ညဟာ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အရွတ်စိမ်းစိမ်းတွေ ပျောက်လုမတက် ဖွေးနေအောင် ပွင့်နေတဲ့ စံပါယ်ခြုံနားမှာ ရပ်ရင်း မီးလင်းနေတဲ့ ငယ်အခန်းကို ငေးကြည့်နေမိတယ်။ ညလေပြေက တဖြည်းဖြည်း တိုက်နေတယ်။ ခပ်သင်းသင်းမွှေးနေတဲ့ စံပါယ် ရနံ့တွေနဲ့အတူ့ ငယ်နဲ့ ကျွန်တော် fb သုံးရင်း လိုင်းပေါ်မှာစတင်ခင်ခဲ့တယ်။ ငယ်နာမည်က လွမ်းရိပ်ငယ်တဲ့။ ငယ်လို့ ကျွန်တော် ခေါ်ခဲ့တယ်။ ကျွန်တော် နာမည်က ရဲလင်းနိုင်။ ငယ်က ကျွန်တော်ကို နိုင်လို့ခေါ်တယ်။ ကျွန်တော်က တောင်ငူမှာနေပြီး ငယ်က မြစ်ကြီးနားမှာ နေတယ်။ အပြင်မှာဆို ကျွန်တော်တို့ တွေ့ဆုံ ခင်မင်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကို ရေစက်လို့ ကျွန်တော် ထင်တယ်။ စကားတွေ ပြောဖြစ်ကြရင်းနဲ့ ကျွန်တော်နဲ့ ငယ်မှာ တူညီတာတွေ တော်တော် များမှန်းသိခဲ့ရတယ်။ ဥပမာ သွေးအုပ်စုတူတာ။ မတည့်တဲ့ အစားအစာချင်း တူတာမျိုး။ ပြီးတော့ ငယ်က ကဗျာတွေ ကိုချစ်တယ်။ ကျွန်တော်က ကဗျာတွေ ဖွဲ့တယ်။ ကျွန်တော်တို့ စိတ်တွေ ပိုရင်းနှီးခဲ့ကြတယ်။ ကျွန်တော်နဲ့ ငယ်ကြားမှာ ထူးဆန်းတဲ့ စိတ်ချင်း ဆက်သွယ်မှု တစ်ခုဖြစ်ခဲ့တယ်။ တစ်ညမှာ ကျွန်တော် အိပ်နေရင်း ညနှစ်ချက်တီးသာသာမှာ လန့်နိုးလာတယ်။ အိပ်မက်ထဲမှာ ငယ်ငိုနေတယ်။ ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်တယ်။ လိုင်းကို ဖွင့်လိုက်တယ်။ ငယ်ရဲ့ acc မီးလေး စိမ်းလာတာကို တွေ့ရတယ်။ ကျွန်တော် စာပို့လိုက်တယ်။ ငယ်မအိပ်သေးဘူးလားလို့။ အဲဒီညမှာ ကျွန်တော် မသိလိုက်တဲ့ ငယ်ဘဝရဲ့ အကြောင်းအရာ တစ်ချို့ကို သိခဲ့ရတယ်။ ငယ်မှာ ရည်မှန်းထားတဲ့လူ ရှိမှန်း သိလိုက်ရပြီ ကျွန်တော် ငယ်ကို ချစ်နေခဲ့ပြီးမှန်းလည်း သိလိုက်ရတယ်။ ငယ်ကို ကျွန်တော် မမြင်ဘူးပဲနဲ့ပေါ့။ ငယ်ကို နှစ်သိမ့်ရင်း ငယ်နဲ့ အတူ ကျွန်တော် ငိုနေခဲ့တာ ငယ်မသိဘူး။ ငယ်ကတော့ ကျွန်တော်ကို အစ်ကို တစ်ယောက်လို