COC ခေါ် Clash of Clans ဂိမ်းဟာ ကစားသူများဟာ ရွာလေးတစ်ရွာကို တည်ဆောင်ပြီး အခြားကစားသူတွေရဲ. ရွာတွေကို သွားရောက်တိုက်ခိုက်တဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ် ။ COC ဟာ ကမ္ဘာမှာ လူသိများတဲ့ဂိမ်းတစ်ခုဖြစ်သလို မြန်မာနိုင်ငံမှာလည်း လူဆော့အများဆုံး mobile game တွေထဲက တစ်ခုဖြစ်ပါတယ် ။ အားလုံးပဲ သိကြတဲ့အတိုင်း COC မှာ Clan ထူထောင်ပြီး လူအများနဲ့ အတူတကွ ဆော့ကစားနိုင်ပါတယ်။ COC မှာ အောင်မြင်တဲ့ Clan တစ်ခုကို ဘယ်လိုတည်ဆောက်မလည်းဆိုတာ လေ့လာကြည့်ကြရအောင်ပါ ။
Clan စတင်မတည်ထောင်ခင် အချိန်အတိုင်းအတာ တစ်ခုထိ ကစားပါ
သင်ဟာ Clan တစ်ခုကို စတင်တည်ထောင်မယ်ဆိုရင် သင့် level ဟာ အနည်းဆုံး level 60 လောက် ရှိသင့်ပါတယ် ။ သင်ဟာ Clan Leader တစ်ယောက်အနေနဲ့ သင့် Clan က member တွေ သင့်ကို အလေးထားအားကိုးနိုင်ဖို့ လိုပါတယ် ။သင်ဟာ သင့် member တွေ လိုအပ်တဲ့ Level မြင့်တဲ့ Troop တွေ လှုဒါန်းနိုင်ဖို့ ၊ Clan War တွေမှာ ဦးဆောင်နိုင်ဖို့အတွက် ကျွမ်းကျင်မှုရှိတဲ့ Leader တစ်ဦးဖြစ်ဖို့ လိုအပ်တာမို့ ဂိမ်းကို များများဆော့ကစားပေးရမှာပါ ။ သင့်ရဲ. အတွေ့အကြုံဟာ တန်ဖိုးရှိတဲ့ ရလဒ်တွေကို ဖန်တီးပေးမှာပါ။
ဒါ့အပြင် သင့် Town Hall ဟာလည်း Level 7 သို့တည်းမဟုတ် 8  လောက် အနည်းဆုံးရှိရပါမယ် ။ ဒီအဆင့်လောက်ရောက်နေမှသာ သင့်ရဲ. Defense ကို အကောင်းဆုံးပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ Barbarian King လို Hero ကောင်မျိုးကိုလည်း ရရှိထားကာမှ သင့် member တွေဟာ သင့်ကို အထင်ကြီး ကြမှာဖြစ်ပါတယ်။
ဘယ်လို အမျိုးအစား Clan မျိုးကို သင်တည်ဆောက်မှာလည်း
COC မှာ အခြေခံအားဖြင့် Clan အမျိုးအစားအားဖြင့် Hardcore, Farming နဲ့ Casual ဆိုပြီး သုံးမျိုးရှိပါတယ် ။ သင့်အနေနဲ့ ဘယ်လိုအမျိုးအစား Clan ကို ဖွဲ့စည်းမှာလည်းဆိုတာ သေချာသုံးသပ်ပြီး အဲ့အတိုင်းပဲ သွားသင့်ပါတယ် ။
Hardcore Clan, ဒီအမျိုးအစား Clan တွေဟာ ဖလား(Trophy) ကို အမြဲတမ်းစုဆောင်းနေတက်ကြပြီး ၊ စစ်ကိုလိုလားတဲ့ Clan တွေပါ ။ ဒီ Clan တွေဟာ အမြဲတမ်း War တိုက်ကြတာမို့ သင့်အနေနဲ့ COC မှာ အချိန်များများ အသုံးပြုရပါမယ် ။
