကျနေရင်တော့ ချွတ်ယွင်းချက် တစ်ခုခုရှိလို့ နေပါလိမ့်မယ်။ ဈေးပေါတာဝယ်ပြီး ခနလေးနဲ့ ပျက်သွားတာမျိုးက ထပ်ဝယ်ရပြီး ငွေထပ်ကုန်ပါလိမ့်မယ်။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကောင်းတဲ့ ဖုန်းတွေကို အရစ်ကျနဲ့ ဝယ်တာမျိုးက ပိုသင့်ကောင်းပါတယ်။
၂။ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ
ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက်တွေ တိတိကျကျ သိအောင် အရင်လုပ်ပါ။ ဘယ်လို လုပ်ဆောင်ချက်ကို အဓိက လိုချင်တာလဲ ဆိုတဲ့အပေါ် အခြေခံပြီး ဝယ်နိုင်ပါတယ်။ အချို့ဖုန်းတွေက ဒီဇိုင်းကောင်းသလို အချို့ကတော့ ကင်မရာကောင်းပါတယ်။ ပြီးတော့ ဂိမ်းဆော့မယ်ဆိုရင်လည်း ဂိမ်းဆော့လို့ကောင်းတဲ့ မျက်နှာပြင်နဲ့ ဖုန်းတွေအများကြီး ရှိပါတယ်။
၃။ ဒီဇိုင်း
ဖုန်းဟာ ဖက်ရှင်တစ်ခုလည်း ဖြစ်ပါလာပြီ။ ဒါကြောင့် ဖုန်းရဲ့ ဒီဇိုင်းအသွင်အပြင်ကိုလည်း ဂရုပြုပြီး ဝယ်ဖို့ လိုပါတယ်။ မဝယ်ခင်မှာ ဖုန်းကို လက်နဲ့ ကိုယ်တွယ်ပြီး ချိန်ဆကြည့်ပါ။ ကိုယ့်လက်ထဲမှာ အံဝင်ဂွင်ကျနဲ့ လှလှပပရှိနေပြီဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါပ။ဲ
ဖုန်းမဝယ်ခင် သတိထားသင့်တဲ့ အချက် (၃) ချက်
ဖုန်းမဝယ်ခင် သတိထားသင့်တဲ့ အချက် (၃) ချက်
ကမ္ဘာကြီးကို ရွာတစ်ရွာအဖြစ် ပြောင်းလဲဖို့အတွက် ဆက်သွယ်ရေးက ထိပ်ဆုံးက အရေးကြီးပါတယ်။ လူတိုင်းရဲ့ လက်ထဲမှာ စမတ်ဖုန်းကိုယ်စီနဲ့ လန်းနေကြပါပြီ။ တကယ်လို့များ ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုအပ်ပါတယ်။
၁။ ဈေးနှုန်း
ဈေးသက်သာတယ်ဆိုရင်တော့ အရည်အသွေး နိမ့်ကျမှာ သေချာပါတယ်။ တကယ်လို့ ဖုန်းတစ်လုံးဟာ သတ်မှတ်ဈေးထက် အများကြီး နိမ့်ကျနေရင်တော့ ချွတ်ယွင်းချက် တစ်ခုခုရှိလို့ နေပါလိမ့်မယ်။ ဈေးပေါတာဝယ်ပြီး ခနလေးနဲ့ ပျက်သွားတာမျိုးက ထပ်ဝယ်ရပြီး ငွေထပ်ကုန်ပါလိမ့်မယ်။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကောင်းတဲ့ ဖုန်းတွေကို အရစ်ကျနဲ့ ဝယ်တာမျိုးက ပိုသင့်ကောင်းပါတယ်။
၂။ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ
ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက်တွေ တိတိကျကျ သိအောင် အရင်လုပ်ပါ။ ဘယ်လို လုပ်ဆောင်ချက်ကို အဓိက လိုချင်တာလဲ ဆိုတဲ့အပေါ် အခြေခံပြီး ဝယ်နိုင်ပါတယ်။ အချို့ဖုန်းတွေက ဒီဇိုင်းကောင်းသလို အချို့ကတော့ ကင်မရာကောင်းပါတယ်။ ပြီးတော့ ဂိမ်းဆော့မယ်ဆိုရင်လည်း ဂိမ်းဆော့လို့ကောင်းတဲ့ မျက်နှာပြင်နဲ့ ဖုန်းတွေအများကြီး ရှိပါတယ်။
၃။ ဒီဇိုင်း
ဖုန်းဟာ ဖက်ရှင်တစ်ခုလည်း ဖြစ်ပါလာပြီ။ ဒါကြောင့် ဖုန်းရဲ့ ဒီဇိုင်းအသွင်အပြင်ကိုလည်း ဂရုပြုပြီး ဝယ်ဖို့ လိုပါတယ်။ မဝယ်ခင်မှာ ဖုန်းကို လက်နဲ့ ကိုယ်တွယ်ပြီး ချိန်ဆကြည့်ပါ။ ကိုယ့်လက်ထဲမှာ အံဝင်ဂွင်ကျနဲ့ လှလှပပရှိနေပြီဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါပ။ဲ
အင်တာနက်သုံးတဲ့အခါ စရိတ်သက်သာစေဖို့ နည်းလမ်းများ
စမတ်ဖုန်းတွေပေါများလာတဲ့နောက်မှာ အင်တာနက်အသုံးပြုမှုဟာ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံအထိပါ အရေးပါ အရာရောက်လာခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက် အော်ပရေတာတွေ အပြိုင်အဆိုင်ရှိလာပြီးတဲ့နောက် အင်တာနက်အသုံးပြုခြင်းအတွက် ကုန်ကျစရိတ်ဟာ အရင်လို အချိတ်သတ်မှတ်ချက်(time base) စနစ်နဲ့ မဟုတ်တော့ပဲ (data base) စနစ်တွေပါပေါ်ပေါက်လာခဲ့ပါတယ်။ အင်တာနက်မြန်ဆန်ခြင်းဆိုတဲ့ အရေးပါမှုတစ်ခုတည်းနဲ့ အားလုံးဟာ data base စနစ်ကို မျက်စိကျလာရပါတော့တယ်။ ဒါပေမယ့် ကိုယ်အသုံးပြုတဲ့ ပမာဏအလိုက် ပေးဆောင်ရတဲ့ data base စနစ်ဟာ စမတ်ဖုန်းအကြောင်း နားလည်ထားဖို့တော့ လိုပါတယ်။ ဒါမှသာ သင်မလိုအပ်ပဲ ကုန်ကျနေတဲ့ အင်တာနက်စရိတ်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဘယ်သူမှ အင်တာနက်ဖိုးကုန်ကျငွေကို ခပ်များများ ပေးဆောင်ချင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ စမတ်ဖုန်းသုံးတဲ့အခါ အင်တာနက် data တွေ ဘယ်လိုလျှော့ချရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ သင် ဘယ်လောက်ပမာဏ သုံးစွဲမှာလဲ သင့်အနေနဲ့ အင်တာနက်အသုံးပြုမှုကို တစ်လမှာ ဘယ်လောက်ပမာဏ သုံးစွဲမှာလဲဆိုတာ ရွေးချယ်ထားသင့်ပါတယ်။ တစ်လအတွက် 1 GB၊ 2 GB စတဲ့ရွေးချယ်မှုတွေကို သင်ပြုလုပ်နိုင်ပါတယ်။ တစ်နေ့ကို သင်ဘယ်လောက်ပမာဏ သုံးစွဲမယ်ဆိုတာမျိုး