အရင်ကထက် ပိုတွယ်တာလာခဲ့တယ်။ ကျွန်တော် ကတော့ ကျွန်တော်ကတော့ ဒါပေမယ့် ကျွန်တော်ရဲ့ ခံစားချက်တွေကို ငယ်ရဲ့ ကျွန်တော် အပေါ်ထားတဲ့ ယုံကြည် ကိုးစားမှုတွေ မပျက်စီးစေဖို့ စောင့်ထိန်းခဲ့ပါတယ်။ ငယ်ကို စိတ်မညစ်စေချင်ခဲ့ဘူး။ သူလို အပ်ချိန်တိုင်း ကျွန်တော်ရဲ့ ရင်ဘက်ကို အမြဲငှားခဲ့ပါတယ်။ မှတ်မှတ်ရရ ငယ် ကျွန်တော်ရဲ့ နှစ်ဆယ့် သုံးနှစ်ပြည့် မွေးနေ့မှာ လက်ဆောင်ပို့ခဲ့တယ်။ ကျွန်တော် နာမည် အတိုကောက် ရေးထားတဲ့ ဆွဲပြားလေးနဲ့ ဆွဲကြိုးလေးပေါ့။ ငယ်နဲ့ ကျွန်တော် ဓာတ်ပုံတွေလည်း လဲပို့ခဲ့ကြတယ်။ မမြင်ဘူးခင်ထဲက ချစ်ခဲ့မိတဲ့ ကျွန်တော် ငယ်ဓာတ်ပုံကို မြင်တော့ ပိုမြတ်နိုးခဲ့မိတယ်။ ငယ်ကတော့ မသိနိုင်ဘူးလေ။ ဒီလိုနဲ့ ခံစားချက်တွေကို ထိန်းချုပ်ရင်း သုံးနှစ်ဆိုတဲ့ အချိန်ကို ကျော်ဖြတ်ခဲ့တယ်။ သဘောင်္ လိုက်နေတဲ့ ငယ်ရည်ရွယ် သူလည်း ပြန်လာကာနီးပြီးပေါ့ ။ အဲဒီအချိန်မှာ ငယ်တို့ မြို့မှာ လူသတ်မှုတွေ ဖြစ်လာတယ်။ စိတ္တဇဓားသမားဟာ မိန်းကလေးတွေကို ပစ်မှတ်ထား လူသတ်လာတယ်လေ။ ညရှစ်နာရီမှ အလုပ်ဆင်းရတဲ့ ငယ် အတွက် ကျွန်တော် စိတ်ပူလာခဲ့တယ်။ ငယ်ဆီကနေ ဘယ်တုန်းကမှ တောင်းယူဖို့ မစဉ်းစားခဲ့တဲ့ ငယ်ဖုန်းနံပါတ်ကို တောင်းခဲ့တယ်။ ငယ်အလုပ်ဆင်းလို့ အိမ်ပြန်ချိန် ညတိုင်း ဖုန်းဆက်ခဲ့တယ်။ ဒီလောက် စိတ်ပူစရာမလိုပါဘူးလို ငယ်ပြောပေမယ့် ကျွန်တော်ကတော့ စိတ်ပူနေမိတယ်။ သတိဆိုတာ ပိုတယ်မရှိဘူးငယ်လို့ ကျွန်တော်ပြောခဲ့တယ်။ လူသတ်သမားက မိန်းကလေး သုံးယောက်ကို သတ်ခဲ့ပြီး ပြီလေ ခုထိမှ မမိသေးတာ။ အဲဒီနေ့က ဒီဇင်ဘာ ၆ ရက်နေ့။ ညရှစ်နာရီ ထိုးတော့မယ်။ ဧည့်သည်ကို လိုက်ပို့ပြီး တော့ ကျွန်တော် ငယ်ဆီ ဖုန်းခေါ်လိုက်တယ်။ ကျွန်တော် ကဆိုင်ကယ် ကယ်ရီဆွဲနေတဲ့သူလေ။ ဖုန်းက ငယ်ဆီ ချက်ခြင်းမဝင်ဘူး။ လေးခါ ဆက်တိုက် ခေါ်လိုက်မှ ဝင်သွားတယ်။ ကျွန်တော် စိတ်ထင်သွားတယ်။ ဖုန်းဝင်သွားတာနဲ့ ငယ် ဘာဖြစ်နေတာလည်း။ ဘာမှ မဖြစ်ပါဘူး ။ ဒီဘက်မှာ အခါ မဟုတ် မိုးနည်းနည်း ရွာနေလို လိုင်းမမိတာပါတဲ့။ ဆိုင်ကယ်ကို မောင်းထွတ်လာခဲ့တယ်။ ငယ်နဲ့စကားပြောရင်းပေါ့။့။့ ငယ် ဘာဖြစ်နေတာလည်း။ နိုင်ရဲ့ စိုးရိပ်တကြီးမေးသံကြောင့် ငယ်ရယ်လိုက်မိတယ်။ ဘာမှ မဖြစ်ပါဘူး။ ဒီမှာ မိုးနည်းနည်း ရွာနေလို့ လိုင်းမမိတာပါ နိုင်ရယ်။ ဟုတ်လားငယ်။ ငယ်တို့လမ်းထဲ ရောက်ပြီလား။ ရောက်ပြီနိုင်။ ပတ်ဝန်းကျင်ကို သေချာဂရုစိုက်နော် လူပြတ်တယ်မဟုတ်လား။ နေ့တိုင်းပြောနေကြ မရိုးနိုင်တဲ့စကားကို နိုင်ကပြောတယ်။ ငယ်လည်း ဖြေနေကြအတိုင်း အေးပါ သိပ်စိတ်မပူပါနဲ့ နိုင်။ လို့ဖြေရင်း စကားတစ်ပြောပြောနဲ့ လျှောက်လာခဲ့တယ်။ ငယ်တို့အိမ် မရောက်ခင် လမ်းကွေ့လေးမှာ ဝုန်း ဆိုတဲ့ အသံနဲ့ ရှုပ်ထွေးဆူညံ့သံတွေကို ဖုန်းထဲကနေ ငယ် ကြားလိုက်ရတယ်။ နိုင့် ငယ်ခေါ်လိုက်မိတယ်။ တပြိုင်နက်မှာပဲ ငယ်လက်ထဲက ဖုန်းကို တစ်စုံ တစ်ယောက်က ပုတ်ချလိုက်တယ်။ ဖုန်း မြေပေါ် လွှတ်ကြသွားပြီး ငယ် လူတစ်ယောက်ရဲ့ ချုပ်ကိုင်မှုကို ခံလိုက်ရတယ်။ လည်းပင်းကို ချွန်ုမြတဲ့ အရာတစ်ခုနဲ့ ထောက်ထားခြင်းခံထားရတယ်။ ငယ်သိလိုက်ပြီ ငယ်တို့ မြို့မှာ နာမည်ကြီးနေတဲ့ စိတ္တဇ လူသတ်သမား လက်ထဲ ငယ်ရောက်နေပြီဆိုတာ။ ကျသွားတဲ့ ဖုန်းလေးကို အားကိုးတကြီး ကြည့်ရင်း ငယ်ကို ကယ်ပါ နိုင်ရယ်လို့ ပြောနေမိတယ်။ လူသတ်သမားက ငယ်ကို ခြုံထဲ ဆွဲသွင်းဖို့ ကြိုးစားတယ်။ ငယ်ရုန်းဖို့ ကြိုးစားတိုင်း ဓားက လည်ပင်းကို တိုးနစ်လာတယ်။ သွေးစက်အချို့ ပုခုံးပေါ် စီးကြလာတယ်။ ဒီလိုနဲ့ ငယ် ဘဝဆုံးရတော့ မှာလား နိုင်ရေ။ ဖောင်း လူသတ်သမားကို မဲမဲအရိပ်တစ်ခုကနောက်က ရိုက်လိုက်တယ်။ အရှိန်နဲ့ လူသတ်သမား ဟန်ချက်ပျက်သွားပြီး ငယ်ကို ထောက်ထားတဲ့ ဓားလွှတ်သွားတယ်။ လူသတ်သမားနဲ့ အဲ့အရိပ် လုံးထွေး သတ်ပုတ်နေတုန်း ငယ်နေရာက ပြေးထွတ်လာခဲ့တယ်။ အကူညီတောင်းဖို့ပေါ့။ ကယ်ကြပါ့အုံး။ ငယ်အသံက တိတ်ဆိတ်နေတဲ့ လမ်းကလေးကို