Farming Clan , ဒီအမျိုးအစား Clan တွေဟာ တစ်ခါတစ်ရံမှသာ အပျော်သဘောမျိုး War တိုက်တက်ကြပြီး ၊ သူတို့ဟာ Farm လုပ်ပြီး ကိုယ့် village ကို ဖွံဖြိုးဖို့ပဲ ကြိုးစားကြမှာပါ ။ ဒီ Clan မျိုးမှာကတော့ Farm လုပ်ဖို့ High Level Troops တွေ ရနိုင်ပါတယ်။
Casual Clan , Hardcore နဲ့ Farming ကို နှစ်မျိုးလုံး ပြုလုပ်တဲ့ Hybrid Clan အမျိုးအစားပဲ ဖြစ်ပါတယ် ။
Clan အမည် နှင့် Description
သင့် Clan ကို သင်မသိတဲ့ လူသစ်တွေဝင်ရောက်လာဖို့ကို မျှော်လင့်တယ်ဆိုရင်တော့ သင့် Clan နာမည်ဟာ ဆွဲဆောင်မှုရှိပြီး လူစိတ်ဝင်စားမယ့် နာမည်မျိုး ပေးရပါလိမ့်မယ် ။ လူသစ်တွေ Clan ထဲဝင်ဖို့ ရှာတဲ့အခါမှာ သင့် Clan ဟာ ထိပ်ဆုံးမှာပေါ်ဖို့အတွက် သင့် Clan နာမည်ဟာ လူစိတ်ဝင်စားမှုများတဲ့ နာမည်မျိုးလည်း ဖြစ်သင့်ပါတယ် ။
သင့် Clan ဟာ ဘယ်လို Clan အမျိုးအစား ဖြစ်တယ်ဆိုတာကို Clan description မှာ ဖော်ပြပေးရပါမယ် ။ သင့် Clan ဟာ ဘယ်လိုပုံစံမျိုးကစားမယ့် Clan ဆိုတာကို ရှင်းလင်းဖော်ပြပေးထားသင့်ပါတယ် ၊ ဒါ့အပြင် သင့်Clan ရဲ. စည်းမျဉ်းစည်းကမ်းတွေကိုလည်း ဖော်ပြပေးရပါမယ် ။
လူတိုင်းကို member ဝင်ခွင့်ပေးခြင်းကနေ စတင်ပါ
သင့် Clan စတင်တည်ထောင်ကာစမှ member တွေ ရရှိဖို့ ခဲယဉ်းနိုင်တာမို့ member အဖြစ်ဝင်ရောက်မှု အရည်အချင်းကို မကန့်သတ်သေးပဲ ဝင်လိုသူမှန်သမျှကိုဝင်ခွင့်ပေးရပါမယ် ၊ သင့်အနေနဲ့ ဝင်ရောက်လာတဲ့ member တွေထဲက အရည်အချင်းရှိသူတွေကိုသာ ဆက်လက်လက်ခံထားပြီး ညံဖျင်းပြီး Clan အတွက် အသုံးမဝင်သူဟု ယူဆသူများအား စောင့်ကြည့်လေ့လာပြီး Clan မှ ထုတ်ပယ်ပစ်နိုင်ပါသည် ။ သင့် Clan level မြင့်လာတာနဲ့အမျှ စိတ်ဝင်စားပြီး ဝင်ရောက်သူတွေ ပိုများလာမှာပါ ၊ အဲ့အချိန်အခါကျမှ သင့်အနေနဲ့ Trophy Point အကန့်အသတ်တစ်ခုထားပြီး member လက်ခံတာမျိုးပြုလုပ်နိုင်ပါတယ် ။
တိကျတဲ့ စည်းမျဉ်းစည်းကမ်းများထားရှိ လိုက်နာစေပါ
သင့်အနေနဲ့ တကယ့်ကို အောင်မြင်တဲ့ Clan တစ်ခုကို တည်ထောင်နိုင်ဖို့ဆိုရင် စည်းကမ်းဟာ အလွန်ရေးကြီးပါတယ် ။ သင်ချမှတ်တဲ့ စည်းကမ်းကို မလိုက်နာပါက မလိုက်နာသူအား သတိပေးမှုပြုလုပ်ပြီး နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက Clan မှ ထုတ်ပယ်သင့်ပါတယ် ။
စည်းမျဉ်းဥပမာ (၁) member အချင်းချင်း လေးစားသမှုရှိရန်