Android စမတ်ဖုန်းတွေမှာလည်း စကန့်သတ်ထားနိုင်သလို IOS သုံး iPhone တွေမှာလည်း စီမံထားနိုင်ပါတယ်။ သင့်ရဲ့ဖုန်းမှာ ဒီလိုစွမ်းဆောင်ပေးတဲ့ ဆော့ဖ်ဝဲပါမလာခဲ့ရင် app တစ်မျိုးမျိုးနဲ့ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီအချက်မှာ အဓိကကျတာကတော့ သင့်ရဲ့တစ်နေ့တာ သို့မဟုတ် တပတ်တာ အင်တာနက်သုံးစွဲမှု ပမာဏ ဘယ်လောက်ဆိုတာကို သတ်မှတ်ထားဖို့ လိုတယ်ဆိုတာပါပဲ။ ၂။ Wi-Fi များများသုံးပါ သင်ရုံးမှာရှိနေတဲ့အခါ ဒါမှမဟုတ် Wi-Fi ရတဲ့ ကော်ဖီဆိုင်လို၊ ဟိုတယ်လို နေရာမျိုးတွေရောက်တဲ့အခါ သုံးဖို့မမေ့ပါနဲ့။ Wi-Fi ရတဲ့နေရာတိုင်း အင်တာနက်ပေါ်က သင်လုပ်စရာရှိတာတွေလုပ်တက်တဲ့ အကျင့်ဖြစ်နေပါစေ။ သင့်ရဲ့ဖုန်း Setting ထဲဝင်ပြီး Wi-Fi မိတဲ့နေရာရောက်တဲ့အခါ 3G ပိတ်ပြီး Wi-Fi အလိုလိုပွင့်လာစေအောင် စီမံထားလို့ရပါတယ်။ Wi-Fi Finder ဆိုတဲ့ apps မျိုးတွေကို Android မှာရော iOS မှာပါ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။ ၃။ နောက်ကွယ်မှ အလုပ်လုပ်နေသည့် apps များကို ပိတ်ထားပါ။ တစ်ချို့ application တွေက သင်မသိလိုက်ပဲ နောက်ကွယ်မှာ အလုပ်လုပ်နေတာမျိုးတွေရှိပါတယ်။ အင်တာနက် အသုံးပြုတဲ့အချိန်ရောက်လာတဲ့အခါ အဲဒီလို app တွေကြောင့် သင့်ရဲ့ data ဟာ အမှန်တကယ် အသုံးပြုတဲ့ပမာဏထက် ပိုမိုကုန်ကျသွားစေပါတယ်။ ဒါကြောင့်သင့်ရဲ့ဖုန်း Setting ထဲကိုဝင်ပြီး ပြန်လည်စစ်ဆေးကြည့်လိုက်ပါ။ ဥပမာ အင်တာနက်ရတဲ့ အချိန်မှာ Facebook ကိုအလိုအလျောက် update လုပ်တာမျိုး၊ email အသစ်ရှိ၊ မရှိ စစ်ဆေးတာမျိုးတွေ ဖြစ်တက်ပါတယ်။ အဲဒါကြောင့် ဂရုစိုက်ပိတ်ထားဖို့ လိုပါတယ်။ တဆက်တည်းဆိုသလို သင့်ကို remind လုပ်နေတဲ့ notifications တွေကိုလည်း ပိတ်ထားဖို့လိုပါတယ်။ သင့်အတွက် မလိုအပ်တဲ့ app တွေဆီက Notifications တွေကို ပိတ်ဖြစ်အောင် ပိတ်ထားလိုက်ပါ။ ၄။ Browser တွေပြောင်းသုံးကြည့်ပါ။ သင်ဟာ လူမှုကွန်ယက်ဖြစ်တဲ့ facebook ကိုပဲ အဓိကထားအသုံးပြုသူ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် facebook ပေါ်မှာရှိနေတဲ့ link တွေကိုနှိပ်တဲ့အခါ သင့်ရဲ့ Browser တွေကနေတဆင့် ဖွင့်တာမျိုး