လွှမ်းသွားတယ်။ ဓမ္မာရုံထဲက လူတွေ ပြေးထွတ်လာကြတယ်။ အခင်းဖြစ်တဲ့ နေရာရောင်တော့ လူသတ်သမားဟာ လမ်းဘေးမှာလဲနေတယ်။ ငယ်ကို ကူညီတဲ့ အရိပ်လူကို မတွေ့တော့ဘူး။ လူသတ်သမားကို ဖမ်းတုပ်နှောင် ခေါ်သွားကြတယ်။ မြေကြီးပေါ်မှာ ကျကျန်နေတဲ့ တစ်စုံတစ်ရာကို ငယ် ကောက်ယူလိုက်တယ်။ ဆွဲကြိုးလေး။ တုန်ယင်နေတဲ့ လက်တွေနဲ့ ဆွဲကြိုးလေးက လောကပ်သီးလေးကို ငယ်ကြည့်လိုက်တယ်။ Y L N စာတန်းလေး မမှားနိုင်ဘူး ဒါ ငယ် နိုင်ကို မွေးနေ့ လက်ဆောင် အဖြစ် ပေးပို့ခဲ့တဲ့ ဆွဲကြိုးလေး။ နိုင့် ငယ်အော်ခေါ် လိုက်မိတယ်။ လူတွေ ငယ်ကို နားမလည်သလို ကြည့်တယ်။ ငယ်ဂရုမစိုက်နိုင်ဘူး။ နိုင့် နိုင့် တဖွဲ ဖွဲ ကြနေခဲ့တဲ့ မိုးစက်တွေ ခပ်ကြမ်းကြမ်း ကျလာတယ်။ ဖုန်းလေးကို ခေါ်လိုက်တယ်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည့့် ညဟာ တိတ်ဆိတ်နေတယ်။ ပြတင်း တံခါးမှာ ရပ်ရင်း ငယ်ခြံထဲကြည့်မိတယ်။ သိမှတ်မဲ့စွာ ငယ်ခြံထဲ ဆင်းလာမိတယ်။ စံပါယ်ရုံနားမှာ ရပ်လိုက်မိတယ်။ ညလေပြေက တဖြည်းဖြည်းတိုက်တယ်။ စံပါယ် ရနံ့တွေကလည်း သင်းလို့။ ငယ်။ နိုင် နိုင် ဘာမှ မဖြစ်ဘူးနော်။ အင်း ငါဘာမှ မဖြစ်ပါဘူး။ ငယ် နိုင်ကို စိတ်ပူနေတာ ဘယ်လိုလုပ် အဲဒီကို ရောက်လာတာလည်း။ ခုရော ဘယ်လိုရောက်နေတာလည်း။ တရပ်ဆက်မေးနေတဲ့ ငယ်အမေးတွေကို သူမဖြေ သေးပဲ ငယ်ကိုပဲ ငေးနေတယ်။ ငယ့့်။ သူ ငယ်ကို ကြည့်ရင်း စို့စို့ နစ်နစ်ခေါ်တယ်။ ငယ်ကို ပြောစရာရှိတယ်။ ငယ် အလျှင်အမြန်ပဲ ပြောလိုက် တားလိုက်မိတယ် မပြောပါနဲ့ နိုင်။ အချို့စကားတွေက မပြောတာပဲကောင်းတယ်။ ငယ် ငါ ဘာပြောမယ်ဆိုတာ ငယ်သိနေလို့လား။ နိုင်ကို ငယ်ငေးကြည့်မိတယ်။ ခေါင်းကို ခပ်ဖြေးဖြေး ငြိမ့်လိုက်မိတယ်။ သူပြုံးတယ် နာကြင်မှုတွေ ဆွတ်နေတဲ့အပြုံး။ အိုကေ ငါ မပြောတော့ပါဘူးငယ်။ ငယ် ပျော်နေတာပဲ အမြဲ မြင်ချင်ခဲ့တယ်ဆိုတ်ာယုံပါ။ ငယ် ဘဝ အေးချမ်းပါစေ နိုင်ဆုတောင်းပေးပါတယ်ငယ် ။ ငယ် အလိုအပ်ဆုံး အချိန်မှာ နိုင် အရောက် လာပေးခဲ့ပါတယ်။ ခု နိုင် ငယ့် နားမှာမနေပေးနိုင်တော့ဘူး။ ဘာလိုလည်း နိုင် ဘာလို့လည်း။ ငယ်အမေးကို နိုင် မဖြေဘူး။ နိုင် ပြုံးတယ် ပြုံးတယ် ငယ်ကို စူးစူးနစ်နစ် ငေးရင်း နာကြင်မှုဆွတ်နေတဲ့ အပြုံးတွေ နဲ့ ။ ပြီးတော့  နိုင်မျက်ဝန်းတွေက မျက်ရည်တွေကျလာတယ်။ နိုင့် ငယ်မြင်နေတဲ့ နိုင် အရိပ်က တဖြည်းဖြည်း ဝါးလာတယ် ။ နိုင်ရဲ့ မျက်ရည် တစ်စက် က ပါးပေါ်ကနေ လိမ့်ဆင်းလာတယ်။ အမှတ်မဲ့စွာ မျက်ရည်စက်လေး မြေပေါ် မကျခင် ငယ် လက်ဖဝါးလေးနဲ့ ဖမ်းခံလိုက်မိတယ်။ မျက်ရည်စက်လေး ငယ်လက်ဖဝါးပေါ် အကျ နိုင် ငယ် ရှေ့က လုံးဝပျောက်သွားတယ်။ နိုင့့် သမီး ထတော့ ။ ငယ် မေမေရဲ့ နိုးသံကြောင့် ငယ်နိုးလာတယ်။ စောနက ငယ် အိပ်မက် မက်နေတာပေါ့။ ဒီနေ့ ငယ် လက်ထက်တော့မယ့်နေ့ ။ ငယ် မင်္ဂလာ ဧည့်ခံပွဲကို နိုင် လာမှာပါ ။ တက်ကြွသွားတဲ့ စိတ်နဲ့ ငယ် အလှဆုံး သတိုးသမီးလေးအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေပြီလေ။ လှပတဲ့ သတိုးသမီးလေးကို ငေးရင်း နိုင်ပြုံးလိုက်တယ်။ သတိုးသမီးလေးကလည်း နိုင်ကို အတောက်ပဆုံး အလှဆုံး အပြုံးကို ပြုံးပြတယ်။ ကတိတိုင်း ငါ လာခဲ့ပါတယ်ငယ်။ ခန္ဓာကိုယ် မရှိတဲ့ ဝိညာည် ဘဝနဲ့တောင် နိုင် လာခဲ့ပါတယ်။ ပျော်ပါစေငယ်။  နိုင် နှလုံးသားနဲ့ရင်း ဆုတောင်းပေးပါတယ်။ အခင်းမဖြစ်ခင် ငယ်ကြားခဲ့တဲ့ ဝုန်းဆိုတဲ့ အသံဟာ  နိုင်ဆိုင်ကယ်ကို ကုန်တင် ကားကြီးက ဖြတ်တိုက်ခဲ့တဲ့ အသံမှန်း ငယ်သိခဲ့ရင်။ အဲဒီနေရာမှာပဲ နိုင်သေဆုံးခဲ့မှန်း ငယ်သိခဲ့ရင်။ ဝိညာည်ဘဝနဲ့ ငယ်ကို ကယ်ခဲ့မှန်းငယ်သိခဲ့ရင်။ သတိုးသမီးလေးပြုံးနေမှာလား။ အချို့စကားတွေဟာ မပြောလည်းသိနိုင်ပါတယ်။ ပြီးတော့ တစ်ခါတစ်လေ မသိတာကသိတာထက်ပိုကောင်းပါတယ်။ နောက်ဆုံးချိန်ထိ ချစ်သွားတဲ့ လူတစ်ယောက်ရဲ့  နှလုံးသားနဲ့ မျက်ရည်စက်တွေကတော့။ ပြီးပါပြီ။ ဆူးပန်းခိုင် Credit - Thandar Myint Oo