စည်းမျဉ်းဥပမာ (၂) War Attack ကို မည်ကဲ့သို့ အသုံးပြုရမည် စသဖြင့် သင်လိုအပ်သလို စည်းမျဉ်းဥပမာများ ထုတ်နိုင်ပါသည်။
Defense ကို အခိုင်အမာတည်ဆောက်ပါ
အရည်အချင်းရှိတဲ့ Clan တစ်ခုရဲ. အဓိက အရည်အချင်းတစ်ရပ်ကတော့ ကောင်းမွန်တဲ့ Defense ကို တည်ဆောက်ထားနိုင်ဖို့ပါ ။ storage တွေကို ကောင်းကောင်းကာကွယ်နိုင်ဖို့ ခံတပ်ကိုတည်ဆောက်သင့်ပါတယ် ။ သင့် Town Hall အနီးမှာ Mortars ကိုထားရှိပြီး အပြင်ဖက်နောက်တစ်ဆင့်မှာ Cannons တွေကို ထားရှိသင့်ပါတယ် ။ သင့်အနေနဲ့ သင့် Defense ကို အကောင်းဆုံးဖြစ်နိုင်ရန် လိုအပ်သလို ပြင်ဆင်နိုင်ပါသည်။
သင့် member တွေကို မှန်ကန်စွာ ရာထူးတိုးမြှင့်ပေးပါ
သင့် Clan Member တွေဟာ Clan မှာနေတာကြာတဲ့အခါ သဘာဝအတိုင်းပဲ ငြီးငွေ့မှုကို ဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့်မို့ သင့်အနေနဲ့ သင့် Clan မှာ တစ်လလောက် ကစားနေပြီး active ဖြစ်တဲ့ member မျိုးကို elders rank ကို ပေးသင့်ပါတယ် ။ co-leader ရာထူးကိုတော့ active ဖြစ်ပြီး အမှန်တကယ် စိတ်ချရတဲ့ လူမျိုးကိုသာ ပေးသင့်ပါတယ် ။
Clan Rank တွေကို အလွယ်တကူမပေးမိပါစေနှင့် ၊ အထူးသဖြင့် co-leader သည် member များကို kick out လုပ်နိုင်သဖြင့် သင့်နှင့်အပြင်မှာပါ ရင်းနှီးသော လူမျိုးကိုသာ ပေးသင့်ပါသည်။
Troop Donation အစီအစဉ်ကို ပြုလုပ်ပေးပါ
သင့်အနေနဲ့ member တွေကို တစ်ပတ်လျှင် ဘယ်လောက်လှူဒါန်းဖို့ သတ်မှတ်ပေးတာမျိုး သို့တည်းမဟုတ် member တစ်ဦးအနေဖြင့် သူလက်ခံရယူသော Troop အတိုင်းအတာနှင့် လိုက်လျှော်ညီထွေစွာ ပြန်လည်လှူဒါန်းရန် စည်းကမ်းမျိုး ထားသင့်ပါသည်။
Clan Wars တွေကို နိုင်အောင် ကစားပါ
အောင်မြင်တဲ့ Clan တစ်ခုဖြစ်ဖို့ အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုကတော့ Clan Leader ဖြစ်တဲ့ သင်ဟာ Clan Wars ကို အကောင်းမွန်ဆုံး စီမံညွှန်ကြား တိုက်ဖိုက်နိုင်ဖို့ပါပဲ ။ သင့် Clan ဟာ War မှာ မကြာခဏ ရှုံးနိမ့်နေမယ်ဆိုရင်တော့ များစွာသော member တွေဟာ သင့် Clan ကနေ ထွက်ခွာပြီး အခြား Clan ကို ရောက်သွားကြမှာပါပဲ ။ သင်ဟာ Clan Member စည်းလုံးညီညွတ်စွာနဲ့ Wars တိုက်နိုင်ဖို့ ဦးဆောင်မှုပေးနိုင်ရပါမယ်။