ရှိပါတယ်။ သင်ဟာ အခြားဝက်ဘ်ဆိုက်တွေကြည့်ဖို့အတွက် Browser ကိုမကြာခဏဖွင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပင်ဖြစ်စေ သင်အင်တာနက် data ပမာဏကုန်တာများနေပြိဆိုရင် Browser ကိုလည်း ပြောင်းလဲ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ Opera Mini လို Browser တွေက data သုံးစွဲမှုပမာဏကို သက်သာစေပါတယ်။ ၅။ နောက်မှဖတ်ပါ သင် facebook ဖွင့်နေရင်းပဲဖြစ်ဖြစ်၊ website တစ်ခုခုကိုသွားပြီး ကြည့်စရာရှိတာ ကြည့်တာပဲ ဖြစ်ဖြစ် နောက်မှ ဖတ်လို့ရအောင် လုပ်ထားလို့ရပါတယ်။ ဆိုလိုတာက သင် Wi-Fi ရနေတုန်းမှာ ဖတ်ချင်တဲ့ စာမျက်နှာတွေကို သိမ်းထားလို့ရတဲ့ app မျိုးတွေရှိပါတယ်။ သင်အေးအေးဆေးဆေးဖြစ်တော့မှ အင်တာနက်ဖွင့်စရာမလိုပဲ ဖတ်နိုင်တဲ့ app မျိုးတွေရှိပါတယ်။ Pocket လို app မျိုးတွေကို ဒီနေရာမှာသုံးဖို့အတွက် Android မှာရော IOS မှာပါ ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း စာသားတွေကို ကော်ပီကူးပြီး သင့်ရဲ့ Notes ထဲမှာ သိမ်းထားလိုက်ပါ။ ၆။ ဗီဒီယိုဖိုင်တွေ auto-play မလုပ်မိပါစေနဲ့ မြန်မာပြည်မှာဆိုရင်တော့ သင်က facebook ကိုအများဆုံးအသုံးပြုဖြစ်နေမယ်လို့ ထင်ပါတယ်။ facebook ကိုအမြဲသုံးဖြစ်တယ်ဆိုရင်သတိထားရမှာပါ News feed ကိုကြည့်တဲ့အခါ ဗီဒီယိုဖိုင်တွေ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုကြည့်တဲ့အခါ သင်ဖွင့်စရာမလိုပဲ facebook ပေါ်ကဗီဒီယိုဖိုင်တွေ အလိုအလျောက်ပွင့်နေတာမျိုး ကြုံချင် ကြုံရပါလိမ့်မယ်။ အဲဒါဆိုရင်တော့ facebook setting ထဲဝင်ပြီး အလိုအလျောက်ဗီဒီယိုဖိုင်တွေ ပွင့်နေတာကို ပိတ်ထားဖို့ လိုမှာဖြစ်ပါတယ်။ အင်တာနက် data ပမာဏလျှော့ချဖို့အတွက် သင်လုပ်ဖို့လိုအပ်တဲ့ အရာတွေပြန်ပြောရရင် ၁။ သင်တစ်နေ့ဘယ်လောက်သုံးမှာလဲ ကန့်သတ်ထားပါ။ ၂။ ဖြစ်နိုင်သမျှ Wi-Fi သုံးပါ။ ၃။ Background App များကိုပိတ်ပါ/ Notifications များပိတ်ပါ။ ၄။ Browser တွေပြောင်းသုံးကြည့်ပါ။ ၅။ ဖတ်စရာရှိတာတွေသိမ်းပြီး နောက်မှဖတ်ပါ။ ၆။ ဗီဒီယိုဖိုင်တွေ auto-play မဖြစ်ပါစေနဲ့ Credit – Duwun
သင့်ဖုန်းရေစိုသွားရင်ဒါတွေလုပ်ပါ
စမတ်ဖုန်းတွေထဲ ရေဝင်တဲ့ပြဿနာတွေ မကြာခဏ ကြားဖူးမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် သင့်ရဲ့ စမတ်ဖုန်း ရေစိုသွားခဲ့ရင်တော့ ဒီနည်းလမ်းအတိုင်း လိုက်လုပ်ကြည့်ရင် အဆင်ပြေပါလိမ့်မယ်။
၁။ ပါဝါပိတ်ပါ
ဖုန်းအခြေအနေကိုသိရဖို့ ပါဝါကို မဖွင့်ပါနဲ့တော့။ အရင်ဆုံး စက်ကိုပိတ်ထားလိုက်ပါ။ အားသွင်းကြိုးတွေလည်း တပ်မထားပါနဲ့။
၂။ ကတ်တွေထုတ်
ဖုန်းထဲက ဆင်းမ်ကတ်နဲ့ မန်မိုရီကတ်တွေကို ထုတ်ထားလိုက်ပါ။ ရေတွေ ထပ်ပြီး စိမ့်ဝင်သွားရင် ပျက်စီးသွားနိုင်လို့ ခပ်မြန်မြန်ထုတ်ပြီး အခြောက်ခံထားရပါမယ်။
၃။ တစ်ရှုးသုံးပါ
ဖုန်းထဲက ဘက်ထရီကိုလည်း ခပ်မြန်မြန်ထုတ်ပါ။ ဖုန်းကာဗာ၊ နောက်အခွံတို့လို့ ရေစိုနေတဲ့ အခြားအစိတ်အပိုင်းတွေကို တစ်ရှုးနဲ့ သုတ်ပေးရင် ရေတွေ စုပ်ယူနိုင်ပါတယ်။ ဒါတွေကိုလည်း ခြောက်အောင်သုတ်ပြီး တစ်ရှုးစက္ကူပေါ်မှာ အခြောက်ခံထားပေးပါ။
၎။ လေမှုတ်စက်
ဖုန်းထဲက ရေတွေ ခြောက်သွားအောင် လေမှုတ်စက်ရဲ့ အကူအညီကိုယူပါ။ ဆံပင်အခြောက်ခံစက် (hair dryer) ကို မသုံးပါနဲ့။ အပူချိန်ကြောင့် အထဲက ဆားကစ်တွေ ပျက်စီးသွားနိုင်ပါတယ်။
၅။ သိမ်းဆည်းပါ
အားလုံး ခြောက်သွေ့သွားပြီ ဆိုရင်တော့ ဆီလီကာဂျဲလ် (silica gel) လို့ ခေါ်တဲ့ ရေငွေ့စုပ်ယူနိုင်တဲ့ အိတ်ငယ်လေးတွေကြားမှာ ဖုန်းကို ၂၄ နာရီကျော် ထားပေးရပါမယ်။ ဆီလီကာဂျဲလ် မဟုတ်ဘူးဆိုရင် အိမ်က ဆန်ပုံးကို ရွေးချယ်နိုင်ပါတယ်။ ဆန်တွေက ဖုန်းထဲမှာရှိတဲ့ ရေငွေ့ကို စုပ်ယူပေးနိုင်တာကြောင့် ဆန်ပုံးထဲမှာ တစ်ရက်လောက် ထားလိုက်ပါ။ ဒါဆိုရင် ရေစိုသွားတဲ့ သင့်ဖုန်းလေး ပြန်ပြီး အိုကေသွားပါလိမ့်မယ်။
Bottom Kiri
-
ပျက်စီး၊ ပျောက်ဆုံးသွားတဲ့ ဖိုင်တွေကို ပြန်ယူပေးမယ့် Stellar Data Recovery Technician 11.0.0.3 - Stellar Data Recovery ဟာ USB Drive တွေ၊ Memory Card တွေ၊ ကွန်ပျူတာ Hard Disk တွေထဲက ပျောက်ဆုံးသွားတဲ့ဖိုင်အမျိုးမျိုး၊ ဖျက်မိလိုက်တဲ့ဖိုင်အမျိုးမျို...8 months ago
လူကြိုက်များသောpostများ
-
သင် ဟာ အိပ် ရေးဝမှ ကျန်းမာမယ် ဆိုတာကို သိရက် နဲ့ ဘာလို့ ဖုန်းကိုပိတ် ပြီး သွားမအိပ် နိုင် တာလဲ?? ကျွန် တော် တို့အားလုံးဟာ ဘာလုပ် ရင် ကျန် ...
-
အရက်မူးပြီး ရည်းစားဟောင်းစီ စာပို့တတ်ကြတာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ ကွဲကွာပြီးတဲ့နောက် ခံစားရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုဟ...
-
ဒီ Apk လေးကတော့ သရဲစာအုပ်တွေပေါင်းချုပ်ပြီး စုစည်းမှုအဖြစ်ထုတ်လုပ်ထားတာတဲ့ apkလေးပါ။ တခုတော့သတိပေးမယ်နော်-ကြောက်တတ်သူများလုံးဝမဖတ်ကြည့်ပါ...
-
စမတ်ဖုန်းတွေပေါများလာတဲ့နောက်မှာ အင်တာနက်အသုံးပြုမှုဟာ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံအထိပါ အရေးပါ အရာရောက်လာခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍအတွက်ေ...
-
Valentine ဆော့ဖ်ဝဲလေး ရေးထားပါတယ်။ MM-Valentine apk ထဲမှာ – ၁။ Valentine’s day history (ချစ်သူများနေ့သမိုင်းအကျဉ်း)။ ၂။ Myanmar Love song...
-
Action ကားထက် Biography၊ Drama ပိုဆန်တဲ့ ဇာတ်ကားလေးပါ။ Bruce Lee အစရှိသည့် ကွန်ဖူးသမားတွေရဲ့ ဆရာဖြစ်သူ Yip ရဲ့ အကြာင်းရိုက်ထားတာလေးပါ။ ...
-
၀၁မုန်းတယ်မပြောနဲ့ ၀၂ ကံဆုံခွင့် ၀၃ မနက်ဖြန်ပြောမယ် ၀၄ အချစ်များစွာယူ ၀၅ မင်းနဲ့ငါ ၀၆ မငြင်းပါနဲ့ ၀၇ နင့်အလှည့် ၀၈ ငါ့အနားပြန်ခဲ့ပါ ...
-
တဲ့ဖုန်းတွေ Root ဈာမ လိုပဲ font style မပါတဲ့ဖုန်းတွေ အကုန် ( ဥပမာ = sony /Lenovo / asus ) APK တစ်ခုတည်းနဲ့ ဓါတ်ပုံပေါ်မှာ ကြိုက် တဲ့မြန်မာ...
-
တိုက်ဆိုင်ကြီး နေ့ ခင်းဘက်လူနေအိမ်ခြေကျဲတဲ့ တောသာသာရွာ စွန်မှာကျုပ်တစ်ယောက်တည်းနေနေရတယ်ကျုပ်ကံ ကဆိုးတယ်အခုအသက်၇၀အဖွားကြီးပေမယ့် ဆွေ မျိုးကလည...
-
ဝေးရမယ်ဆိုတာကြိုသိနေမှတော့ ဘာမှလည်းတောင်းဆိုမနေလိုတော့ဘူး အချိန်တန်နှုတ်ဆက်ရတော့မှာပဲ လက်ပြလည်းလွမ်းမနေချင်တော့ဘူး အချစ်က၀မ်းနည်းစရာမကောင်းခဲ...
Search
Categories
- ကျန်းမာရေး (5)
- ချစ်ရေးချစ်ရာ (14)
- ဓမ္မပျိုးခင်း (2)
- နည်းပညာ (12)
- ပရလောက (4)
- မြန်မာစာတန်းထိုးဇာတ်ကားများ (1)
- လူမှုဘဝ (4)
- သတင်းများ (6)
- သမိုင်းမှတ်စုများ (4)
- သီချင်းများ (1)
- အချစ်ကဗျာများ (4)
- ဆော့ဝဲလ်များ (18)